Subscribe to our RSS Feed

အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပရမည်ဟု သိရ

From :popular

မြန်မာနိုင်ငံအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အာဆီယံ လူထုဖိုရမ် (သို့) အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံ
( ASEAN People Forum/ ASEAN Civil Society Conference) ကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပရမည်ဖြစ်ကြောင်းသိရသည်။

ယင်းသို့ကျင်းပနိုင်ရန် မြန်မာအရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားသော မြန်မာလူထုညီလာခံ လုပ်ငန်းအဖွဲ့ (Myanmar People Forum Working Group) မှ ဦးစီးကာ အာဆီယံဗဟုသုတဆိုင်ရာ သင်တန်းကို ဖေဖေါ်ဝါရီ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ရန်ကုန်မြို့၊ MiCasa Hotel တွင်ကျင်းပလျှက်ရှိကြောင်းသိရသည်။

ယင်းဖိုရမ်အား ၂၀၁၄ ခုနှစ်အတွက် အာဆီယံ
ဥက္ကဌ တာဝန် ရယူရမည့် မြန်မာနိုင်ငံ၏ အာဆီယံဆက်ဆံမှုရေးရာများကို လေ့လာသိရှိနိုင်ရန်
ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

NLA


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်