From : ကိုရဲ (ရွှေလီ)
www.MyanmarExpress.net
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
(၁၁) ဖွဲ့ဖြင့် ဖွဲ့စည်းထားသော (UNFC- United Nationalities Federal
Council) ညီညွတ်သောတိုင်းရင်းသားလူမျိုးများ
ဖက်ဒရယ်ကောင်စီ အဖွဲ့တွင်ပါဝင်သော ခေါင်းဆောင်များအား
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်းများမှ အယုံအကြည်မရှိကြောင်း
သိရှိရပါသည်။ “ UNFC က နိုင်ငံရေး သမားတွေနဲ့ ဖွဲ့စည်းထားတာများပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ မပါပါဘူး။ ဥပမာ-
UNFC ဒုဥက္ကဋ္ဌဖြစ်တဲ့ KNU က ဒေးဗစ်တာကပေါဆိုရင် KNU အဖွဲ့မှာ ဘာရာထူးမှ
မရှိပါဘူး။ UNFC မှာ ခေါင်းဆောင်လုပ်နေတဲ့လူတွေက နိုင်ငံရေးဘက်က
လူတွေများတယ်။ နိုင်ငံရေးသမားဆိုတာက သူတို့ ဖြတ်သန်းရတဲ့ ဘ၀တစ်လျှောက်
ဘာအခက်အခဲမှမရှိဘဲ ကမ္ဘာပတ်ပြီး ရန်ပုံငွေရှာနေတဲ့ ပညာတတ်အသိုင်း အ၀ိုင်းတွေ
များပါတယ်။ ဒါကြောင့် တကယ်တောထဲမှာ သေသေကြေကြေ လုပ်ခဲ့ရပြီး
မသေလို့ရာထူးရလာကြတဲ့ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့တော့ မတူပါဘူး။
တောထဲက စစ်ရေးဆိုင်ရာ ခေါင်းဆောင်တွေက စစ်ရေးအတွေ့အကြုံသာရှိပြီး
နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ အားနည်းတယ်။ နိုင်ငံရေးသမား အများစုကတော့
ပညာတတ်ပြီး နိုင်ငံတကာ ဆက်ဆံရေးပညာ ကျွမ်းကျင်ကြတယ်” လို့ ရွှေလီသို့
ရောက်ရှိနေသည့် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးမှ ပြောကြားခဲ့ပါတယ်။
“ KIAကလဲ အစိုးရနဲ့ ဆွေးနွေးတဲ့နေရာမှာ UNFC ကနေတစ်ဆင့်ဆွေးနွေးမယ်ဆိုပြီး ပထမကြေငြာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါကလည်း မူအရလို့ ထင်ပါတယ်။ KIA ခေါင်းဆောင်တွေအနေနဲ့ UNFC ကနေလုပ်ရင် အလုပ်မဖြစ်ဘူးဆိုတာ သဘောပေါက်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် KIA ခေါင်းဆောင်တွေကလည်း UNFC ကို သဘောမကျပါဘူး။ ယုံလဲမယုံကြပါဘူး ” လို့ ၎င်းတိုင်းရင်းသားခေါင်းဆောင်မှ ဆက်လက်ပြောကြားခဲ့ပါတယ်။
လက်ရှိအခြေအနေတွင် မြန်မာအစိုးရမှ ၀န်ကြီး ဦးအောင်မင်းအနေဖြင့် UNFC နှင့် တွေ့ဆုံဆွေးနွေးမည်ဟု ပြောကြားထားသော်လည်း ယခုအချိန်အထိ UNFC မှအဆင်သင့်မဖြစ်သေး၍ ဆွေးနွေးနိုင်ခြင်း မရှိသေးချေ။ UNFC တွင် ပါဝင်သောအဖွဲ့အစည်းများအနက် ကချင်လွတ်မြောက်ရေးအစည်းအရုံး (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (MMSP)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)စသည့် အဖွဲ့(၅) ဖွဲ့ကသာ လက်နက်ကိုင်အင်အား အသင့်အတင့်ရှိသော အဖွဲ့များဖြစ်ပြီး ကျန်အဖွဲ့များမှာ ပြည်တွင်းတွင် ပြောပြလောက်သော လက်နက်ကိုင် အင်အားမရှိကြောင်းလည်း သိရပါသည်။ တိုင်းရင်းသား ပေါင်းစုံအား ကိုယ်စားပြုဖွဲ့စည်းထားသည်ဆိုသော UNFC အဖွဲ့တွင် မြန်မာနိုင်ငံတွင် အင်အားအများဆုံးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော (UWSA) အဖွဲ့၊ မိုင်းလားအဖွဲ့(NDAA)နှင့် SSA မြောက်ပိုင်း (၀မ်ဟိုင်း) အဖွဲ့တို့ ပါဝင်ခြင်းမရှိကြောင်း သိရှိရပါသည်။ ယခုလဆန်းပိုင်းကလဲ UNFC အဖွဲ့၏ ကြေငြာချက်များနှင့် ပတ်သတ်ပြီး KNU မှ ကျေနပ်မှုမရှိသောကြောင့် UNFC တွဲဘက်အတွင်းရေးမှူး ခွန်ဥက္ကာမှ KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးထံ သွားရောက်ဖြေရှင်းခဲ့ရကြောင်းလည်း သိရှိရပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့ဖြင့် ဖွဲ့စည်းထားသော (UNFC- United Nationalities Federal Council) ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့တွင်ပါဝင်သော ခေါင်းဆောင်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်းများမှ အယုံအကြည်မရှိကြောင်း သိရှိရပါသည်။ “ UNFC က နိုင်ငံရေး သမားတွေနဲ့ ဖွဲ့စည်းထားတာများပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ မပါပါဘူး။ ဥပမာ- UNFC ဒုဥက္ကဋ္ဌဖြစ်တဲ့ KNU က ဒေးဗစ်တာကပေါဆိုရင် KNU အဖွဲ့မှာ ဘာရာထူးမှ မရှိပါဘူး။ UNFC မှာ ခေါင်းဆောင်လုပ်နေတဲ့လူတွေက နိုင်ငံရေးဘက်က လူတွေများတယ်။ နိုင်ငံရေးသမားဆိုတာက သူတို့ ဖြတ်သန်းရတဲ့ ဘ၀တစ်လျှောက် ဘာအခက်အခဲမှမရှိဘဲ ကမ္ဘာပတ်ပြီး ရန်ပုံငွေရှာနေတဲ့ ပညာတတ်အသိုင်း အ၀ိုင်းတွေ များပါတယ်။ ဒါကြောင့် တကယ်တောထဲမှာ သေသေကြေကြေ လုပ်ခဲ့ရပြီး မသေလို့ရာထူးရလာကြတဲ့ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့တော့ မတူပါဘူး။ တောထဲက စစ်ရေးဆိုင်ရာ ခေါင်းဆောင်တွေက စစ်ရေးအတွေ့အကြုံသာရှိပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ အားနည်းတယ်။ နိုင်ငံရေးသမား အများစုကတော့ ပညာတတ်ပြီး နိုင်ငံတကာ ဆက်ဆံရေးပညာ ကျွမ်းကျင်ကြတယ်” လို့ ရွှေလီသို့ ရောက်ရှိနေသည့် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးမှ ပြောကြားခဲ့ပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်