Subscribe to our RSS Feed

ရေဒါ ရှောင်ကွင်းနိုင်သော ရုရှား Boyky ကော်ဗက် စစ်ရေယာဉ်အား စမ်းသပ် ခုတ်မောင်းမှု စတင်မည်

From : .မြဝတီ

ရေဒါ ရှောင်ကွင်းနိုင်သော ရုရှား Boyky ကော်ဗက် စစ်ရေယာဉ်အား မတ်လအတွင်း စမ်းသပ် ခုတ်မောင်းမှု စတင် ပြုလုပ်မည် ဖြစ်ကြောင်း ဘောလ်တစ် ရေတပ်သင်္ဘော အုပ်စုမှ ပြောရေး ဆိုခွင့်ရ ဗလာ ဒီမာမက် တီရက်ဗ် က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

ရုရှား ရေတပ်အတွက် စိန့်ပီတာ စဘတ်ရှိ Severnaya Verf သင်္ဘောကျင်းမှ တည်ဆောက်သော Boyky ကော်ဗက် စစ်ရေယာဉ်အား ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ အတွင်း ပင်လယ်ပြင်၌ ကနဦး စမ်းသပ် ခုတ်မောင်းမှုမှာ အောင်မြင်မှု ရရှိခဲ့ကြောင်း ဗလာ ဒီမာမက် တီရက်ဗ်က ထပ်လောင်း ပြောကြား ခဲ့ပါသည်။ ဒုတိယ အဆင့် ပင်လယ်ပြင် စမ်းသပ် ခုတ်မောင်းမှု အတွက် ကာလင်နင်ဂရက် ဒေသရှိ Baltiysk ဆိပ်ကမ်းသို့ ရွှေ့ပြောင်းမည် ဖြစ်ကြောင်းလည်း သိရှိ ရပါသည်။ အဆိုပါ ကော်ဗက် စစ်ရေယာဉ်တွင် Kh-35 သင်္ဘောဖျက် ဒုံးပျံများ၊ 3 M 54 KLUB ခရုဇ်ဒုံးပျံများ၊ 3 M 54 KLUB လေယာဉ်ပစ် သေနတ်နှင့် ဒုံးပျံများ၊ ၁ဝဝ မမ အမြောက်တစ်လက်၊ ၃ဝ မမ အနီးကပ်လေကြောင်းရန် ကာကွယ်ရေး သေနတ် ၂ လက်နှင့် တော်ပီဒိုများ တပ်ဆင် နိုင်ကြောင်း သိရှိရပါသည်။



 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်