Subscribe to our RSS Feed

စစ်အသုံးစရိတ်အတွက် KIA မှ တရုတ်သစ်သမားနှင့် ပေါင်းပြီး သစ်များထုတ်

From : .http://www.kachindailynews.com/2013/01/kia_874.html

ကချင်ပြည်နယ်တွင် ကျွန်းနှင့် အခြားအဖိုးတန်သစ်များစွာ ပေါက်ရောက်ရာဒေသတစ်ခုဖြစ်သည်။ အစိုးရတပ် နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားသည့် နောက်ပိုင်းတွင် ကုမ္ပဏီများမှ သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ ပါသည်။ သို့သော် KIA အဖွဲ့မှ ၎င်းတို့၏ စစ်အသုံးစရိတ်ကာမိစေရန် အတွက် တရုတ်သစ်လုပ်ငန်းရှင်များ နှင့်ပေါင်းပြီး သစ်များကို ထုတ်လုပ်နေကြောင်း သိရှိရသည်။ ကချင်ပြည်နယ်မှထွက်သော သယံဇာတပစ္စည်း များကို ကချင်လူမျိုးအတွက် မသုံးဘဲ ၎င်းတို့ စစ်တိုက်ဖို့ ပစ္စည်းတွေသာဝယ်နေကြောင်း မန်စီမြို့ခံတစ်ဦးမှ ဆိုပါသည်။


KIA သည် တရုတ် သစ်သမားများနှင့် ပေါင်းကာ တစ်နေ့ကို သစ်ကားအစီး(၃၀)ခန့် ခုတ်ပြီး တရုတ်ဘက်သို့ နေ့စဉ်ပို့ဆောင်နေကြောင်း၊ သစ်ပင်များကို ခုတ်လှဲပြီး သစ်ကိုင်းများကို ခုတ်လှဲကာ နေရာတွင်သာ ပစ်ထားကြောင်း၊ သစ်များများ ထုတ်ဖို့သာ လုပ်ဆောင်ပြီး ချက်ချင်းတရုတ်ဘက်သို့ ပို့ဆောင်နေ သည်ဟု   ဒေသခံ မျက်မြင်ဒေသများ၏ ပြောပြချက်အရ သိရှိရသည်။ ကိုယ့်ပြည်နယ်က သစ်တွေကို ထုတ်ပြီး ပြည်နယ် အတွက် အသုံးမပြုဘဲ လူမျိုးကို ဒုက္ခပေးနေသော စက်လက်နက် ပစ္စည်းများကို လဲလှယ်ယူနေကြောင်း မန်စီဒေသခံ များက ပြောဆိုနေကြသည်။
 www.MyanmarExpress.net
 

1 comments:

ဒီထက်ဆိုးတဲ့ နောက်ဆက်တွဲဆိုးကျိုး

တွေလာပါအုံးမယ်။

ကောင်းကျိုးတခုမှ မလာဘူး။

စောစောကြိုတင်တွေးခဲ့သင့်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်