From : http://www.oppositeyes.info/2013/01/blog-post_8814.html
www.MyanmarExpress.net
ဇန်န၀ါရီလ ၂၉ ရက် ညနေ ၇ နာရီ ၂၀ ခန့်တွင် မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ
အနီး မြန်မာ့တပ်မေ တ်ာနှင့် ကေအိုင်အေ တို့ တိုက်ပွဲ ၁၅ မိနစ်ခန့်
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် ကေအိုင်အေများမှ လူနေအိမ်ကို အကာအကွယ်ပြု
တိုက်ခိုက်သဖြင့် ပြန်လည် ပစ်ခတ် ရာ လက် နက်ကြီး ထိမှန်မှုကြောင့် နေ အိမ်
ပေါ်ရှိ အသက် ၂၅ နှစ်အရွယ် မိခင်နှင့် အသက် ၈ နှစ် အရွယ် ကေ လး တို့
သေဆုံးခဲ့ကြောင်း သိရသည်။ ကေအိုင်အေများ လူနေအိမ်ကို အသုံးပြု
တိုက်ခိုက်သဖြင့် ပြန်လ ည် ပစ်ခတ်ရာ လက်နက်ကြီး ထိမှန်မှုကြောင့် နေ အိမ်
ပေါ်ရှိ အသက် ၂၅ နှစ်အရွယ် မိခင်နှင့် အ သက် ၈ နှစ် အရွယ် ကလေးတို့
သေဆုံးခဲ့သည့် ဓာတ်ပုံ ဖြစ်သည်။
အပြစ်မဲ့ သေဆုံးရသည့် မိခင်နှင့် ကလေးငယ်
အထက်ပါ ၁၅ မိနစ်
တိုက်ပွဲအား ကေအိုင်အေတို့ ရွာတွင်းမှ ပစ်ခတ်မှုကို မဖော်ပြ၊ အမျိုးသား
ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည် ဆိုသည့်
အထောက်အထားဖြင့် ၁ နာရီကျော် အမြောက်ကြီးများဖြင့် ပစ်ကြောင်း
ဧရာဝတီမှ ဖော်ပြခဲ့သည်။
ဧရာဝတီသတင်းဌာနနှင့် ကေအိုင်အေသည် ပြီးခဲ့သည့်
ရက်ပိုင်းအတွင်း လိုင်ဇာအနီး ကျေးရွာသို့ လက် နက် ကြီးဖြင့် ပြန်ပစ်ကာ
တပ်မတော်မှ ပစ်သယောင် ဓာတ်ပုံများ ထုတ်လွှင့်ခဲ့သော်လည်း လိမ်ညာ လှည့် စား
သည့် အနေအထားများ ပေါ်ခဲ့ရဖူးသည်။ ယခုလည်း အပြစ်မဲ့ အ ရပ်သားများအား
ပစ်ခတ်ပါ သည် ဆိုသော ဓာတ်ပုံတစ်ခုအတွက် လူနေအိမ်များကို အသုံးပြု
တိုက်ခိုက်ခြင်းပင် ဖြစ်သည်။
ဒီတိုက်ပွဲပြီးတဲ့အခါ ကစားစရာ ဘောလုံးလေးနဲ့ ဆော့ကစားမယ့် ကလေးငယ်…
ဒီတိုက်ပွဲပြီးတဲ့အခါ သားငယ်တွေအတွက် စားစရာ ချက်ပြုတ်ပေးမယ့် မိခင်..
မင်းတို့တွေ ၀င်လာပြီး လက်နက်တွေ အိမ်ဘေးချ.. မလုပ်ကြပါနဲ့လို့ သူတို့ ဘယ်လိုပြောမလဲ…
ဝါဒဖြန့် ဓာတ်ပုံတစ်ခုရဖို့အတွက် … ကိုယ့်ပြည်သူကို အကာအကွယ်လုပ် ..
တပ်မတော်ကို ဟန်လုပ်တိုက်တဲ့ မင်းတို့ရဲ့ ၁၅ မိနစ်တိုက်ပွဲ စစ်ဗျူဟာက ရက်စက်လွန်းပါတယ်..
သေသွားတဲ့ သူတို့ ပုံရိပ်တွေကို ကြည့်…
မင်းတို့ပြောတဲ့ ဖယ်ဒရယ် …သူတို့ဘ၀တွေကို ကယ်နိုင်ရဲ့လား..
မင်းတို့တွေ ပြောတဲ့ မီဒီယာ ..သူတို့ရဲ့ဘ၀တွေကို စာနာနိုင်ရဲ့လား..
ဖုန်မရှုနိုင်တဲ့ နှာခေါင်းနဲ့ စစ်တိုက်တဲ့ မင်းတို့မှာ ကောင်းတာ ဘာတစ်ခုမှ မရှိဘူကွ..
www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်