From : http://mmforward.blogspot.com/2013/02/shwe-gone-office-apartment-tower.html
. www.MyanmarExpress.net
December Construction မှ ၄၄ ထပ် အမြင့်အထိဆောက်ရန် အဆိုပြုထားသော Shwe Gone Office & apartment Tower တည်ဆောက်မည့်နရာ
ရန်ကုန်မြို့လယ်တွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတာဝါ တစ်ခုအား တည်ဆောက်ရ
December Construction မှ အဆိုပြုထားကြောင်း ထုတ်ပြန်ထားချက်များအရ
သိရှိရပါသည်။
Shwe Gone Office & Apartment Tower အမည်ဖြင့် တည်ဆောက်မည်ဖြစ်ပြီး
အထပ် ၄၄ ထပ် အမြင့် အထိ တည်ဆောက်မည်ဖြစ်ရာ အကယ်၍ တည်ဆောက်ခွင့် ရပါက
အမြင့်ဆုံး တာဝါတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း လည်း သိရှိရပါသည်။
ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ မြို့မရုပ်ရှင်ရုံနှင့် ရွှေဂုံရုပ်ရှင်ရုံ
နေရာတွင် တည်ဆောက်ရန် စီစဉ်ထားပြီး Sakura တာဝါ၊ Traders Hotel တို့နှင့်
အနီးကပ်ဆုံးတွင် အထပ်အမြင့်ဆုံးအဖြစ် တည်ဆောက်မည့် အစီအ စဉ်ဖြစ်သည်။
December Construction မှာ ဟိုတယ်နှင့် တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်သည့်
ကုမ္ပဏီဖြစ်ပြီး လက်ရှိ ဟိုတယ်ရွှေဂုံတိုင်ဖွင့်ခြင်း၊ အိမ်ရာ
တည်ဆောက်ခြင်းများ ပြုလုပ်လျှက်ရှိသည်။
မြန်မာ နိုင်ငံတွင် အထပ်အမြင့်ဆုံး အဆောက်အအုံအဖြစ် ရွှေတောင် ကုမ္ပဏီမှ
လဟာပြင်ဈေး နေရာတွင် ၃၄ ထပ် အဆောက်အအုံကို တည်ဆောက်ရန်
စီစဉ်နေခြင်းဖြစ်သည်။
ရွှေတောင်ကုမ္ပဏီမှ ဗိုလ်ချုပ်ဈေး လဟာပြင်မြေကွက်တွင် ဆောက်လုပ်မည်ဖြစ်ရာ
ယင်းမြေကွက်အား ငှားရမ်းခြင်း အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီနှင့် ရွှေတောင်ကုမ္ပဏီတို့ မကြာမီ စာချုပ် ချုပ်ဆို တော့မည် ဖြစ်သည်။
လဟာပြင်ဈေး နေရာမှာ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း
လမ်းထောင့်ရှိ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီပိုင်
မြေကွက်ဖြစ်ပြီး လက်ရှိတွင် မည်သည့်လုပ်ငန်းမှ လုပ်ကိုင်ခြင်း မရှိ သေးဘဲ
မြေကွက်အလွတ်သာ ဖြစ်ကြောင်း၊ ရွှေတောင်ကုမ္ပဏီအား ငှားရမ်းခ ဈေးနှုန်းအား
စာချုပ်ချုပ် ဆိုမှ သာ သတ်မှတ်မည်ဖြစ်ပြီး မည်သည့် အချိန်ကာလအထိ
ငှားရမ်းမည် ဆိုသည်ကိုလည်း ယင်းအချိန် မှသာ သတ်မှတ်မည်ဖြစ်ကြောင်း
မြို့တော်စည်ပင်မှ ထုတ်ပြန်ထားသည်။
. www.MyanmarExpress.net

2 comments:
The public will not agree the project that blogs the Shwe Dagon. The cronies take advantage even the pagoda.Get rid of them,arrest them.arrest
Build more sky buildings in all cities in Myanmar. So Myanmar will be developed and all Myanmar people will get jobs for high buildings.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်