From :http://www.oppositeyes.info/2013/01/blog-post_86.html
ဒီသတင်းဓာတ်ပုံကို ကြည့်လိုက်ပါ..
ဒီသတင်းဓာတ်ပုံ ခေါင်းစဉ်က ခံကတုတ်ထဲက ကေအိုင်အေစစ်သား (ဓာတ်ပုံ- Steve Tickner/ ဧရာဝတီ)တဲ့..
ဒီ ဓာတ်ပုံရဲ့ အနောက်ကိုကြည့်လိုက်ရင် ကားလမ်းနဲ့ ဆက်သွယ်ရေး လမ်းတွေက သယ်ထုတ်သွားတဲ့ ရန်သူ့ အလောင်းတွေကိုလည်း တွေ့ရမယ်..
လက်နက် အသစ်တွေ၊ ခဲယမ်း၊ဗုံးသီး အသစ်တွေ အဆက်မပြတ် ကမ်းနေတဲ့ လက်တွေကိုလည်း တွေ့ရမယ်..
ဒီလိုမျိုး တိုက်ပွဲတွေမှာ သတင်းဓာတ်ပုံ လိုက်ရိုက်ခွင့်မရလို့ ခင်ဗျားတို့က တပ်မတော်ကို အပြစ်ဆိုကြတယ်..
ခင်ဗျားတို့ တပ်မတော် စစ်ကြောင်းနဲ့ လိုက်ပြီး ဒီဓာတ်ပုံကို ရှေ့က ရိုက်ကြည့်လိုက်စမ်းပါ…
ခံစစ် စခန်းမျက်နှာစာမှာ အပြောင်ရှင်းထားပြီး မြန်မာ့တပ်မတော်က စစ်သည်တွေ တလှုပ်လှုပ်နဲ့ တက်နေတဲ့ ဓာတ်ပုံ ခင်ဗျားတို့ ရမယ်…
လက်ပစ်ဗုံးဒဏ်ကြောင့် အတုံးအရုံး သေဆုံးနေတဲ့ စစ်သားတွေကို ခင်ဗျားတို့ မြင်ရမယ်..
ငယ်သားတွေရဲ့ ရှေ့က Follow Me ဆိုတဲ့ ခေါင်းဆောင်မှု အပြည့်နဲ့ ရှေ့ဆုံးက တက်နေတဲ့ အရာရှိတွေကို တွေ့ရမယ်..
သေတစ်ဝက် ရှင်တစ်ဝက်နဲ့ ရုပ်ပျက်ဆင်းပျက် မြင်ကွင်းတွေလဲ ရှိချင် ရှိလိမ့်မယ်..
ရန်သူ့ခြံစည်းရိုးရှေ့မှာ တစ်ပိုင်းပြတ်နေတဲ့ ခန္ဒာကိုယ်နဲ့ ကြိုးစားပြီး တောင်ကုန်းပေါ်တက်နေတဲ့ စစ်သည်တွေ ကိုလည်း တွေ့ချင်တွေ့ရမယ်..
အဲဒီမြင်ကွင်းတွေရဲ့ အောက်ကို နည်းနည်း ဆုတ်လိုက်ရင် ကိုယ့်စစ်သည်တွေအတွက် ကာပစ် ပစ်ပေးနေတဲ့ မျက်ရည်တွေ၊ ဒေါသတွေ အပြည့် မျက်နှာတွေကိုလည်း တွေ့ရမယ်..
ဒီတစ်သုတ်ပြီးရင် နောက်တစ်သုတ် တက်ဖို့ စီမံခန့်ခွဲနေတဲ့ တပ်မတော် အရာရှိတွေကိုလည်း တွေ့ရမယ်..
အဲဒီနောက်ကို နည်းနည်း ထပ်ဆုတ်ကြည့်ရင် ကိုယ့်စစ်သည်တွေ သေဆုံးတာကို မှန်ပြောင်းနဲ့ ကြည့်ပြီး ခံပြင်း ကြေကွဲနေတဲ့ အရာရှိကြီးတွေရဲ့ မျက်နှာတွေကို တွေ့ရမယ်..
ပစ်ခတ်မှု အခြေအနေတွေကို သတင်းပို့နေ၊ အကြောင်းကြားပေးနေတဲ့ ဆက်သွယ်ရေး စက်က အသံတွေကို လည်း ကြားရမယ်..
ဘေးပတ်ဝန်းကျင်ကို ကြည့်ရင် အေးခဲတဲ့ ဆောင်းနှင်းဒဏ်ကြောင့် ရောဂါရနေသူတွေ၊ တိုက်ပွဲမှာ ဒဏ်ရာ ရလို့ ညည်းတွားနေတဲ့ အော်ဟစ်သံတွေလဲ ကြားရမယ်..
ကဲ..ဒါဟာ တိုက်ပွဲတစ်ခုပဲလေ..ဒါကို ခင်ဗျားတို့ ရေးချင်တယ်ဆိုရင် ဒီတိုက်ပွဲကို ဆင်လို့ ပြည်ထောင်စု မပြိုကွဲ ဖို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲဖို့၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲဖို့ အောက်ပြည်အောက်ရွာ မှာ လစာ စားပြီး အေးဆေးနေလို့ ရတဲ့ စစ်သားတွေ အကြောင်းကို ရေးလို့ ရပါတယ်..
