Subscribe to our RSS Feed

KIA နဲ့ ပူးပေါင်းထားတဲ့ ABSDF အဖွဲ့ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ဖားကန့် ရှိ ကေအိုင်အေ အရာရှိအချို့ သံသယရှိနေ

From : http://www.kachindailynews.com/2013/01/kia-abfdf.html

လိုင်ဇာမှာ ရောက်ရှိနေတဲ့ ABFDF တပ်ဖွဲ့ဝင်တွေနှင့် သတင်းထောက်တွေ ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ကေအိုင်အေ အရာရှိ အချို့ကသံသယရှိနေကြပါတယ်။




       ဖားကန့်ဒေသရှိ KIA တပ်ရင်း(၆) က အရာရှိတစ်ဦးမှ "စစ်တပ်က ကျွန်တော်တို့ နေရာယူထားပုံ ၊ လူအရေအတွက် နှင့်

လက်နက် အမျိုး အစားတွေ ကို ကြိုသိထားသလိုပဲဗျာ၊ သူတို့ ကျွန်တော်တို့ စခန်းကို လာတိုက်တဲ့ စစ်ဗျူဟာ ကို သုံးသပ်ကြည့်ရင် ကျွန်တော်တို့ရဲ့ လူတွေ မရှိတဲ့ ဘက်ကနေ ၀င် ၀င် တိုက်တာ တွေ့ရတယ်၊ အဲဒီ စခန်းတွေကို ABSDF က ကောင်တွေ ၀င်လိုက် ထွက်လိုက် လုပ်နေတာလေ" ဟု ကချင် ဘာသာ စကားဖြင့် ရှင်းပြသည်။

'"ကျွန်တော် ကတော့သတင်းထောက်တိုင်းကို မယုံဘူးဗျ၊ အစိုးရ သတင်းပေးတွေ ဖြစ်နိုငတယ်လေ။ သူတို့က ရန်ကုန်မှာေ နလာကြတာလေ။ကျွန်တော် တို့ ခေါင်းဆောင်တွေ ကတော့ ဘယ်လို စိတ်ကူးနေလဲ မသိပါဘူ" ဟု တရုတ်ခေါက်ဆွဲခြောက်စားရင်း
 ထပ်မံ ရှင်းပြသည်။

ပြည်ထောင်စု စစ်တပ် နှင့် KIA တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ဖြစ်ပွားခါစ ယခင်တုန်းက KIA တပ်ဖွဲ့ဝင်များက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို ကြိုပြီး သိနေလို့ အောင်မြင်မှု့ များ ရှိခဲ့ကြောင်းနှင့် ယခု အခါ KIA ရဲ့ လှုပ်ရှားမှုတွေ နဲ့ ရည်မှန်းချက်တွေကို ABSDF နဲ့ မီဒီယာ သတင်းထောက် အယောင်ဆောင် သတင်းပေးတွေ အကူအညီ နဲ့ စစ်တပ်ကကြိုသိနေတယ်လို့ ယူဆနေပါတယ်

သူလျှို တစ်ယောက်ဟာ စစ်သည်ပေါင်း တစ်ထောင် အင်အားနဲ့ ညီမျှတယ်လို့ ဘီစီ ၅ ရာစုခန့်က စစ်ပညာရှင် ဆွန်ဇုက ပြောဖူးပါတယ်။
 
 www.MyanmarExpress.net
 

6 comments:

Myanmar Express

လူသတ်အဖွဲ့ ABSDF ဘာကြောင့် သောင်းကျန်းသူ ကေအိုင်အေ နဲ့ ပေါင်းသလဲ?


