From : http://www.kachindailynews.com/2013/02/blog-post.html
ကချင်ပြည်နယ်အတွင်း တရုတ်ကုန်ပစ္စည်းများနှင့်
စားသောက်ကုန်များ ၀င်ရောက်မှု ရပ်တန့်နေသည့်အပြင် ဒေသအတွင်းထွက်ကုန်ပစ္စည်းများမှာလည်း
ဒေသအတွင်း၌သာ ရောင်းချနေရသည့် အတွက် ဒေသထွက် ကုန်ပစ္စည်းများဈေးကျကာ တရုတ်ကုန်ပစ္စည်းများနှင့် စားသောက်ကုန်ဈေးနှုန်း မှာ
မြင့်မားသထက် မြင့်မားလျက် ရှိနေပါသည်။ တရုတ်နိုင်ငံဘက်သို့ ခြေလျင်ခရီးဖြင့် သွားရောက်နေသူ များရှိသော်လည်း
၎င်းတို့မှာ သက်စွန့် ဆံဖျားလုပ်ကိုင်နေရခြင်းဖြစ်သည်။ KIAတပ်ဖွဲ့နှင့်တွေ့ ပါက ငွေကြေးအများကြီးပေးနေရသော်လည်း
စိတ်ချရ သည်မဟုတ်ဘဲ လူသစ်စုဆောင်းခြင်းခံ ရသည့်အတွက် ခြေလျင်သွားလာသူများလည်း တစ်နေ့ထက်တစ်နေ့
ပိုမိုနည်းပါးလာလျက်ရှိကြောင်း သိရှိရပါသည်။
ဗန်းမော်မြို့မှ
လွယ်ဂျယ်သို့သွားလာနေသော
လမ်းကြောင်းတွင် KIA တပ်များကမိုင်းထောင် ဖျက်ဆီး ထားသည့်အတွက် ယခုအခါ
မော်တော်ယာဉ်များသွားလာမှုရပ်တန့်လျက်ရှိသည်။
ဗန်းမော်မြို့ ဒေသခံ များ အနေဖြင့် ဗန်းမော်မြို့မှ
ထွက်ရှိသောကုန်ပစ္စည်းများအား တရုတ်နိုင်ငံဘက်သို့ သွားရောက်ရောင်းချပြီး
တရုတ် ကုန်ပစ္စည်းများပြန်လည်တင်သွင်းခြင်းဖြင့်
ဗန်းမော်မြို့၏စီးပွားရေးမှာ လည်ပတ်လျက်ရှိပါသည်။ယခုအခါ
ကေအိုင်အေတပ်ဖွဲ့များ၏လက်သံပြောင်မှုကြောင့် မြစ်ကူးချောင်းကူး တံတားများမှာ
ပျက်စီးနေပြီး
ကားလမ်းမှာ သွား၍မရအောင်ဖြစ်နေပါသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်