From : popular
www.MyanmarExpress.net
နေပြည်တော်၊ ဖေဖော်ဝါရီ ၎
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စီးပွားရေးဇုန်တွင် စက်ရုံအဟောင်းများ တည်ဆောက်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။

”ထိုင်းနိုင်ငံက
စက်ရုံ အ ဟောင်းများ တင်သွင်းရန် အစီအ စဉ်မရှိပါဘူး။ စက်ရုံအဟောင်းများ
တင်သွင်းလာမှုမရှိစေရေးအတွက် ထားဝယ်အထူး စီးပွားရေးဇုန် စီမံ ခန့်ခွဲ
မှုကော်မတီနှင့် စက်ရုံအလုပ် ရုံနှင့် စီးပွားရေးလုပ်ငန်းများ တည်
ဆောက်ထူထောင်ရေးဆိုင်ရာကဏ္ဍ ဆပ်ကော်မတီက စိစစ်ကြပ်မတ် ခြင်း၊
စောင့်ကြည့်ခြင်း ပြုလုပ်ပါ တယ်”ဟု ၄င်းက ပြောသည်။ ပြည်သူ့လွှတ်တော် သယံဇာ
တနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ ကော်မတီအတွင်း ရေးမှူး
ဦးသိန်းလွင်က ထိုင်းနိုင်ငံ၊ လရောင်းဒေသ၌တည်ရှိသော မန် သဖွတ်စက်မှုဇုန်တွင်
ကျန်းမာရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများကြောင့်
စီမံကိန်းများ အချို့ကို ၂ဝဝ၉ ခုနှစ်က ပိတ်သိမ်း
ခဲ့ကြောင်း၊စက်ရုံအချို့မှာ ထိုင်းနိုင်ငံ တွင် ဆက်လက်ထားရှိရန် မသင့်
တော်သောကြောင့်ထားဝယ်ဆိပ်ကမ်း စီမံကိန်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်
ချက်ချ မှတ်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံတရား ရုံးများအာဏာပိုင်များက
ပိတ်သိမ်း ထားခဲ့သော ဓာတုဗေဒ စက်ရုံများ အပါအဝင် အခြားစက်ရုံအဟောင်း
များကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်း တည်ဆောက်ခြင်းကို လုံးဝခွင့်မပြု
စေရေး နိုင်ငံတော်အစိုးရကို တိုက် တွန်းလိုပါကြောင်း၊ ၄င်းစက်ရုံ အ
ဟောင်းတွေကို ထားဝယ် ရေနက် ဆိပ်ကမ်းကို မဖြစ်မနေ ပြောင်းရွှေ့
တည်ဆောက်မည်ဆိုပါက သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်း ဆုံး ဖြစ်စေသည့်
အစီအမံများ၊ ခေတ်မီစက်မှုနည်း ကိရိယာများ၊ ထိန်းချုပ် မှုများ
တပ်ဆင်ပေးရန်အစီ အစဉ်ရှိ၊ မရှိနှင့် စီမံကိန်းတစ်ခုလုံးကို ပြည်သူအများ
သိရှိစေရန်အတွက် ထင်သာမြင်သာရှိစေသော သတင်း အချက်အလက်များကို အချိန်နှင့်
တစ်ပြေးညီ ထုတ်ပြန်ပေးစေရေး ဆောင်ရွက်ပေးနိုင်ရန် ပြည်သူ့လွှတ် တော်တွင်
ဖေဖော်ဝါရီလ ၄ ရက် နေ့က မေးမြန်းခဲ့မှုအပေါ် ၄င်းက အထက်ပါ အတိုင်းပြောကြာြး
ခင်း ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးဝင်း ထွန်းက စီမံကိန်းတွင်တည်ဆောက်
မည့်စက်ရုံ၊ အလုပ်ရုံနှင့် ဆက်စပ် ပစ္စည်းများအား နိုင်ငံတကာ စံချိန်စံ
ညွှန်းများနှင့်အညီ စနစ်တကျ စစ် ဆေးရန်စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံ
နှင့်နည်းပညာဝန်ကြီးဌာန၊ အကောက် ခွန်ဆိုင်ရာကိစ္စရပ်များ စိစစ်နိုင်ရန်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပို့ကုန် သွင်းကုန်ဆိုင်ရာ ကိစ္စရပ်များ
စိစစ်နိုင်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စသည် ဖြင့်
ပူးပေါင်း၍ လိုအပ်သော ကြို တင်ကာကွယ်တားဆီးမှုများ လုပ်
ထုံးလုပ်နည်းများချမှတ်ထားကြောင်း ပြောသည်။သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဥပဒေပုဒ်မ ၁၄၊ ၁၅ တွင် ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှုကို ဖြစ်စေသည့်ပစ္စည်း များနှင့် ပတ် သက်သည့်အချက်များ ပြဋ္ဌာန်းထား ကြောင်း ၄င်းက ပြောသည်။ ထားဝယ်အထူး စီးပွားရေးဇုန် တွင်ပြည်ပမှ မည်သည့်ကုမ္ပဏီကို မျှ လုပ်ငန်းဆောင်ရွက် ခွင့်ပြုထား ခြင်းမရှိသေးကြောင်း၊ စက်မှုလုပ် ငန်းများတွင် ပါဝင်မည့် စက်ရုံ၊ အလုပ်ရုံအမျိုးအစားများကို တရား ဝင်သတ်မှတ်ထားခြင်း မရှိသေး ကြောင်း၊ကုန်ထုတ်လုပ် မှု ပြုမည့် စက်ရုံများ၊ အလုပ်ရုံများနှင့် ဝန် ဆောင်မှုပေးသည့် အလုပ်ရုံများ ဟူ၍ပါရှိမည်ဖြစ်ပြီး ကုန်ထုတ်လုပ် မည့်စက်ရုံ၊အလုပ်ရုံများအားအကြီး စားအလတ်စားနှင့် အသေးစားစက် မှုလုပ်ငန်းများဟူ၍ အမျိုးအစားများ ခွဲခြား သတ်မှတ်မည်ဖြစ်ကြောင်း၎င်းက ပြောသည်။ထိုသို့ ပတ်ဝန်းကျင်နှင့် လူမှု ရေး၊ ကျန်းမာရေးတို့အပေါ် ထိခိုက် မှုဆန်းစစ်ခြင်း၊ အစီရင်ခံစာ စိစစ် သုံးသပ်ခြင်း၊ အကြံဥာဏ်များရယူ ခြင်း၊ စီမံကိန်းလုပ်ငန်းခွင် ခွင့်ပြု ခြင်းတို့နှင့်စပ်လျဉ်း၍ အများပြည် သူများသိရှိရန် ထုတ်ပြန်ေ ကြညာသွားမည်ဖြစ်ပါကြောင်း ၄င်းက ပြောသည်။

1 comments:
They could trick Myanmar as they will build new factory. The factory might not produce finish products that could alarm Myanmar. Instead, they might do partial manufacturing process that could leave toxic material on Myanmar soil.
Make sure they announce what kind of chemical wastes would be in their plants.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်