Subscribe to our RSS Feed

သမ္မတကြီးဦးသိန်းစိန်၏ အကျင့်ပျက်ချစားမှု ပပျောက်ရေး စီမံချက်အရ အကောက်ခွန် ဝန်ထမ်း ၃၅ ဦး အား အရေးယူ

From : the voice

အကောက်ခွန် ဝန်ထမ်းများ တာဝန် ပျက်ကွက်ခြင်း၊ မမှန်မကန် လုပ်ခြင်းကို စီးပွားရေး လုပ်ငန်းရှင် များက သက်သေ အထောက် အထားနှင့် တိုင်ကြားသည့် အတွက် ၂၀၁၂ ခုနှစ် အတွင်း အကောက်ခွန် အဆင့်မြင့် အရာရှိ နှစ်ဦး အပါအဝင် ဝန်ထမ်း ၃၅ ဦးကို ယင်း ဦးစီး ဌာနက အရေး ယူပြီး ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်း က ဇန်နဝါရီ ၃၀ ရက်နေ့ တွင် The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

အရေးယူ ခံရသည့် အကောက်ခွန် ဝန်ထမ်း များတွင် ညွှန်ကြားရေးမှူး နှစ်ဦးကို အလုပ်မှ ထုတ်ပယ်ခြင်း၊ အခြား အဆင့် ဝန်ထမ်း ၃၃ ဦး ကို ရာထူး တစ်ဆင့်လျှော့ အပြစ် ပေးခြင်း၊ ဌာန ပြောင်းခြင်း ပြုလုပ်ကာ အရေးယူ ဆောင်ရွက်ပြီး ဖြစ်ကြောင်း ယင်း ဦးစီးဌာန ၏ အဆင့်မြင့် အရာရှိကြီး တစ်ဦးက The Voice Weekly ၏ မေးမြန်းချက် ကို ဖြေကြားသည်။
"အရင် နှစ်တွေ ထက် ၂၀၁၂ ခုနှစ်မှာ အရေးယူ ခံရတာ အများ ဆုံးပဲ" ဟု ၄င်းက ပြောပြသည်။

အရေးယူ ခံရသည့် အဆိုပါ ဝန်ထမ်း များကို အထူး စုံစမ်း စစ်ဆေးရေး ဦးစီး ဌာနက ခေါ်ယူ စစ်ဆေးကာ ထိုမှ တစ်ဆင့် သမ္မတရုံး သို့ တင်ပြခြင်း ဖြစ်ပြီး သမ္မတရုံး ထံမှ အရေးယူ ဆောင်ရွက်ရေး ညွှန်ကြားချက် အတိုင်း အကောက်ခွန် ဦးစီး ဌာနက အရေးယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။
"ဒါက တင်သွင်းသူ စီးပွားရေး သမား အချင်းချင်း မတည့်လို့ တိုင်ကြ တာလည်း ပါတယ်။ တခြား ကဏ္ဍ တွေမှာတော့ ဘယ်လို ရှိမယ် မသိဘူး။ ကား တင်သွင်းတဲ့ ဘက်မှာတော့ မမှန် မကန် လုပ်တာထက် လုပ်ထုံး လုပ်နည်း အခက် အခဲတွေ ရှိတာပါ" ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူ နှင့် ကုန်သည် လုပ်ငန်း ရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောပြသည်။

မမှန်မကန် လုပ်ခြင်း၊ လာဘ်ယူခြင်း များကို အကောက်ခွန် ဦးစီး ဌာနသို့ ခိုင်လုံသည့် သက်သေ အထောက် အထား များနှင့် တိုင်ကြားရန် လိုအပ်ကြောင်း၊ ယင်းသို့ တိုင်ကြား လာပါက ဌာနတွင်း အစည်းအဝေး လုပ်ကာ စုံစမ်းရေး ခုံရုံးဖွဲ့၍ စစ်ဆေး မေးမြန်း ပြီးနောက် ဌာန ဆိုင်ရာ အစည်း အဝေး ပြုလုပ်ပြီး၊ မမှန်မကန် လုပ်ကြောင်း ထင်ရှားပါက နိုင်ငံ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများ အတိုင်း အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ယင်း ဦးစီးဌာန ထံမှ စုံစမ်း သိရှိ ရသည်။

 
www.MyanmarExpress.net

 

4 comments:

11 media က ဒေါက်တာသိန်းမြင့်တို့ တိုင်ကြားစာ ပို့ တိုင်လို့ ဖြုတ်ထုတ် လုပ်တာပြောတယ်။ ဒေါက်တာသိန်းမြင့် အင်တာဗျူးအရဘဲလေ။ သက်ရောက်မှုတိုင်း တန်ပြန်သက်ရောက်မှုတော့လာ တတ်တယ်။ ဘာသာတရား အရ ၀ဋ်ဆိုတာ အချိန်တစ်ခုမှာ ပြန်လိုက်ကိုလိုက်တယ်။ မြန်မာနိုင်ငံ လာဘ်ဘေးလာဘ်ယူ အက်ဥပဒေအရ..ယူသာသာမက ပေးသူလည်းရာဇ၀တ်မှုကျူးလွန်တာဘဲဖြစ်တယ်လို့ အတိအကျဆိုထားတယ်။ဒါကြောင့်ပေးတဲ့သူတွေကို ပါထိရောက်စွာအရေးယူသင့်ပါတယ်။ မပေးရင် ဘယ်သူမှလဲယူလို့မရပါဘူး။ သူများကို ပြုတ်အောင်တိုင်တဲ့ 11 က ရှောင်ထားတဲ့ လိမ်ထားတဲ့ သန်းပေါင်းများစွာသော အခွန်ကိစ္စတွေကျတော့ကော..11 ကို ဘယ်လိုအရေးယူမလဲ..ရှင့်

မူဝါဒကောင်းနေပြီ

ီူလူစာရိတ္တ ကောင်းဖို့

အရေးတကြီး လိုနေပြီ။

Only custom officers!others?Taking bribe is everywheruption must be got rid of.From the topmost level to grass root level.Or unfair cases will occur.Make all authorities concern reveal their possessions!Take action at once.Or u will be politically decline. Some officers, though they were not lrich,now become richer than before inappropriately to their salarise!!!!!?

အပါတ်စဉ်စောင်ရေလျော့ပေါ့ပြီး မင်းတို့အခွန်လွတ်အောင်လုပ် နေတာလဲပြည်သူဘဏ္ဏာကိုလိမ်ညာနေတာမဟုတ်ဘူး လား 11 ရဲ့ မင်းတို့လဲဥပဒေကိုလိုက်နာအောင်ကျိုးစားပါ။ သူများသတင်း။အသင်းတွေရေးရင်ကိုယ့်လူတွေလဲစည်း ကမ်းတကျလုပ်ပါလို့အကြံပေးချင်တယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်