Subscribe to our RSS Feed

မြန်မာ့ တပ်မတော်နှင့် Myanmar Express Website ပတ်သက်ခြင်းမရှိဟု တပ်မတော်မှ အရာရှိကြီးတစ်ဦးမှ ပြောကြား

From : https://www.facebook.com/photo.php?fbid=534414316599211&set=a.459462620761048.101426.459386844101959&type=1&theater


မြန်မာနိုင်ငံ၏ နိုင်ငံရေးလောကတွင် ထင်ရှားသော အတိုက်အခံ
နိုင်ငံရေးသမားများနှင့် မီဒီယာ လုပ်ငန်းရှင်များ၏ အတွင်းရေး
ပုဂ္ဂိုလ်ရေးများကိုမကြာခန ဖွင့်ချရေးသားလျက်ရှိသော Myanmar Express Website နှင့် မြန်မာ့တပ်မတော်မည်သည့်ပတ်သက်မှုမျှမရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ ပြောကြားသွားသည်။

“ ကျွန်တော်တို့တပ်မတော်နဲ့ Myanmar Express Website ဘယ်လိုမှ ပတ်သက်မှုမရှိပါဘူး Myanmar Express ကို ဘယ်သူတွေစီမံနေလဲဆိုတာ မသိပါဘူး။ ကျွန်တော်တို့တပ်မတော်မှာ တရားဝင်တင်ထားတဲ့ မြ၀တီ
Web Portal ပဲ ရှိပါတယ်ဟု” ပြောဆိုသွားသည်။

၎င်းမှ ယနေ့ခေတ်တွင် လူတိုင်းအင်တာနက်တွင် လွတ်လပ်စွာ
ကိုယ်ပိုင် Website ၊ Blog နှင့် Facebook စာမျက်နှာများ ထူထောင်ရန် လွတ်လပ်စွာရေးသား ဖော်ပြလျက်ရှိကြောင်း၊ Internet ကို
အသုံးပြုသူများသည် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမြင်မတူသည်များကို လွတ်လပ်စွာရေးသားလျက်ရှိကြောင်း
မြန်မာ့တပ်မတော်နှင့် ပတ်သက်၍လည်း မဟုတ်မမှန်သော သတင်းများကို တင်နေသည့် Website နှင့် Blog အများအပြားရှိကြောင်း ၎င်းကဲ့သို့ တစ်ဖက်နှင့် တစ်ဖက် စွပ်စွဲပုတ်ခတ် ရေးသားချက်များနှင့်ပတ်သက်၍
အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ(၂၀၀၄)ပုဒ်မ(၃၄-က)အရ
အရေးယူနိုင် သော်လည်း နည်းပညာအရ တရားခံကို ဖော်ထုတ်ရန်
မဖြစ်နိုင်သေးကြောင်း ပြောကြားသွားသည်။

ယခုအခါ ပုဂ္ဂလိကမီဒီယာ များ၏ Website များအား Cyber Attack ဖြင့် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်လာခဲ့ပြီး ကနဦးအစတွင် ၎င်းတိုက်ခိုက်မှုများအတွက် Myanmar Express တွင် တာဝန်
ရှိကြောင်း Eleven Media Group မှ စွပ်စွဲကာ သတင်းမီဒီယာ
ကောင်စီများထံ တိုင်စာများပေးပို့ခဲ့သော်လည်း ၎င်းတိုက်ခိုက်မှုများနှင့်
ပတ်သက်၍ မြန်မာနိုင်ငံ နာမည်အကြီးဆုံး Hacker အုပ်စုတစ်ဖွဲ့ဖြစ်သော BHG အဖွဲ့မှ ၎င်းတို့ တိုက်ခိုက်ကြောင်း ၀န်ခံထားပြီး The Voice အား တိုက်ခိုက်သည့် Hacker များကိုလည်း ဓာတ်ပုံနှင့်တကွ ဖော်ထုတ်
ထားကြောင်း တွေ့ရှိရသည်။ ၎င်းဖော်ပြထားသည့် ဓာတ်ပုံပိုင်ရှင်
မှလည်း The Voice Facebook သို့ Hacker လုပ်ခဲ့သည်မှာ မှန်ကန်ကြောင်း ၀န်ခံထားသည်ကို တွေ့ရှိရပါသည်။

Myanmar Express Website အနေဖြင့် ယခင်က လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ပုဂ္ဂိုလ်ရေးဆိုင်ရာဝေဖန်ရေးသား
မှုများ ရှိခဲ့သော်လည်း ယခုနှစ်မှစ၍ ဒေါ်အောင်ဆန်းစုကြည်အား
အပုတ်ချရေးသားထားသည့် အကြောင်းအရာများ မတွေ့ရတော့ကြောင်း သိရှိရသည်။


 www.MyanmarExpress.net
 

6 comments:

အကိုရေ.. BHG က the voice ကို hack တဲ့လူလဲဖော်ထုတ်ပြီးရော the voice facebook page ဖျက်ပြီးပြေးသွားပြီဗျ.. Congratulations BHG!

မြန်မာ့ တပ်မတော်နှင့် Myanmar Express Website ပတ်သက်ခြင်းမရှိဆိုတာထင်ရှားပါတယ်။ သိပြီးသားပါ။

နိုင်ငံတော်ရဲ့ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေတဲ့ တပ်မတော်အနေနဲ့ Myanmar Express Website က ရေးသားတဲ့လူတွေရဲ့အဆင့်အတန်းကွားခြားလှပါတယ်။

ဥပမာပေးပါရစေဗျာ။ ခြင်္သေ့ နဲ့ မြေခွေးလိုပေါ့

ရေးသားသူ DSA25

Like Myanmar express......essential need web site

dsa 25!U r incredibily intellgent n thoughtful.Coz U think systematically.The bloggers writing this site must be taught n they r so rude,so personally n low std..

we need many web site likes"express"

တပ်မတော်သည် ကျေးဇူးရှင်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်