Subscribe to our RSS Feed

အညတြသူရဲကောင်း မီးသတ်တစ်ဦး ရေမြူပ်စက်ရုံမီးငြိမ်းသတ်စဉ် ဒဏ်ရာရ

From :myanma age


ရန်ကုန်မြို့၊ ရွှေပေါက်ကံစက်မှုဇုံ၊ ကနောင်(၁)လမ်းရှိ ရေမြူပ်စက်ရုံ
မီးလောင်မှုဖြစ်ပွားရာ မီးသတ်တစ်ဦး ဒဏ်ရရှိ၍ စက်ရုံရှိ ပစ္စည်းအားလုံး
ဆုံးရှုံးသွားကြောင်းမြောက်ဥက္ကလာပမှ မီးသတ်အရာရှိ တစ်ဦးက
ပြောကြားသည်။

ယင်းစက်ရုံတွင် အလုပ်သမားများ ရှိနေသော်လည်း ရေမြုပ်ဖြတ်စများ
အပူရှိန်လွန်ကဲ၍ ရုတ်တရက် မီးထလောင်ခြင်း ဖြစ်ကြောင်း မန်နေဂျာ ဦးရှာလာဝိုင်းက ပြောကြားသည်။

ထိုလောင်ကြွမ်းမှုကြောင့် ဆယ်သိန်းကျော်တန်သော မော်တာသုံးလုံး အပါအဝင် ရေမြုပ်ပစ္စည်းအားလုံး ဆုံးရှုံးသွားကြောင်း မီးသတ်ဌာနမှ လက်ရှိကောက်ယူထားသော စာရင်းများအရ သိရသည်။ ထို့ပြင် မြောက်
ဥက္ကလာပ မီးသတ်ဌာနမှ တပ်ကြပ်ကြီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း မီးသတ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

မီးလောင်ကြွမ်းမှုသည် မိနစ်နှစ်ဆယ်ကျော်သာ အချိန်ကြာမြင့်သော်လည်း
စက်ရုံရှိ ပစ္စည်းအားလုံး ဆုံးရှုံးသွားကြောင်း စက်ရုံဝန်ထမ်းများက ပြောကြားသည်။

ထိုသို့ မီးလောင်မှုများသည် ရန်ကုန်မြို့၌ တနင်္ဂနွေနေ့မှ ယနေ့အထိ သုံးရက်တွင်
လေးကြိမ်လောင်ကြွမ်းခြင်း ဖြစ်သည်။ တနင်္ဂနွေနေ့တွင် လှိုင်သာယာ ဗိုလ်ချုပ် လမ်း၌တစ်ကြိမ်၊ မြရိပ်ညို(၆)လမ်းတွင် တစ်ကြိမ်၊ လှိုင်မြစ်ကမ်းနားရှိ မြဝတီ
ထရိတ်ဒင်း ဆိပ်ခံဗောတံတား၌ တစ်ကြိမ်၊ ယခုရွှေပေါက်ကံ စက်မှုဇုံရှိ ရေမြှုပ် စက်ရုံ၌တစ်ကြိမ် လောင်ကြွမ်းခြင်းတို့ဖြစ်ြကသည်။

ဇင်ပိုင်ဌေး၊ အောင်သိုက်


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်