Subscribe to our RSS Feed

ဆက်သွယ်ရေး ၀န်ကြီးအဖြစ် လေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်း ကို ခန့်အပ်ရန် စီစဉ်

From : oppositeyes

လစ်လပ်လျက်ရှိသော ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ခန့်အပ် တာဝန်ပေးနိုင်ရန်နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို စစ်ဘက် ရာထူး ပြန်လည် ထမ်းဆောင် ရန်နှ င့် နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီးနေရာကို ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဖြင့် အစားထိုး တာဝန်ပေးရန် နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော် သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ 
 မပြောင်းစေချင်သော်လည်း ကန့်ကွက်၍ မရသော လေချုပ် ဗိုလ်ချုပ်ကြီး မြတ်ဟိန်း
========================================
နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်များ အောင်မြင်စေရန် အတွက် တပ်မတော် အတွင်းမှ သမ္မတကြီး ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌ ကြီးများ၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌများ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌများ ၊ ၀န်ကြီးများ ရာထူးတို့အတွက် တပ်မတော်၏ ခေါင်းဆောင်ပိုင်းမှ ထူးချွန်ထက်မြက်သူများစွာ တာဝန်ထမ်းဆောင်စေခဲ့သည်။

ယခုတစ်ဖန် ဗိုလ်ချုပ်ကြီး မြတ်ဟိန်းအား ဆက်သွယ်ရေး ၀န်ကြီး အဖြစ် ခန့်အပ်မည်ဟု သ၀ဏ်လွှာ ပေးပို့ သည်ကို ကြားသိရသော တပ်မတော် အသိုင်းအ၀ိုင်းမှ အလွန် စိတ်မကောင်း ဖြစ်လျှက်ရှိကြောင်း သိရသည်။
လေတပ် အသိုင်းအ၀ိုင်း တစ်ဦး၏ ဇနီးမှ သူဟာ သိပ်ကို သဘောထားပြည့်ဝတယ်၊ သူ့ဇနီးကောပဲ။ နှစ်ယောက်စလုံးဟာ လူကြီးလူကောင်း အရမ်းပီသတယ်။ ပုဂ္ဂိုလ်ရေး အရရော၊ လုပ်ဆောင်ချက်တွေကြောင့်ပါ သူ့ကို လေတပ်ထဲမှာပဲ လေချုပ်အဖြစ် ဆက်ရှိစေချင်တယ်ဟု ပြောပြခဲ့သည်။

အရာရှိ အချို့မှ လေချုပ်ကြီးသည် မြန်မာ့တပ်မတော်(လေ)၏ အခန်းကဏ္ဍကို မြင့်တင်ပေးခဲ့ကြောင်း၊ နိုင်ငံတကာ နှင့် ရင်ဘောင်တန်းနိုင်စေရန် အတွက် ပြုပြင်ပြောင်းလဲမှု များလုပ်ခဲ့ကြောင်း၊ ခေတ်ကို မျက်ချည် မပြတ်သကဲ့သို့ အတွေးအခေါ်ပိုင်းလည်း ထူးချွန်သူဖြစ်ကြောင်း၊ သူလို လူမျိုးအား မြန်မာ့တပ်မတော်မှ အထူး လိုအပ်ကြောင်း တို့ကို အသီးသီးပြောဆိုကြသည်။

. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်