Subscribe to our RSS Feed

လက်နက်ဖြင့် ငြိမ်းချမ်းရေး တည်ဆောက်သည့် ဒီမိုကရေစီနိုင်ငံများ

From :Opposite Eye



ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဒီမိုကရေစီ မရှိဟု ယူဆသည့် နိုင်ငံများတွင် လက်နက်ကိုင် တိုက်ခိုက်မှုများ၊ အဓိကရုဏ်း နှိမ်နှင်းမှုများ ဖြစ်ပွားပါက ကုလသမဂ္ဂနှင့် အနောက်နိုင်ငံကြီးများ၊ အင်အားကြီးနိုင်ငံများ၊ အဖွဲ့အစည်းကြီးများ မှ စိုးရိမ်ကြောင်း၊ မလုပ်သင့်ကြောင်း ကြေငြာချက်များ ထုတ်ပြန်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် ကချင်ဒေသ အတွင်း ကေအိုင်အေနှင့် ဖြစ်ပွားသော စစ်ပွဲများတွင်လည်း အလားတူ ကြေငြာချက်များ အပြိုင်အဆိုင် ထုတ်ကြသည်။ မြန်မာ အစိုးရမှလည်း အရေးတယူ ဖြေရှင်းပေးခဲ့ပေသည်။

လက်ရှိ ကမ္ဘာ့နိုင်ငံရေးတွင် အာရပ်နွေဦးမှ စခဲ့သည့် ပြဿနာများ၌ အဆိုပါနိုင်ငံများ၏ အစိုးရတပ်များနှင့် အတိုက်အခံ သူပုန် လက်နက်ကိုင်တို့၏ တိုက်ပွဲများတွင် အနောက်အုပ်စုမှ ပြင်းပြင်းထန်ထန် သတိပေးမှု များနှင့် တိတ်တဆိတ် သူပုန်တို့အား လက်နက်ထောက်ပံ့မှုများကို ပြုလုပ်ကြသည်။ အတိုက်အခံ သူပုန်တို့ အင်အားကောင်း၍ လက်ရှိ အစိုးရမှ အင်အားသုံး ဖြေရှင်းချိန်တွင် အနောက်နိုင်ငံများမှ လူ့အခွင့်အရေး၊ ဒီမိုက ရေစီရေး စသည့် အကြောင်းပြချက်များဖြင့် လက်နက်နှင့် တပ်ဖွဲ့များ စေလွှတ်ကာ ကူညီပေးကြသည်။ ထိုသို့ ကူညီပေးပြီး နောက် ထိုနိုင်ငံများတွင် အတိုက်အခံ သူပုန်တို့ အာဏာ ရခဲ့သော်လည်း နိုင်ငံရေး တည်ငြိမ်မှု မရှိ၊ လက်နက် ကိုင် တိုက်ခိုက်မှုများ အဆုံးသတ်နိုင်ခြင်း မရှိသည်မှာလည်း လက်ရှိဖြစ်ရပ်များမှ သက်သေပြလျှက် ရှိသည်။

ထိုသို့ ပြည်တွင်းရေးများကို ၀င်ရောက်စွက်ဖက်သည့် နိုင်ငံများအနေဖြင့် ၄င်းတို့နိုင်ငံများ၏ စစ်မှုထမ်းများကို မည်သည့် အတွက် စစ်မှုထမ်းစေသနည်း။ မည်သည့်အတွက် တိုင်းတစ်ပါး စစ်မြေပြင်တွင် အသက်ပေး တာဝန် ထမ်းဆောင်စေသနည်း။

အမေရိကန် စစ်တပ်သည် အီရတ်နှင့် အာဖဂန် နစ္စတန်တို့တွင် ဖြစ်ပွားသော ဆယ်စုနှစ်နှင့်ချီသည့် စစ်ပွဲ များတွင် အမျိုးသမီး စစ်မှုထမ်း (၂၈၀၀၀၀)မျှသည် စစ်ပွဲဇုန်တွင် တာဝန် ထမ်းဆောင်စေခဲ့ပြီး အမေရိကန်၏ စစ်မဟာမိတ် နိုင်ငံဖြစ်သော အစ္စရေးတွင်မူ နှစ်စဉ် အစ္စရေး စစ်သမီး (၁၅၀၀)ခန့်သည် မြေပြင် တိုက်ခိုက်ရေး တပ်ဖွဲ့များအတွင်း ဝင်ရောက် အမှုထမ်းနေလျှက် ရှိသည်။
အီရတ်၊အာဖဂန် စစ်မြေပြင်များနှင့် ကမ္ဘာအနှံ့ အမေရိကန် အခြေစိုက် စစ်စခန်းများတွင် ရာဇ၀တ်မှုများ ကျူး လွန်နေသော်လည်း မည်သည့် မီဒီယာမှ ဝေဖန်မှု မပြုကြ။ ပုံမှန် ဖော်ပြသော သတင်းမှလွဲ၍ နိုင်ငံ တပ်မတော် နှင့် အစိုးရ အပေါ် အပုပ်ချ စော်ကားမှု မရှိသည်မှာလည်း လေးစားစရာပင်ဖြစ်သည်။ ထိုသို့ ကမ္ဘာအနှံ့ စစ်မြေ ပြင်များသို့ အမေရိကန် တပ်များ နိုင်ငံကျော် စေလွှတ်မှု၊ မောင်းသူမဲ့ယာဉ်များဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား များ သေဆုံးမှုတို့ကို ကုလသမဂ္ဂမှလည်း မသက်ဆိုင်သကဲ့သို့ပင်။ ဖြစ်ရပ်တစ်ခုတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကတော့ အမေရိကန် ပြည်ထောင်စုက အာဖဂန် နစ္စတန် ကို နောက်ထပ် တပ်ဖွဲ့ဝင် ၃၀,၀၀၀ ထပ်ပြီး စေလွှတ်တာနဲ့ ပတ်သက်လို့ ဒါဟာ သိပ်ကိုခက်ခဲတဲ့ အလုပ်ဖြစ်တယ်၊ ဒါပေမဲ့ လိုအပ်တဲ့ မဟာဗျူဟာ တခုပါလို့ ပြောဆိုခဲ့ဖူးလေသည်။