၁။ တစ်ချိန်က ABSDF လို့အမည်တပ်ထားတဲ့ နာမည်သေ ကျောင်းသားတပ်မတော်ရဲ့ အဖွဲ့ဝင်အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ABSDF မြောက်ပိုင်း လူသတ်မှုများ၊ မြောက်ပိုင်းမှ အရိုးတွန်သံများ ဆိုတဲ့ ဖွင့်ဖောက်ချမှု ကနေ ပြည်သူတွေ သိခွင့်ရခဲ့ကြတယ်။

၂။ နိုင်အောင်၊ အောင်နိုင်၊ မိုးသီးဇွန် ဆိုတဲ့ ကောင်တွေရဲ့ မှားယွင်းတဲ့ အယူဝါဒ၊ ခေါင်းဆောင်မှုနဲ့ တယူသန်ဝါဒတွေရဲ့အောက်မှာ တပ်ဖွဲ့ဝင်အချင်းချင်း အစိုးရ ထောက်လှမ်းရေးသူလျှို ဆိုပြီး စွပ်စွဲ၊ ရက်ရက်စက်စက် လည်ပင်းကို ၀ါးကြောနဲ့လှီး၊ ပေါင်ကိုခွဲ ဆားသိပ်၊ အမျိုးသမီး ဆိုရင် မိန်မအင်္ဂါကို တံစို့ကို မီးရဲရဲ ကင်ပြိး ထိုးသတ် ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေသိရှိခဲ့လို့ ABSDF ကို အော့နှလုံးနာခဲ့ကြတယ်။

၃။ တပ်မတော်အစိုးရကနေ လက်ရှိ ဒီမိုကရေစီအစိုးရအဖြစ် နိုင်ငံရဲ့အုပ်ချုပ်ရေးကို အသွင်ပြောင်းလဲလိုက်တဲ့အချိန်မှာ နယ်ပယ်အသီးသီးကိုလဲ မူဝါဒနဲ့ အသွင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာချိန်မှာတော့ ပြည်ပကနေ ယခင်အစိုးရကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြသူတွေကို နဂိုက ဘာတွေဘဲ လုပ်ခဲ့ လုပ်ခဲ့ ဒါတွေကို ပြည်ဖုံးကားချပြီး ပြည်တွင်းကို ၀င်ရောက်လာနိုင်ဖို့အတွက် ဖိတ်ခေါ်မှုတွေပြုလု့ပ်ခဲ့တယ်။

၎။ ဒီလိုအခွင့်အရေးရမဲ့အချိန်ကို စောင့်နေတဲ့ ABSDF ကကောင်တွေ သူတို့ရဲ့ နာမည်သေ ABSDF ကို အသက်သွင်းဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ ABSDF ဆိုတဲ့ နာမည်နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလို နေရာရဖို့ ကြိုးစားခဲ့တယ်။

၅။ ပထမဆုံး နည်းလမ်းအဖြစ် မိုးသီးဇွန် မြန်မာပြည်ပြန်လာပြီး ပြည်သူ့မေတ္တာဘွဲ့များ ရမလား ဆိုပြီး စမ်းကြည့်တယ်။ မိုးသီးဇွန်တို့ ချွေးနဲ့ပေးဆပ်နေပါပြီ ဆိုပြီ ဆန်အိတ်တွေ ဘာတွေတောင် ထမ်းပြလိုက်သေးတယ်။ ABSDF ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ABSDF မြောက်ပိုင်းလူသတ်မှုတွေရယ်၊ မလေရှားမှာ ကုလားတွေနဲ့ပေါင်းပြိး Rohingya ဆိုတဲ့ ကုလားတွေကို မြန်မာတိုင်းရင်းသားဖြစ်အောင် နိုင်ငံခြားသတင်းဌာနတွေနဲ့ လက်ဝါချင်းရိုက် လိမ်ခဲ့တာတွေရယ်ကြောင့် ABSDF ခေါင်းဆောင် တစ်ယောက် ABSDF မြောက်ပိုင်းလူသတ်မှုတွေကြောင့် တရားစွဲခံရမှာလဲကြောက်၊ သူ့ကိုယ်သူ ပြည်သူ့အော့နှလုံးနာကြီး ဆိုတာလဲ သိတော့ ပြန်ပြေးရှာပါတော့တယ်။

