Subscribe to our RSS Feed

ကာကွယ်ရေးအသုံးစရိတ် နှင့် ပတ်သက်လို့ ပြည်သူများက နားလည်ပေးစေလို

From : hot news

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ် အမျိုးသား စီမံကိန်းဥပဒေ ကြမ်းနှင့် ပတ်သက်၍ ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ကာကွယ် ရေးဝန်ကြီးဌာန၏ အသုံးစရိတ် အား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုမြန်မာနိုင်ငံ၏ ကာကွယ်ရေး တပ်မတော်သည် အခြားနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက အလွန် အင်မတန် အင်အားနည်းပါးနေ ကြောင်း၊ ထို့ကြောင့် ယင်းအဆို အား လွှတ်တော်ကို ကိုယ်စား လှယ်များကသဘောတူခဲ့ကြောင်း သိရသည်။


ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်ဦးထွန်းကျော်က ပြောကြားရာတွင် ““တပ်မတော် က ကာကွယ် စောင့်ရှောက်ခဲ့ တယ်ဆိုတာ လွှတ်လပ်ရေးမရမီ နဲ့ လွှတ်လပ်ရေးရပြီးနောက်ပိုင်း ယနေ့အချိန်အထိ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ကြီးမားတဲ့ နိုင်ငံ ရေး အပြောင်းအလဲ ပေါ်ပေါက် လာတိုင်း မှန်ကန်စွာနဲ့ ရပ်တည် ပြီး နိုင်ငံသားများရဲ့ သစ်္စာကို စောင့်သိခဲ့တာ အထင်အရှား ဖြစ်ပါတယ်။ ဒါကြောင့် တပ်မ တော်အင်အားရှိမှ တိုင်းပြည်အင် အားရှိမယ်ဆိုတဲ့ စကားအတိုင်း တပ်မတော်အနေနဲ့ ခိုင်မာတဲ့ စီမံ ကိန်း၊ စီမံချက်တွေကို အနာဂတ် အတွက် အလေးအနက်ထား ချမှတ်အကောင်အထည်ဖော်သွား ဖို့ မရှိမဖြစ်လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် တင်ပြတဲ့ စီမံကိန်းများ နဲ့ ပတ်သက်ပြီး အကောင် အထည်ဖော် ဆောင်ရွက်ရန် အလေးအနက်ထား စဉ်းစားပေး နိုင်ဖို့ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်အားလုံးမှာတာဝန် ရှိပါတယ်။ လုံခြုံရေးကောင်စီ အစီအမံအတိုင်း ပြည်သူများက အလွယ်တကူ သိရှိနိုင်မှာမဟုတ် လို့ ပြည်သူများဘက်က နားလည် ပေးနိုင်ဖို့ ကျွန်တော်အလေး အနက်တင်ပြရခြင်း ဖြစ်ပါတယ်”” ဟု ပြောကြားခဲ့သည်။


 www.MyanmarExpress.net
 

10 comments:

ကျုပ်တို့ ကတော့ နားလည်ပြီးသားဗျို့ ။

နားမလည်ကြရင်တော့ ဆုံးရှုံးမှုတွေနဲ့ ကျုပ်တို့ပေးဆပ်ရလိမ့်မယ်နော်

မျိုးချစ်စိတ်ရှိတဲ့သူတိုင်းနားလည်မှာပါ မင်းကိုနိုင်တို့၈၈ဆိုတဲ့ အမျိုးယုတ်တွေကတော့ နားလည်မှာမဟုတ်ဖူး ဆိုတာမေးစရာကိုမလိုပါဘူး

ကောင်းကောင်းနားလည်ပါတယ်။

ဒါလည်းဘဲ သူများ နိုင်ငံ တွေနဲ့ င်ပေါင် တန်းနိုင် အောင်တော့ လုပ်ရ မှာဘဲ....



Please protect bribe taking high rank authorities n cronies fucking farmers with these weapons.Never use on the poor as they have been poor since 1962.

တိုင်းပြည်ကာကွယ်စောင့်ရှောက်ရန်လိုအပ်ရင်နုကလီယာှးဗုံးတွေပါထုတ်လုပ်ထားသင့်ဒါပေါ့.......

ဟု တ် ပါ တယ် ဗျို့ ဆ က် လ က် ဆောင် ရွက် ပါ ဗျို့

နှု က လီး ယား တောင် လုပ် သင် ၏

Nuclear bomb should b used to destroy anonymous' houses.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်