အီရတ်၊ အာဖဂန် ကမ္ဘာ့နိုင်ငံအနှံ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ ဆင်နွှဲနေသူတွေနဲ့ နှိုင်းယှဉ်ပြီး ရေးပြလို့လဲ ရပါတယ်…
အကြမ်းဖက်မှုတွေကြောင့် လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ တပ်မတော်က အသက်တွေ အသေခံပြီး တိုင်းပြည်အတွက် ပေးဆပ်နေတယ် ဆိုပြီး အမွှမ်းတင်ချင်လည်း တင်လို့လည်း ရပါတယ်…
ဒါတွေ တစ်ခုမှ မလုပ်နိုင်ဘူး ဆိုရင်တော့ ချို့တဲ့နေတဲ့ ကလေးငယ်တွေရဲ့ ဓာတ်ပုံ(၁)ပုံ၊ သတင်း တစ်ပုဒ်ကို အစားသုံးမလား။ ဒို့တာဝန် အရေး(၃)ပါး ဆိုတဲ့ စာတစ်ပိုဒ်ကို အစားသုံး မလား။ ခင်ဗျားတို့ ကြိုက်တာသုံးလို့ ရပါတယ်..
သတင်းမရတာ တစ်ခုကြောင့် တိုင်းပြည်အတွက် ပေးဆပ်ရတဲ့ အသက်တွေကို တန်ဖိုးမဲ့ မဖော်ပြဘူးဆိုရင်ပဲ ခင်ဗျားတို့ကို ကျေးဇူးတင်နေမှာပါ။

14 comments:
I apprisiate our tatmataw who are fighting at Kachin front line.Have a peace ASAP.
ပာုတ်တယ်နော်။
ပာုတ်တယ်စစ်သားလည်း ပြည်သူဘဲ
သတင်းထဲမှာတော့ ဒီသတင်းကို အကြိုက်ဆုံးဘဲ။ ကိုယ့်နိုင်ငံကို သတ်နေတဲ့ မီဒီယာတွေ ကျဆုံးပါစေ။ ဒေါ်လာလေးစားပြီး တိုင်ပြည်မျက်ရည် ကျတာကို ၀မ်းသာနေကြတဲ့ ခွေးတွေ ကျဆုံးပါစေ
မျက်ရည်ကျမိပါတယ်ဗျာ။
မျက်ရည်ကျမိပါတယ်။
Right! We love our Tatmadaw.
ငါ နား လည် ပါ တယ် နား မ လည် နား ကမ်း မျက် စေ့ ကမ်း နေ တာ က မီဒီ ယာ နဲ့ 88 က တ ခီူ့ ကောင် ပါ ခွေး တွေ ပေါ့ ငါ့  ရင် ထဲ နာ မိ ပါ တယ် မ သိ နား မ လည် တဲ့ တိုင်း ရင်း သား တွေ ကို ပျက် စီး ရာ ပျက် စီး ကြောင်း လုပ် နေ တဲ့ သ ရား ခံ က တ ရုတ် စုတ် ကြိး ပါ ဘဲ တ နေ့ နေ့ မှာ ပြာ ပုံ ဖြစ် မဲ့ နိုင် ငံ ပေါ့
ရဲဘော်မသေ သေသော်ငရဲမလား..ပါဗျာ....တရားသောစစ်ကို ဆင်နွဲသူများ အောင်နိုင်ကြပါစေ....
ရဲဘော်တွေမှာလည်းမိသားစုတွေမိဘတွေဇနီးသားသမီးတွေရှိကြပါတယ်
အားလုံးဟာပြည်သူတွေပါဘဲပြည်သူတွေနဲ့တသားထဲပါဘဲ
မိဘတွေကလည်းသားသမီးတွေရှေ့ တန်းထွတ်ရင်ဖုရားကိုခေါင်းပေါ်တင်
ထားရလောက်အောင်ဆုတောင်းနေကြသူတွေပါ
သားရှေ့ တန်းပြန်ရောက်ရင်၊ခင်ပွန်းပြန်လာရင်ကြိုက်တတ်တဲ့ဟင်းလေး
တွေချက်ကြွေးမယ်ဆိုပြီးထမင်းဝိုင်းနဲ့စောင့်နေတဲ့မိသားစုတွေရဲ့မျက်ရည်
တွေကိုကိုယ်ချင်းစာမြင်မိပါတယ်
တိုင်းပြည်အတွတ်ကျဆုံးရဲဘော်များကိုဂုဏ်ပြုပါတယ်
ပြည်သူတွေအားလုံးလဲထပ်တူနားလည်ဂုဏ်ပြုနိုင်ကြပါစေ။
ကမ္ဘာကြီးငြိမ်းချမ်းပါစေ...
i love myanmar army
myanmar army is win
စစ်သားတွေရဲ့ ဘဝတွေကို သနားမိပါတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်