From : mrtv4
www.MyanmarExpress.net
မြန်မာနိုင်ငံ
စာစစ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ပညာရေး ၀န်ကြီးဌာန
အနေဲ့ ကျန်းမာရေး ဦးစီး ဌာနနဲ့ ကြိုတင် ညှိနှိုင်း ထားချက် အရ
ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆေးရုံ စာဖြေဌာန သုံးခု ဖွင့်ဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်မှုဟာ လာမယ့် မတ်လ ၁၃ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ကျင်းပမယ့် တက္ကသိုလ် စာမေးပွဲမှာ အကြောင်း အမျိုးမျိုးကြောင့် ဆေးရုံများမှာ ဖြေဆိုရမယ့် ကျောင်းသား၊ ကျောင်းသူတွေ အတွက် ဆေးရုံစာဖြေ ဌာနတွေကို ထားရှိ သွားမှာ ဖြစ်ပါတယ်။
ယခုလက်ရှိမှာ အဲ့လို သတ်မှတ် ထားတဲ့ ဆေးရုံစာဖြေ ဌာန ၃ ခုအနေ နဲ့တော့ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံကြီးနဲ့ ဝေဘာဂီ အထူးကု ဆေးရုံကြီး တို့မှာ ဖွင့်လှစ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဆေးရုံစာဖြေ ဌာနများ ထားရှိမှုဟာ တက္ကသိုလ်ဝင် စာမေးပွဲ အတွင်း ဆေးရုံ တက်ရောက်ပြီး ဆေးဝါး ကုသမှု ခံယူနေကြရတဲ့ ကျောင်းသား၊ ကျောင်းသူများ နစ်နစ်မှု မရှိစေဖို့ အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ဖြေဆို ခွင့်ပြုမယ့် ဆေးရုံစာဖြေ ဌာန ၃ ခု မှာတော့ ဆေးလူမှု ဆက်ဆံရေး အရာရှိများ အထူး တာဝန်ချ ထားပြီး အကြောင်း အမျိုးမျိုးကြောင့် ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူ အတွင်းလူနာများ အနေနဲ့ မိမိဖြေဆိုမယ့် အကြောင်းကို အဆိုပါ ဆေးလူမှု ဆက်ဆံရေး အရာရှိများနဲ့ ဆက်သွယ် ဆောင်ရွက် နိုင်တယ်လို့ သိရှိရပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်