Subscribe to our RSS Feed

မြိတ်မြို့ ကွမ်းရာဆိုင်များမှ ကာမရာဂစိတ်ကြွဆေးဝါးများ ဖမ်းမိ

From : ရဲဇာနည်
 
မြိတ်ရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ ဘုရားကိုင်ရပ်ကွက်
ကွမ်းယာဆိုင်၊ (၁)ရပ်ကွက်ရှိ ကွမ်းယာဆိုင်နှင့်ဈေးတန်းရပ်ကွက်ရှိကွမ်းယာ ဆိုင်များသို့ အဖွဲ့များခွဲ၍၀င်ရောက်ရှာဖွေခဲ့ရာ
ကွမ်းယာဆိုင်အသီးသီးတွင်Red Spider စာတမ်းပါကော်ဖီမစ်ထုပ်၊ American စာတမ်းပါ ကော်ဖီမစ်ထုပ်၊ လိင်ပိုင်းဆိုင်ရာ နိုးကြွစေသည့်
တရုတ်နိုင်ငံထုတ်ဆေးဝါးမျိုးစုံ၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၆၇၀၀၀ိ/-)ခန့်အား ဖေဖော်ဝါရီ ၉ရက်ကဖမ်းဆီးရမိခဲ့ရာ
မြိတ်ရဲစခန်းမှအမျိုးသားဆေးဝါးများဥပဒေပုဒ်မ ၁၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း ရဲဇာနည်မှသိရသည်။
် ထိုအတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်
မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည်ကထားဝယ်မြို့၊ ပုံကျွန်းရပ်ကွက် ရှိ““အာရုဏ်ဦး””ဆေးဆိုင်သို့
၎င်းနေ့က သတင်းအရ၀င်ရောက်ရှာဖွေရာ အမျိုးသမီးများအားတိုက်ကျွေးပါက ကာမရာဂစိတ်ကိုထကြွစေသည့်
တရုတ်နိုင်ငံထုတ် Hongzhizhu,Jita Kewang, Taiguofenနှင့် Cangyingfen စာတမ်းများပါ တရားမ၀င်ဆေးမှုန့်အထုပ်(၂၆၈)ထုပ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ ကြောငှ်းသိရသည်။
ဆိုင်ရှင်အား ထားဝယ်ရဲစခန်း(ပ)၅၉/၂၀၁၃၊ အမျိုးသားဆေးဝါးများဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး
အဆိုပါဆိုင်သို့ထပ်မံရှာဖွေခဲ့ရာ တရုတ်နိုင်ငံထုတ် ဆေးများဖြစ်သည
့် ကျားဟိုမုန်းအားတိုးဆေး Play Boy စာတမ်းပါဆေးအမျိုးအစား ၆ မျိုး၊
အချိန် ကြာမြင့်စေသည့်လိမ်းဆေး၊Sholonying စာတမ်းပါလိမ်းဆေး၊Lady A Bergin စာတမ်းပါ လိမ်းဆေး၊
Nivea Beauty Breast စာတမ်းပါလိမ်းဆေး ၂ မျိုး၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၉၆၅၀၀ိ/-)ခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု ရဲဇာနည်မှသိရသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်