Subscribe to our RSS Feed

Myanmar Express အကြီးပိုင်းများမှ ဒေါ်အောင်ဆန်းစုကြည် အပေါ် အမြင်ကြည်နေကြောင်း သတင်းများထွက်ပေါ်

၂၀၁၂ ဒီဇင်ဘာ လဆန်းပိုင်းမှစ၍ Myanmar Express အကြီးပိုင်းများမှ ဒေါ်အောင်ဆန်းစုကြည် အပေါ် အမြင်ကြည်နေသည့် သတင်းများထွက်လျှက်ရှိကြောင်း သိရသည်။ 


Myanmar Express Website မှ ယခင်က ဒေါ်အောင်ဆန်းစုကြည် နှင့် ဘေးထိုင်ဘုပြော ဒေါ်လာစား အတိုက်အခံအပျားကို ပြင်းပြင်းထန်ထန် ဝေဖန် ရေးသားခဲ့ကြောင်း၊ ၂၀၁၂ ဒီဇင်ဘာ လဆန်းပိုင်းမှစ၍ ဒေါ်အောင်ဆန်းစုကြည် မှ လွဲ၍ အခြားအတိုက်အခံများ နှင့် မီဒီယာသမားများ၏ အမြင်မတော်မှုများကိုသာ ဝေဖန်ထောက်ပြ ရေးသားလျှက်ရှိကြောင်းကို အောက်ပါ website များ နှင့် blog များတွင် ရေးသားထားသည်ကို တွေ့ရသည်။

http://www.myanmardailynews.org/2013/02/myanmar-express-website.html

http://www.mmteashop.com/index.php?PHPSESSID=mtp998farh42h3iq6c6b3uqqg3&topic=4966.msg103721#msg103721

http://thanlwinriver.blogspot.com/2013/02/myanmar-express-website.html


http://singaporefeelfeel.blogspot.com/2013/02/myanmar-express-website.html

ထူးထူးခြားခြား ပြောင်းလဲမှုနှင့် ပတ်သက်၍ 
Myanmar Express အကြီးပိုင်းများ ပြောင်းလဲမှုကြောင့်၊
 ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်းလဲမှု ကြောင့်၊ 
Myanmar Express တွင် ဒေါက်တာဆိတ်ဖွား ပါဝင်သောကြောင့်၊ 
Eleven က တိုင် သောကြောင့် 
စသဖြင့် ဝေဖန်မှု အများအပြားကိုလည်း တွေ့ရသည်။ 

ဝေဖန်မှုများနှင့်ပတ်သက်၍ Myanmar Express မှ တာဝန်ရှိသူတစ်ဦးမှ အားလုံးဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

"အခုချိန်မှာတော့ တိတိကျကျ သတင်းမထုတ်ပြန်နိုင်သေးပါဘူး... ကျွန်တော်တို့အဖွဲ့က အရင်ကတည်းက လျှို့ဝှက်တတ်လို့ပါ... ဝေဖန်တာတွေအားလုံးကလည်း ဖြစ်နိုင်ချေများပါတယ်.. ဒါပေမယ့် Eleven ကို ကြောက်လို့ ဆိုတာကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်... Eleven အကြောင်းကတော့ အခုလည်း ဖွင့်ချနေတုန်းပါ... နောက်လည်း ဆက်လက်ဖွင့်ချသွားဖို့ရှိပါတယ်... " ဟု ပြောသည်။

Myanmar Express ၏ ဖွင့်ချမှုများကို Eleven မှ မကျေမနပ်ဖြစ်သော်လည်း တိုင်းကြား၍မရသဖြင့် ddos သတင်း တင်ခဲ့သည့်အကြောင်းကိုသာ ထောက်ပြလျှက်ရှိသည်။ ယခုရက်ပိုင်းအတွင်း ဦးသန်းထွဋ်အောင် နှင့် ဝေဖြိုးတို့ မှာ အိပ်မပျော် စားမဝင် ဖြစ်ကာ စားလည်း Express ၊ သောက်လည်း Express ဖြစ်လျှက် ရှိသဖြင့် ကြုံရင်ကြုံသလို လိုက်တိုင်နေကြောင်း သိရသည်။

ဒါ့အပြင် Eleven Media Group ရဲ့ ရန်သူတော် Myanmar Express ၏ထူးခြားချက် ဟူသော ခေါင်းစဉ်ဖြင့် Myanmar Express မှ Eleven ကို ကျေးဇူးတင်နေကြောင်း နှင့် Myanmar Express ၏ ပြောင်းလဲမှု ကို NLD မှ သတိပြုမိကြောင်းအပါအဝင် ဆက်လက်စောင့်ကြည့်ရန် ရေးသားထားသည်များကို တွေ့ရသည်။

https://www.facebook.com/nay.win.10

http://www.oppositeyes.info/2013/02/eleven-media-group-myanmar-express.html

http://golden-land-myanmar-mm.blogspot.com/2013/02/eleven-media-group-myanmar-express.html

http://www.mmdailystar.com/
 
၂၀၁၃ ခုနှစ်အတွင်း လက်တလောအားဖြင့် အင်တာနက်ပေါ်တွင် အထူးခြားဆုံး ဖြစ်စဉ် သတင်းများ နှစ်ခု ရှိပြီး ပထမ တစ်ခုမှ Eleven Media နှင့် Myanmar Express တို့ အကြီးအကျယ် ပြဿနာ တတ်နေကြခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှ ဒေါ်အောင်ဆန်းစုကြည် နှင့် စစ်တပ်တို့ အကြီးအကျယ် ပြေလည်မည့် အရိပ်အယောင်များပင် ဖြစ်သည်။

 www.MyanmarExpress.net
 

1 comments:

စားလည်း express သောက်လည်း express အိပ့်လည်း express
အိမ်မက် မက်လည်း express နောက်ဆုံး သေရင်လည်း express မှ့ကိုက်မှာ မြန်မြန်သေမှ့အေးမှာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်