Subscribe to our RSS Feed

တောင်သမန်အင်းစောင်း လင်းဇင်းကုန်းသုဿာန်ဟောင်းရှိ ယိုးဒယားဘုရင်သင်္ချုင်းတော်ကို ပြုပြင်မည်




အမရပူရမြို့နယ်၊ တောင်သမန်အင်းစောင်း လင်း ဇင်းကုန်း သုသာန်ဟောင်းရှိ ထိုင်းဘုရင်တစ်ပါး၏ သင်္ချိုင်း တော်ကို ပြန်လည်ပြုပြင်တော့ မည်ဟူသော သတင်းကြောင့် ပြည်သူလူထုအကြားတွင် စိတ်ဝင်စားမှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း ကြား သိရသည်။ လင်းဇင်းကုန်း သုသာန်သည် ဘိုးတော်ဘုရား ခေါ် ဗဒုံမင်းလက်ထက်၊ သက္က ရာဇ်-၁၁၄၄ခုနှစ် အမရပူရ မြို့တည်နန်းတည်ခေတ်ကပင် တည်ရှိလာခဲ့သော ရှေးဟောင်း သုသာန်မြေတစ်ခုဖြစ်ပြီး ယဉ် ကျေးမှု ၀န်ကြီးဌာနက ထိန်းသိမ်း စောင့်ရှောက်ထားသည်ဟု သိရ သည်။ ယခုအခါ လင်းဇင်းကုန်း ရှေးဟောင်းသုသာန်မြေအတွင်း တွင်သင်္ဂြိုဟ်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားကြောင်း သိရ သည်။ လင်းဇင်းကုန်းသုသာန် ၌ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ တော်၏ နောက်ဆုံးယိုးဒယား ဘုရင်၏ သင်္ချိုင်းတော်တည်ရှိရာ ယခုအခါ ပြန်လည်ပြုပြင်ရန် သစ်ပင်ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းနေကြောင်း၊ ယိုးဒယား ဘုရင်မှာ ဗဒုံမင်းလက်ထက်တွင် အမရပူရမြို့တော်၌ ကွယ်လွန်ခဲ့ ကြောင်း၊ ယိုးဒယားဘုရင်၏ သင်္ချိုင်းတော်ဆိုသည့် အုတ်တိုင် ကြီးမှာ အမြင့်ပေ-၂၀ ခန့်ရှိပြီး လူနှစ်ယောက်ဖက်ခန့်ရှိ “တုရိုဏ် တိုင်စေတီပုံ”ဖြစ်ကြောင်း သိရ သည်။

ခရစ်နှစ်-၁၇၆၇ ခုနှစ်တွင် ဆင်ဖြူရှင်မင်းလက်ထက်၊ မြန်မာ တို့က အယုဒ္ဓယမြို့တော်ကို တိုက်ခိုက်အောင်မြင်တော်မူသည့် အခါ ယိုးဒယားဘုရင် “ဥတမ်ပုံ၊ ကျောက်ဘွား-ဒေါက်မဒူဝါး”နှင့် သုံ့ပန်းလူနှစ်သောင်းကျော်တို့ကို ခေါ်ဆောင်လာခဲ့ကြောင်း၊ ယိုး ဒယားဘုရင်သည် အင်းဝ နေပြည်တော်တွင် ရဟန်းဝတ်ဖြင့် နေထိုင်ခဲ့ကြောင်း၊ ဗဒုံမင်းလက် ထက် မင်းနေပြည်တော်ကို အမရပူရမြို့တော်သို့ ရွှေ့ပြောင်း သည့်အခါ ယိုးဒယားဘုရင်အား ခေါ်ဆောင်လာကာ ပက်ပါ ကျောင်းတိုက်တွင် ရဟန်းဘ၀ဖြင့် သီတင်းသုံးစေခဲ့သည်ဟု ယူဆရ ကြောင်း၊ အယုဒ္ဓယနောက်ဆုံးဘု ရင် ဘုန်းတော်ကြီး ပျံလွန်သည့် အခါ လင်းဇင်းကုန်းသုသာန်၌ တုရိုဏ်တိုင်စေတီပုံပြုလုပ်ကာ သင်္ဂြိုဟ်ခဲ့သည်ဟု ယူဆရကြောင်း သုတေသနပညာရှင်၊ ဆရာဝန် တင်မောင်ကြည်၏ “အကျဉ်းစံ၊ ယိုးဒယားဘုရင်၏ နောက်ဆုံးနေ့ များ”သုတေသနစာတမ်းတွင် ရေး သားထားသည်ကို တွေ့ရသည်။

