Subscribe to our RSS Feed

သစ်စက်များမှ KIA ရင်း ၂၆ အဖွဲ့က ဆေးဝါးနှင့် အခွန်များကောက်ခံ

From : http://www.kachindailynews.com/2013/02/kia_5.html

KIA ရင်း ၂၆ မှအဖွဲ့သည် ယမန်နေ့က မိုးညှင်းမြို့နယ်အတွင်းရှိ၊ ညောင်ပင်ရွာနှင့်ပတ်ဝန်းကျင်မှာ ရှိသည့် သစ်စက်များသို့ရောက်ရှိလာပြီး သစ်စက်များမှ ဆေးဝါး ရိက္ခာများကို အကူအညီတောင်းခဲ့ကြောင်း သိရှိရသည်။ ၎င်းအနီးအနားပတ်ဝန်းကျင်တွင် သစ်စက် ၁၀လုံး ခန့ရှိကြောင်း၊ သစ်စက်ပိုင်ရှင်များထံမှ သစ်စက်တစ်လုံးလျှင် အရင်တုန်းက ၃သိန်းသာ ကောက်ခံခဲ့ပေမယ့် ယခုအချိန်မှာ လိုအပ်ချက်အရ ၁၀သိန်း နှင့် ဆေးဝါးရိက္ခာများကို ကောက်ခံခဲ့ကြောင်း သိရှိရပါသည်။ ငွေများနှင့် ဆေးဝါရိက္ခာများကို ၆ရက်နေ့မှ ၁၀ရက် နေ့ အတါင်း အပြီး ပေးဆောင်ရမည်ဖြစ်ကြောင်း သစ်စက်ပိုင်ရှင် တစ်ဦးမှ   ပြောပြခဲ့ ပါသည်။
 
          အခွန်လာရောက်ကောက်ခံသော KIA မှ အရာရှိတစ်ဦးမှ အခုလို ငွေကောက်တာနှင့်   ဆေးဝါး ရိက္ခာ တွေကို တောင်းခံရတာဟာ အကူအညီတောင်းတာဖြစ်ပါသည်။ အောက်ခြေရဲဘော်တွေမှာ ရိက္ခာဆေးဝါး တွေနည်းပါးနေ၍ ဖျားနာမှုများဖြစ်ပေါ်ကာ သေဆုံးခြင်းများ ရှိနေသည့် အတွက်ကြောင့်   ဖြစ်သည်။ ဗဟိုမှလည်း ဆေးဝါးနှင့် ရိက္ခာ ကို ထောက်ပံ့ပေးမှုမရှိသည့်အတွက် အခုလိုအကူ အညီ   တောင်း   ကောက်ခံတာဖြစ်သည်ဟု ၎င်း KIA အရာရှိမှပြောဆိုခဲ့ပါသည်။
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်