၆။ ဒါနဲ့တင် ရပ်သလား ဆိုတော့ မရပ်ပါဘူး၊ ABSDF နည်းလမ်းရှာပါပြီ၊ ပြောင်ပြောင်တင်းတင်း ပါဘဲ၊ ဘာမဆိုင် ညာမဆိုင် KIA ဆီကို ပြေးကပ်ပြိး ABSDF ကို အသက်သွင်းဖို့ ကြိုးစားပြန်ပါတယ်။ KIA က တပ်မတော်ကို ခြုံခိုတိုက်တဲ့အခါ၊ KIA က အသာစီးရနိုင်တဲ့ တိုက်ပွဲတွေ မှာ Movies ဖိုင်တွေ ဓာတ်ပုံတွေ ရိုက်၊ တရုတ် Internet လိုင်းကိုသုံးပြီး နိုင်ငံခြားသတင်းဌာန၊ အစိုးရကို ကန့်လန့်တိုက်နေတဲ့ သတင်းဌာနတွေ၊ Social Network တွေပေါ်ကို တင်ပြီး KIA ဘက်က ကူသယောင်နဲ့ ABSDF ကို နာမည်ရအောင် လုပ်တယ်။ တိုက်ပွဲ movies ဖိုင်တွေမှာ ABSDF ဆိုတဲ့ နာမည်ကို ပါအောင် သုံးတယ်။

၇။ လက်ရှိအခြေအနေမှာ တိုက်ပွဲကာလ ကြာလာတာနဲ့အမျှ KIA ရဲ့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွတ်လိုတဲ့ မူဝါဒ၊ ကချင်ပြည်နယ်က သံယံဇာတတွေကို ယခင်ကလိုဘဲ လက်ဝါးကြီးအုပ်၊ လိုင်ဇာကနေ တရုတ်ကို ခိုးထုတ်ပြီး အမြတ်ကြီးစားဘဲ ဆက်လုပ်ချင်နေတာပါ ဆိုတဲ့ ရုပ်လုံးကလည်း ပေါ်လာ၊ KIA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူတွေကလည်း ပြင်းပြင်းထန်ထန် ရှုံချ၊ စစ်ရေးအရလဲ KIA ဌာနချုပ်ကလွဲလို့ စခန်းတွေအားလုံး ကျပြီး ရှုံးနိမ့်တော့မဲ့ အခြေအနေကို ရောက်နေပြီ ဆိုတော့ ABSDF အတွက် ကျင်းထဲကြပ်ထဲကို ရောက်နေပါပြီ။

၈။ ABSDF အတွက် ဒုတိယနည်းလည်းကလည်း အဆင်မပြေပြန်ပါဘူး။ ပြည်သူကလည်း ဘယ်လိုနည်းနဲ့မှ လက်ခံမှာမဟုတ်ဘူး ဆိုတာ သိသွားပါတယ်။ ဒီတော့ တစ်ဘက်လှည့်နဲ့ ၀င်ဖို့ ကြိုးစားပါလိမ့်မယ်။ ဥပမာ (KIA ရဲ့တပ်စခန်းတွေ၊ လက်နက်၊ အင်အား၊ တည်နေရာတွေ) ကို အစိုးရကို သတင်းပေးတဲ့ နည်းလမ်း သုံးပြီး အစိုးရကိုကပ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ABSDF အတွက် နောက်ဆုံး ထွက်ပေါက်ရှာမဲ့ နည်းလမ်းဖြစ်ပါတယ်။

၉။ KIO / KIA တွေ သိဖို့က လူသတ်အဖွဲ့ ABSDF ဆိုတာ KIA ကို ချစ်လွန်းလို့ လာ ပူပေါင်းတာ မဟုတ်ဘူး။ ABSDF ဆိုတဲ့ နာမည်သေ တစ်လုံးကို အသက်သွင်းချင်လို့ KIA ဆီကို လူသတ်အဖွဲ့ ABSDF ရောက်နေတယ် ဆိုတာပါဘဲ။

From: myanmarpyithar

KIA က ABSDFကို ကုပ်ခွစီးနေတာလား။ABSDFကပဲKIA ကိုနောက်ကျော ဓားနဲ့ထိုးနေတာလား ။

Yes..KIA and ABSDF are evils of exist.

ရှူး တိုးတိုး စစ်အောင်နိုင်ရေးမှာအရေးပါတယ် ပေါက်ကြားသွားရင်အသတ်ခံရနှိုင်တာ မဖေါ်ကြပါနဲ့ကွာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်