“လင်းဇင်း”ဆိုသည်မှာ လာအိုနိုင်ငံ၊ ဗီယင်ချန်း (Vienchang or Lan Sang)ကို မြန်မာဘာသာဖြင့် ခေါ်ဆိုခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါ လင်းဇင်းကုန်းရှေးဟောင်းသုသာန် ရှိ ယိုးဒယားနောက်ဆုံးဘုရင်၏ သင်္ချိုင်းတော်ကို ပြန်လည်ပြု ပြင်မည်ဆိုပါက ထိန်းသိမ်းစောင့် ရှောက်ထားရသည့် ယဉ်ကျေးမှု ၀န်ကြီးဌာနရှေးဟောင်းသုတေ သန၊ အမျိုးသားပြတိုက်နှင့် စာ ကြည့်တိုက်ဦးစီးဌာန၏ ခွင့်ပြု ချက်ရရှိမှသာ ပြုပြင်ခွင့်ရှိကြောင်း သိရသည်။

မန္တလေးတိုင်း အမရပူရမြို့နယ် လင်းဇင်းကုန်းသုသာန်ရှိ အုတ်ဂူ ၂ ခုဟာ ထိုင်းဘုရင် အုတ်ဂူ ဟုတ်၊ မဟုတ် ဖော်ထုတ်ဖို့ ထိုင်းသုတေသနပညာရှင်အဖွဲ့ဟာ ဒီနေ့ပဲ လုပ်ငန်းစတင်နေပြီလို့ စုံစမ်း သိရှိရပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ ဆက်သွယ်ပြီး ထိုင်းဘုရင်အုတ်ဂူ သုတေသနပြုဖို့ လုပ်ဆောင်ကြတာလို့ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီအဖွဲ့က ဦးသက်နိုင်ထွန်းက ပြောပါတယ်။

“သူက အရင် delegation သဘောမျိုးလာပြီးတော့မှ ထိုင်းအစိုးရ ဆက်သွယ်ပြီး အစိုးရ အစိုးရချင်း ဆက်သွယ်လုပ်တဲ့ သဘောမျိုးပါ။ ကျနော်တို့က လုပ်ငန်းပိုင်းဆိုင်ရာ ၀ိုင်းကူတဲ့သဘောပါ။”

ထိုင်းသုတေသနပညာရှင် အယောက်၂၀ လောက်ပါဝင်တဲ့အဖွဲ့ ဒီမနက်ပိုင်း သုတေသန လုပ်ငန်း စတင် လုပ်ဆောင်နေကြပုံကို သွားရောက်လေ့လာကြည့်ရှုခဲ့တဲ့ အမရပူရမြို့က ကိုငြိမ်းဝင်းက အခုလို ပြောပါတယ်။

“သူတို့ တအုပ်စုကတော့ တံခွန်တိုင်လိုမျိုး ဘုရားနားလေးမှာ ဆွေးနွေးနေတယ်။ ဒီဘက်မှာ ၁ ယောက်ကတော့ လိုဏ်ခေါင်းဖောက်တာကို ၀င်ကြည့်နေတယ်။ မနက်ဖြန် survey လုပ်မှာကို သူတို့က အကြမ်းအားဖြင့်ပြောတာကတော့ ဒီအုတ်ဂူကို အလယ်ကနေ ဖောက်ဝင်ဖို့များတယ်။ ဘေးက၀င်ရင်ပြိုသွားမယ်လို့ သူတို့ပညာရှင်က ပြောတယ်။ ဘေးက သံဖရိန်တွေနဲ့ပတ်ပြီး အလယ်ကနေ ကရိန်းနဲ့ ဖောက်ဝင်မှာ။ နောက် တံခွန်တိုင်လို၊ စေတီပုံစံမျိုးက ဘေးကနေ သူတို့ကဖောက်လိုက်မှာ၊ ပြီးရင် စက်ကိရိယာနဲ့ စမ်းသပ်မယ့်သဘောရှိတယ်။”

ထိုင်းသုတေသနအဖွဲ့ဟာ လင်းဇင်းသုသာန်မှာ ၁ လခွဲလောက် အချိန်ယူပြီး သုတေသန လုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အမရပူရမြို့ လင်းဇင်းသုသာန်မှာ ရှိတဲ့အုတ်ဂူဟာ ထိုင်းဘုရင်အုတ်ဂူ ဟုတ်၊ မဟုတ်ကို အသေအချာ သုတေသနပြုခဲ့ကြတာ မရှိခဲ့ဖူးဘဲ အခု ထိုင်းဘက်က လာရောက် သုတေသနပြုတာဟာ ပထမဆုံး ဖြစ်ပါတယ်။

