Tuesday, February 05, 2013
ME
From : planet
တူရကီနိုင်ငံ အန်ကာရာမြို့ရှိ အမေရိကန်သံရုံးရှေ့တွင် သောကြာနေ့
(ဖေဖေါ်ဝါရီ ၁ ရက်) က အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ရာ လူ ၂
ဦးသေဆုံးခဲ့ကြောင်း သိရသည်။
တူရကီနိုင်ငံ အန်ကာရာမြို့ရှိ
အမေရိကန်သံရုံးရှေ့တွင် သောကြာနေ့ (ဖေဖေါ်ဝါရီ ၁ ရက်) က အသေခံဗုံးခွဲမှု
ဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူ ၂ ဦးမှာ
အသေခံဗုံးခွဲသူနှင့် တူရကီလုံခြုံရေးတပ်ဖွဲ့ဝင် အစောင့်တစ်ဦးတို့ဖြစ်သည်။
အသေခံဗုံးခွဲမှုနှင့် ပတ်သက်၍ ပြည်တွင်းရှိ လက်ဝဲစွန်းရောက်အုပ်စုများကို
တူရကီအစိုးရ စွပ်စွဲပြစ်တင်လိုက်သည်။ သံရုံးရှေ့
အသေခံဗုံးခွဲတိုက်ခိုက်မှုကို အမေရိကန်က ရှုတ်ချလိုက်ပြီး
အမေရိကန်နိုင်ငံသားများ အနေဖြင့် အမေရိကန် သံတမန်ဆိုင်ရာ အဆောက်အအုံများ၊
ရုံးများနှင့် ခပ်ဝေးဝေးနေကြရန် တိုက်တွန်းခဲ့သည်။
.
www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်