Subscribe to our RSS Feed

KIA အရာရှိများမှ နိုင်ငံခြားသားသတင်းသမား၂ဦးရောက်ရှိမှုအပေါ်သံသယဖြစ်

From : KDM

စစ်ဘေးဒုက္ခသည်စခန်းများနှင့် တိုက်ပွဲဖြစ်ပွားနေမှုအခြေအနေများကို မှတ်တင်ဓာတ်ပုံ ရိုက်ကူးရန် အတွက် အမေရိကန်နိုင်ငံသားသတင်းထောက်တစ်ဦးနှင့် ဂျပန်နိုင်ငံသားသတင်းထောက်တစ်ဦးတို့သည် ၅ရက် နေ့က ၀န်ဂေါဘွမ်သို့ရောက်လာပြီး ဒုက္ခသည်စခန်းအတွင်းမှ ဒုက္ခသည်များကို ဓာတ်ပုံရိုက်ကူးခြင်းနှင့် စခန်း အတွင်းမှ KIA စစ်သည်များ၏ပုံများကို ဓာတ်ပုံရိုက်ကူးပြီး ယမန်နေ့ညက လိုင်ဇာအနီးရှိ ဒုက္ခသည် စခန်းနှင့် KIA စခန်းများကို ဓာတ်ပုံရိုက်ကူးရန်ရောက်ရှိခဲ့ကြောင်း ဗဟိုဌာနချုပ်မှ အရာရှိတစ်ဦး၏ ပြောပြချက် အရသိရှိ ရပါသည်။



           “ ကျွန်တော်တို့ ဒုစစ်ဦးစီးချုပ်နဲ့ အစိုးရအဖွဲ့တွေက ၄ရက်နေ့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တယ်။ အဆင်ပြေတယ်လို့ပြောရမှာဘဲ။ နောက်နေ့ ဒီကောင် ၂ကောင်ရောက်လာတယ် သိပ်တော့ မရိုးသားဘူးဗျာ၊ ကောင်းသောလာခြင်းလား မကောင်းသောလာခြင်းလာတော့မပြောတက်ဘူးပေါ့၊ ကျွန်တော့်တို့ စစ်သားတွေက စစ်မတိုက်ချင်တော့ဘူး ငြိမ်းချမ်းရေးကို လိုချင်ပါတယ်၊   ခေါင်းဆောင်တွေ ကလည်း ဆွေးနွေးနေကြတယ်။ ဒီကောင်တွေက ကူညီဖို့လာတာမဟုတ်ဘဲ တဖက်နဲ့ တဖက်ကို   သွေးထိုးဖို့လုပ်ရင် တိုက်ပွဲတွေက ပြန်ဖြစ် လာအုံးမှာဘဲ၊ ဒီကောင်တွေက ယုံရတဲ့သူတွေထဲမှာ မပါဘူး” ဟု၎င်းအရာရှိမှဆိုပါသည်။ KIA နှင့် အစိုးရတပ် တွေတိုက်ပွဲများကို ရပ်ဆိုင်းနေသည့်အတွက် ၂ဖက် တပ်များ အေးအေးလူလူရှိနေတာ ဖြစ်သည့်အတွက် ဒီထက်ပိုပြီး အေးဆေးတည်ငြိမ်းအောင် ငြိမ်းချမ်းရေး ကို အောင်မြင်အောင်ဆောင်ရွက် စေလိုကြောင်း ပြောကြားခဲ့ပါသည်။
. www.MyanmarExpress.net

1 comments:

စောင့်ကြည့်နေပေါ့ဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်