အီရတ်၌ စစ်မှုထမ်းနေသည့် အမေရိကန် စစ်သည် ဦးရေမှာ ၁၃၉၀၀၀) ကျော်ရှိပြီး အိုဘားမား အီရတ်သို့ သမ္မတ အဖြစ် ပထမဆုံး သွားရောက်သည့် ဧပြီ (၇) ရက်နေ့ထိ အမေရိကန် စစ်သည် ဦးရေ (၄၂၆၆) ဦး အီရတ်တွင် ကျဆုံး ခဲ့ပြီးဖြစ်သည်ဟု သတင်းတစ်ခုတွင် ဖတ်လိုက်ရသည်။ ထိုကဲ့သို့သော နိုင်ငံမှ သမ္မတက မြန်မာနိုင်ငံ မြောက်ဖျားမှာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် စစ်ပွဲ ဆင်နွှဲခြင်းကို ကန့်ကွက်စာပို့သည်မှာတော့ သူများမျက်ချေး တော့မြင်သည် ဆိုသည့် စကားပုံအတိုင်းသာ ဖြစ်နေပေမည်။

အစ္စရေးနှင့် ပါလက်စတိုင်း တိုက်ခိုက်မှုများ ဆယ်စုနှစ်တွေ ကုန်သွားသော်လည်း အဆုံး မသတ်နိုင်သေး။ အမေရိကန် နိုင်ငံမှ တာဝန်ရှိသူ တစ်ဦးမှ အစ္စရေးနှင့် ပတ်သက်၍ အစ္စရေးဟာ အမေရိကန်ရဲ့ မိတ်ဆွေ မဟာမိတ် နိုင်ငံဖြစ်ကြောင်း၊ မိတ်ဆွေ တစ်ယောက် ဘယ်လောက်ဆိုးသွမ်းပါစေ၊ မိတ်ဆွေတို့ ၀တ္တရားအရ စောင့်ရှောက်ရမည် ဆိုပြီး ပြောဆိုခဲ့ဖူးသည်။ ယခုထိလည်း အစ္စရေးမှ ပတ်ဝန်းကျင်နိုင်ငံများသို့ စိတ်တိုင်းကျ ပစ်ခတ်မှုများ ပြုလုပ်နေသည်။ ထိုအချက်ကို အမေရိကန်တို့ ရှုတ်ချဝေဖန်ခြင်း ပြင်းပြင်းထန်ထန် မလုပ်သေး။

နိဂုံးချုပ်ဆိုပါက ကမ္ဘာတွင် အင်အားကြီးသူက သမိုင်းကို ရေးသည်သာ ဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ပြည် ထောင်စု မြန်မာနိုင်ငံတော် ဖြစ်ရန်အတွက် လုံးဝလွတ်လပ်ရေးကို တောင်းဆို တိုက်ပွဲဝင်ပြီး ကိုယ်ပိုင် အချုပ် အခြာအာဏာဖြင့် နေထိုင်သည့် နိုင်ငံသာ ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး ခေါင်းစဉ်တပ်ကာ လက်နက်ကိုင်သည့် နိုင်ငံများရဲ့ မီဒီယာများမှ နိုင်ငံအပေါ် သစ္စာစောင့်သိ တတ်ချိန်တွင် မြန်မာ့ မီဒီယာများ၏ နိုင်ငံတကာ၏ ပြောဆိုချက်များကို အကြောင်းပြ ကိုယ့်အစိုးရ ကိုယ်ပြန်အပုပ်ချသည်မှာ အံ့သြစရာပင် ဖြစ်လေ တော့သည်။


 www.MyanmarExpress.net
 

4 comments:

မြန်မာမီဒီယာတွေ သွားပြီး
တပည့်ခံသင့်သေးတယ်သင်ယူသင့်တယ်

မြန်မာမီဒီယာတွေ သွားပြီးတပည့်ခံသင့်တယ် သင်ယူသင့်တယ်

Government that can't accept the suggestion,writing,pointing out of media is only an extremist, corruption one?They never feel themselves safe.Is this blogger one of them?Then we must fuck u all the time.

တိုင်းပြည်မငြိမ်းချမ်းရင် အဲဒီမီဒီယာတွေ ဘယ်မှာသွားပုန်းနေမလဲ သိချင်လိုက်တာ သူတောင်းစားတွေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်