Subscribe to our RSS Feed

တပ်မတော်နှင့် အစိုးရကို အပုပ်ချသည့် ကချင်အမည်များ အသုံးပြုထားသည့် Facebook များကို Eleven Media မှ ရေးသားသည်ဟု အချက်အလက်များ ထွက်ပေါ်

From : http://www.mmdailystar.com/2013/02/facebook-eleven-media.html

ကေအိုင်အေနှင့် ဖြစ်ပွားသော စစ်ပွဲကာလအတွင်း ကချင်အမည်များကို အသုံးပြု၍ အစိုးရနှင့် တပ်မတော်ကို တိုက်ခိုက်ခြင်း၊ နိုင်ငံတော် အလံကို ချနင်းခြင်း၊ နိုင်ငံတော် အကြီးအကဲများကို စော်ကားခြင်းများ ပြုလုပ်ခဲ့သည့် facebook စာမျက်နှာများနှင့် Eleven Media တို့ ဆက်စပ်နေကြောင်း သတင်းများ ထွက်ပေါ်လည်း ရှိသည်။

Eleven မီဒီယာသည် သမ္မတကြီးကို ဆဲဆို၊ ဒေါ်အောင်ဆန်းစုကြည်ကို စော်ကား၊ နိုင်ငံတော်အလံကို တက်နင်း သည့် ပုံများ တင်သည့် ကချင်အမည်သုံး Facebook အကောင့်များကို ၄င်း၏ စာမျက်နှာမှ တစ်ဆင့် ကြော်ငြာ ဖော်ပြ ပေးခဲ့သည်။ ထို့ပြင် Eleven တွင် ဖော်ပြထားသည့် ဓာတ်ပုံများ၊ သတင်းများသည်လည်း ထို သွေးခွဲ စေသည့် ကချင်အမည်သုံး အကောင့်များမှ ဖော်ပြထားချက်များနှင့် တူညီနေသည်ကိုလည်း တွေ့ရသည်။

ထို့ပြင် Eleven မီဒီယာ အနေဖြင့် ၄င်း၏ ၀က်ဆိုဒ် အတိုက်ခိုက်ခံရသည် ဆိုသည့် Kachin Cyber Army ဆို သည်မှာ ၄င်းတို့ကိုယ်တိုင် ဖန်တီးလုပ်ကြံခြင်း ဖြစ်ကြောင်းလည်း သတင်းများ ရရှိသည်။ ထိုအကြိမ် မအောင်မြင်သည့် နောက်ပိုင်း Myanmar Express ၀က်ဆိုဒ်ကို တိုက်ခိုက်ရန်အတွက် လွှတ်တော်အတွင်း ဒေါက်တာဆိတ်ဖွား ကိစ္စ အစဖော်စေရန် လုပ်ဆောင်ခဲ့ခြင်း၊ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များကို ဖော်ထုတ် စွပ်စွဲ ခြင်း တို့ကိုလည်း တွေ့ရသည်။

ယခု နောက်ဆုံး The Voice ဂျာနယ် Facebook အား ဟက်ကာများမှ ထိန်းသိမ်းသည် ဆိုသော အချက်မှာ Eleven ၏ လုပ်ဆောင်ချက် ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ အကြောင်းမှာ Eleven ဂျာနယ်၏ တရားစွဲဆိုချက်များနှင့်အပုပ်ချမှုများကို The Voice ဂျာနယ်မှ ဖော်ပြပေးနေခြင်း၊ Eleven တွင်လည်း ကချင် အမည်ခံ အင်တာနက်သုံး အကောင့်များစွာ ရှိနေသကဲ့သို့ The Voice ဂျာနယ်တွင်လည်း အင်တာနက်သုံး အကောင့်များစွာ ရှိနေခြင်း၊ ၄င်းတို့၏ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်ခြင်းများအား အင်တာနက်မှ တိုက်ခိုက် ချေပ မှုများ မရှိစေရန် လိုအပ်ခြင်းတို့ကြောင့် ပူးပေါင်းကြံစည်ကာ အစိုးရနှင့် တပ်မတော် အပေါ် အပုပ်ချနိုင်ရန် အတွက် ပူးပေါင်း လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်ကြောင်း သိရသည်။


 www.MyanmarExpress.net

 

4 comments:

အ ရေး ယူ ပစ် လိုက် တွယ် ပစ် လိုက်

စောက်၇ူးသန်းထွဋ်အောင်နဲ့ စောက်၇ူးဝေဖြိုးကို တပ်မတော်က တ၇ားစွဲသင့်ပါတယ်

စောက်၇ူးသန်းထွဋ်အောင်နဲ့ စောက်၇ူးဝေဖြိုးကို တပ်မတော်က တ၇ားစွဲသင့်ပါတယ်

မကျေနပ်ရင် ဧရာဝတီလို ပြည်ပြေး ဂျာနယ်ထုတ်ရောင်းလို့ပြောလိုက်ဗျာ။ မြန်မာနိုင်ငံမှာ လဲအခြေဆိုက်သေးတယ် သူတို့က ကြိုက်သလို ခြယ်လယ် မင်းမူချင်တယ်။ သူတို့ကိုပဲအကုန်လုံးကဝိုင်းကြောက်နေရမဲ့အထာမျိုး။ ဘောပဲEleven ရေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်