Subscribe to our RSS Feed

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး အား ပြည်ထောင်စုနေ့ အခန်းအနား တက်ရောက်ရန် တရားဝင် ဖိတ်ခေါ်

From : http://amayeainn.blogspot.com/2013/02/blog-post_4562.html

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရန် အတွက် အပစ်အခတ် ရပ်စဲရေးစာချုပ်လက် မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် လက်မှတ်ရေးထိုးရ ခြင်း မရှိသေးသော တိုင်းရင်းသာလက်နက်ကိုင် အဖွဲ့များကို တရားဝင်စာပို့၍ ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းဖိတ်ကြားစာကို လက်ခံရရှိခဲ့သော ပလောင်လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ မှန်ပါတယ်။ နိုင်ငံတော် သမ္မတ ရုံး ကနေ အီးမေးလ်နဲ့လည်း တရားဝင်ဖိတ်ကြားထားပါတယ်။ “ (၅) ရက်နေ့ညက ကျွန်တော့် အီးမေးလ်လိပ်စာနဲ့ ဖိတ်စာ ကို ပေးပို့လာ တာဖြစ်ပါတယ်။ ကျနော်တို့ ဘက်က အဲဒီညစာစားပွဲကို တက်ရောက် ဖို့ အစီအစဉ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရှိနေတဲ့ နယ်မြေထဲမှာ အစိုးရတပ်ဖွဲ့တွေက အကြောင်း အမျိုးမျိုးပြပြီး အင်အားတွေတိုးချဲ့ချထားနေလို့ဖြစ်ပါတယ်။ ပြီးတော့ စစ်ကြောင်းတွေနဲ့လည်း ကျွန်တော်တို့ရှိတဲ့ နေရာတွေကို စစ်ဆင်နေတယ်။ တဖက်က မီး၊ တဖက်က ရေပေါ့ဗျာ ခြောက်တခါ ချော့ တလှည့်နည်းနဲ့လုပ်နေတယ်လို့ဘဲမြင်ပါတယ် ” ဟုပြောကြားသွားသည်။


ဖေဖော်ဝါရီ ( ၄ ) ရက်နေ့တွင် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သော အစိုးရနှင့် KIA တို့ဆွေးနွေးပွဲတွင်လဲ ဦးအောင်မင်းမှ KIO အဖွဲ့ခေါင်းဆောင်များအား နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုနေ့ အခမ်းအနား တက် ရောက်ရန် အတွက် တရားဝင်ဖိတ်ကြားမည့် အကြောင်းကို KIO အဖွဲ့ ကိုယ်စားလှယ်များ က ပြောကြား ခဲ့ ကြောင်း ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သော KIO ခေါင်းဆောင်တစ်ဦးမှ ပြောကြား ခဲ့သည်။

နိုင်ငံတော်သမ္မတအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို ပြည်ထောင်စုနေ့အခမ်း အနား နှင့်ညစာစားပွဲသို့ တက်ရောက်ရန် တရားဝင်ဖိတ်ကြားထားသော်လဲ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်မ ရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်အား လက်ခံရန် အကြောင်း မပြန်နိုင်သေးကြောင်း သိရှိရသည်။

3 comments:

ဘာလို့အကြောင်းမပြန်နိုင်သေးတာလဲ လုပ်ကြံခံရမှာတို့ လုံခြုံရေးတို့ဆိုတဲ့ အကြောင်းပြချက်မျိုးဆိုရင်တော့ အဲဒီအဖွဲ့ အစည်းကလူတွေ ကလေးအရမ်း ဆန်သွားပါပီ

The custom of civilization, every one needs to respect the invitation, those rebel armed groups must more respect the President as Head of the State's invitation, even President O'bama came and visited to Myanmar because of President U Thein Sein's invitation. What they are thinking who they are, living in jungle and they must understand who they are rebels, no President (Head of the State) had a dinner with rebels in the world, Myanmar President is too good to them, they don't deserve for rhat.

ကြောက်ချီးပန်းပြီး မလာရဲတာနေမှာပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်