အထက်ဖော်ပြပါပုံအတိုင်း ဂျီးမေးသုံးစွဲသူအချို့၏ စာမျက်နှာတွင် ဂူးဂဲ၏သတိပေး စာတန်း ဖော်ပြထား သည်ကို တွေ့ရသည်။ "Warning: We believe state-sponsored attackers may be attempting to compromise your account or computer" စာတန်း၏ အဓိပ္ဗါယ်မှာ “အစိုးရတဖွဲ့ဖွဲ့ ၏ ကျောထောက်နောက်ခံဖြင့် သင့်၏အကောင့်ကို တိုက်ခိုက်မှုရှိနေသဖြင့် ကြိုတင်ပြင်ဆင်ကာကွယ်ပါ” ဟု ဖော်ပြထားခြင်း ဖြစ်သည်။
၂၀၀၉ ခုနှစ်ကတည်းက ယနေ့ ယခုအချိန်ထိ Myanmar Express Email ဖြစ်သော mm.exps@gmail.com ကို သတိပေးလျှက်ရှိသည်။ ထိုသို့သတိပေးခံရပါက အဆိုပါအီးမေးပိုင်ရှင်သည် ပတ်စ်ဝဒ်ကို အသစ်ပြောင်းခြင်း၊ အီးမေး ကို ၀င်ကြည့်ရာတွင် ၂ ဆင့်ခံစနစ် (မူလအီးမေးပတ်စ်ဝဒ်နှင့် မိမိတယ်လီဖုံးသို့ ဂူးဂဲကပေးပို့သည့် လျပ်တပြက်နံပါတ် ၆ လုံး ပတ်စ်ဝဒ်) ဖြင့် ၀င်ရောက်ခြင်းတို့ ပြုလုပ်ပြီး ကာကွယ်နိုင်သည်ဟုလည်း ဖော်ပြထားသည်။ မနေ့ တနေ့ကမှ ၎င်းစာတန်းကို မြင်ရသူ မြန်မာပြည်တွင်းက မီဒီယာလောက သားအ များအပြား မှာ ကြောက်ရွံ့သွေးပျက်ကာ မြန်မာအစိုးရကပဲ တိုက်ခိုက်သလိုလို၊ တခြားအစိုးရကပဲ တိုက်ခိုက်သလိုလိုဖြင့် ကယောင်ကတမ်း အော်နေကြသည်ကို တွေ့မြင်ဖတ်ရှုရသည်။
၂၀၁၃ ဇန်နဝါရီလတွင် ဟက်ကာတစ်ဦး သေဆုံးမှုအတွက် အာဏာရှင်နိုင်ငံများဖြစ်သော အမေရိ ကန်နှင့် ဥရောပ အရင်းရှင်နိုင်ငံများမှ ခေါင်းဆောင်များ၊ အစိုးရများ၊ လုပ်ငန်းကြီးများကို ဖောက်ထွင်းခြင်း၊ တိုက် ခိုက်ခြင်းများ တိုးမြှင့်မည်ဖြစ်ကြောင်း ၂၀၁၂ အတွင်း ၀ီကီလိခ်အမှုဖြင့် နံမယ်ကြီးလာသည့် ဆိုက် ဘာတော်လှန်ရေးအဖွဲ့တခုဖြစ်သည့် Anonymous မှ သတိပေးထားသည်။
မြန်မာပြည်နှင့် ပတ်သက်ပြီး
The Voice ဂျာနယ် အား MMCF မှ တစ်ကြိမ် ဖောက်ထွင်းခြင်း၊
Eleven Media အား Red Army Team မှ ၂ ကြိမ်၊ BHG မှ တစ်ကြိမ်၊ ကိုအောင်ချမ်းမြေ့မှ တစ်ကြိမ်၊ MMCF မှ တစ်ကြိမ် စုစုပေါင်း ၅ ကြိမ်၊
ယခုရက်ပိုင်းတွင် တိုက်ခိုက်ခြင်း ခံထားရသည်။
တိုက်ခိုက်ခဲ့သူ Hacker များက ၎င်း တို့ တိုက်ခိုက်ရသည့် အကြောင်းပြချက်အား Eleven နှင့် The voice တို့၏ သတင်းလိမ်မှု၊ ပြည်သူ့ဝန်ထမ်းများကို စော်ကားပြောဆိုမှု၊ မှားယွင်းစွာစွတ်စွဲမှု စသည်ဖြင့် အဆိုပါ ဂျာနယ်များ၏ မှားယွင်းမှုများကို ထောက်ပြဆုံးမခဲ့ ကြသည်။
လက်တလောအားဖြင့် Eleven Media သည် မြန်မာနိုင်ငံတွင် အတတ်ပညာအညံ့ဆုံ နံပတ်ဝမ်း အဆင့်တစ် ဂျာနယ် တစ်စောင်ဖြစ်ပြီး တစ်လ အတွင်း ၅ ကြိမ်ဖောက်ခံထားရသည်။
www.MyanmarExpress.net

.jpg)
1 comments:
မြန်မာပြည်မှာ ဘာအရည်အချင်းသတ်မှတ်ချက် qualification မှ မလိုဘဲလုပ်စားလို့ရတဲ့ profession ကတော့ media (သို့) journalism လောကဘဲ၊ တခြား profession တွေအားလုံး အရည်အချင်းသတ်မှတ်ချက်တွေရှိတယ်။ ဥပမာ.. ဆရာဝန် - M.B.B.S, အင်ဂျင်နီယာ - B.E.,B.Tech., ရှေ့နေ -LLB, ကျောင်းဆရာ - B.Ed., စာရင်းကိုင်စာရင်းစစ် -B.Com.,CPA., စစ်ဗိုလ် -DSA ..စသည်ဖြင့်ရှိကြပါတယ်။ ပညာအရည်အချင်းတင်မကပါဘူး၊ ethics, code of conduct တွေပါရှိကြပါတယ်။ မြန်မာပြည်က journalists တွေက journalism နဲ့ဘွဲ့ရထားသူကောရှိရဲ့လား။ နာမယ်ကြီး ဂျာနယ်တစောင်ရဲ့ ကျုပ်တိုမြို့သတင်းထောက်ကတော့ ၁၀တန်း ၂ခါကျလို့ပြောပါတယ်။ နိုင်ငံခြားမှာဆိုရင် သတင်းထောက်၊ အယ်ဒီတာတစ်ယောက် ဖြစ်ဘို့ ဘာသာရပ်တစ်ခုခုမှာ အဆင့်မြင့်ဘွဲ့ပညာအရည်အချင်းအပြင် သတင်းစာပညာဘွဲ့ပညာ ရရှိထား ဘို့လိုတယ်လို့ ကျနော် ကြားဘူးထားပါတယ်။ စီးပွားရေးအယ်ဒီတာလုပ်ဘို့ သူကိုယ်တိုင်က economics နဲ့ဘွဲ့ရထားတဲ့ economist ဖြစ်ရမဲ့အပြင် သတင်းစာပညာဘွဲ့ပါရရှိ ထားရမယ်ဆိုတဲ့သဘောပါ၊ ပေါက်ပန်းဈေး သတင်းလောကမဖြစ်ဘို့၊ အဆင့်အတန်းဂုဏ်သိက္ခာအဆင့်အတန်း credibility ရှိတဲ့ သတင်းလောကဖြစ်ဘို့ဆိုရင် journalist qualifications တွေကို ဥပဒေ ပြဌာန်းသတ်မှတ်ပေးသင့်ကြောင်း။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်