Subscribe to our RSS Feed

ရန်ကုန်မြို့မှာ နွေရာသီကာလအတွင်း လျှပ်စစ်အလုံအလောက် ရနိုင်ဖွယ်ရှိ

From : rfa

ရန်ကုန်မြို့တော်အတွင်း အခုလာမယ့် နွေရာသီမှာ လျှပ်စစ်ဓာတ်အားတွေ လုံလုံလောက်လောက် ရရှိဖို့အတွက် မီဂါဝပ်အား ၅၀ ရှိတဲ့ Gas Engine သုံး ဓာတ်အားပေး စက်ရုံ ၄ ရုံကို အမြန်တည်ဆောက်နေပြီလို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဒီကနေ့ ပြည်ထောင်စုလွှတ်တော် မှာ ပြောကြားလိုက်ပါတယ်။

 
 
၂၀၁၃-၂၀၁၄  အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးတာနဲ့ ပတ်သက်ပြီး  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လွှတ်တော်မှာ အခုလို ပြန်လည်ရှင်းပြခဲ့တာပါ။

ဒီကနေ့ လွှတ်တော်မှာ စီမံကိန်းဥပဒေကြမ်းနဲ့ ပတ်သက်ပြီး နောက်ဆုံးဆွေးနွေးတဲ့နေ့မှာ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနက ဝန်ကြီး၊ ဒုဝန်ကြီးတွေ အပါအဝင် (၁၄) ဦးက လွှတ်တော်မှာ ပြန်လည်ဆွေးနွေးတင်ပြခဲ့တာပါ။

စီမံကိန်း ဥပဒေကြမ်းတစ်ခုလုံးကို ပြည်ထောင်စုလွှတ်တော် ညအစည်းအဝေး ပြန်လည်ကျင်းပတဲ့ (၁၃) ရက်မြောက်နေ့ မှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုသွားမယ်လို့ လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဒီကနေ့မှာ အသိပေးကြေညာခဲ့ပါတယ်။
 
 
. www.MyanmarExpress.net
 

1 comments:

After getting independence for about 60 years,Yangon has still insufficient electricity!What were the former governments doing?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်