အခုလို ထိုင်းသုတေသနပညာရှင်အဖွဲ့ လာရောက်သုတေသနပြု ဖော်ထုတ်တဲ့လုပ်ငန်း လုပ်ဆောင်မှုအပေါ် မန္တလေးက စာရေးဆရာဆူးငှက်က ကောင်းတဲ့လုပ်ရပ်လို့ ခုလို ပြောပါတယ်။

“ဘယ်အရာမဆို အဖြစ်မှန်တိုင်းဖော်ထုတ်နိုင်တာ ကောင်းပါတယ်။ လူမျိုးစွဲ ဘာသာစွဲမဟုတ်ဘဲ ဒီနေရာဟာ ထိုင်းဘုရင်အုတ်ဂူမှန်တယ်၊ ဒါအထောက်အထားတွေနဲ့ ကျနော်တို့ ဆရာတော် ရွှေကိုင်းသားရေးခဲ့သလိုပါပဲ သမိုင်းကိုမျိုးချစ်စိတ်အမြင်နဲ့ ဖျက်ပစ်တာမျိုးတွေပေါ့။ နန်းတွင်းထဲမှာ အရင်က ပါတော်မူကျောက်တိုင်ဆိုတာ ရှိခဲ့ဖူးတယ်။ နောက် လွတ်လပ်ရေးရလာတော့ ဒါကြီးဟာ အတိတ်နိမိတ်မရှိဘူးဆိုပြီး ဖျက်ပစ်ကြတော့ ဆုံးရှူံးသွားခဲ့ရတယ်။ ဘယ်အရာမဆို သမိုင်းအဖြစ်မှန် မှတ်တမ်းအတိအကျ အမှန်အကန်ဖော်ထုတ်နိုင်ရင်တော့ အားလုံးကောင်းပါတယ်။”

အခု သုတေသနပြုဖော်ထုတ်ချက်အရ ထိုင်းဘုရင်အုတ်ဂူဖြစ်ကြောင်း တွေ့ရှိခဲ့ရင်လဲ ထိုင်းဘက်ကို ပြန်လည် တူးဖော်ယူဆောင်သွားဖို့ အစီအစဉ်မရှိဘူးလို့ ထိုင်းသုတေသနအဖွဲ့ ခေါင်းဆောင်ဖြစ်သူက ဒီနေ့ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုထားပါတယ်။

၁၈ ရာစုအတွင်း ကုန်းဘောင်မင်းဆက် တတိယမြောက်မင်း ဆင်ဖြူရှင် မင်းတရားကြီးလက်ထက် ထိုင်းနိုင်ငံ အယုဒ္ဓယကို တိုက်ပြီး အောင်နိုင်တော်မူတုန်းက ထိုင်းဘုရင်ကျောက်ဘွားဒေါက် ကို စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်ခဲ့ရာက မန္တလေးမှာပဲ ရဟန်းဝတ်နဲ့ ပျံလွန်တော်မူခဲ့တာလို့ မောင်သန်းဆွေ(ထားဝယ်)ရဲ့ ဆောင်းပါးတပုဒ်မှာ ဖော်ပြ ဖူးပါတယ်။


 www.MyanmarExpress.net

1 comments:

က္ဈန်တော်တို့အစိုးရအနေနဲ့လည်း ရတနာဂီရိမှာရှိတဲ့မြန် မာတို့ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းရဲ့အုတ်ဂူတော်ကိုအိန္ဒိ ယအစိုးရနဲ့ ညှိနိုင်းပြီး ယခုအနေအထားထက် ပိုမိုတင့်တယ် ကောင်းမွန်အောင် ပြုပြင်သင့်တယ်လို့ အကြံ ပြုချင်ပါတယ်။ သီပေါမင်းနဲ့ စုဖုရားငယ်ရဲ့ အုတ်ဂူတော်တွေ ဟာ ရတနာဂီရိရဲ့ တိုက်ကြိုတိုက်ကြားမှာ မြန်မာဘုရင်တစ် ပါးရဲ့ ဂုဏ်သိက္ခာထက် နိမ့်ကျပြီး စံပယ်နေရသလိုပါပဲ။ သီပေါမင်း အနေနဲ့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ မြန်မာတို့ရဲ့ နောက်ဆုံးဘုရင်တစ်ပါးအနေနဲ့ သမိုင်းအမွေ အဖြစ် သူ့ရဲ့အုတ်ဂူတော်ကို ခန့်ငြားစွာ ထိန်းသိမ်းသင့်ပါ တယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်