From : TMA
www.MyanmarExpress.net
ဖေဖော်ဝါရီလ ၄ရက်နေ့ မနက် ၉နာရီမှစတင်၍ ညနေ
၎နာရီကျော်အထိ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ Jing Cheng ဟိုတယ်၌ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့်
ကေအိုင်အိုအဖွဲ့သည် အလွတ်သဘော ငြိမ်းချမ်းရေး
တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကြောင်း သိရပြီး ယင်း တွေ့ဆုံမှု
ဖြစ်မြောက်ရေးအတွက် တရုတ်အစိုးရမှ ကြီးမှူးကျင်းပပေး
ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အခု အလွတ်သဘောတွေ့ဆုံပွဲမှာ နှစ်ဦးနှစ်ဖက်က ဆက် သွယ်ရေးလမ်းကြောင်းတွေထားရှိဖို့၊ အပစ်အခတ်တွေ
လျှော့ချဖို့နဲ့ နောက်တစ် ကြိမ်တွေ့ဆုံပွဲမှာ သက်သေတွေနဲ့
လေ့လာတဲ့အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ဖို့ကိုပါ ထည့်သွင်း
ဆွေးနွေး ကြပါတယ်"ဟု အစိုးရ ငြိမ်းချမ်းရေး အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
ယင်း အလွတ်သဘောတွေ့ဆုံမှု၌ KIA ဘက်မှ နောက်တစ်ကြိမ်
နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအား UNFC နှင့်ညှိနှိုင်း၍ ဖေဖော်ဝါရီ
လမကုန်ခင် ထပ်မံတွေ့ဆုံဆွေးနွေးလိုကြောင်း နှစ်ဦးနှစ်ဖက်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
"ဒီတွေ့ဆုံမှုမှာ အစိုးရနဲ့ KIA တို့အကြား စစ်ပြေငြိမ်းရေးကို
အမြန်ဆုံး အကောင်အထည်ဖော်ပြီး ပဋိပက္ခဖြစ်ပွားတဲ့နေရာ
တွေမှာ စောင့်ကြည့် စစ်ဆေးမှုစနစ် ပေါ်ပေါက်ရန်ဆိုတဲ့အချက်ကို
ဆွေးနွေးဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်"ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
အဆိုပါတွေ့ဆုံမှုသို့ ပြည်ထောင်စုအစိုးရငြိမ်းချမ်းရေးအဖွဲ့မှ
ဒုဥက္ကဋ္ဌ ဦးအောင်မင်းနှင့် မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်
အပါအဝင် ငြိမ်းချမ်း ရေးအကျိုးတော်ဆောင်များအဖြစ် ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးတင်မောင်သန်းတို့ တက် ရောက်ဆွေးနွေးခဲ့ကြပြီး KIA/KIO ဗဟိုဦးဆောင်ကော်မတီဝင် ဦးဆွမ်လွတ်ဂမ်ဦးဆောင်၍ ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် အခြား တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် အခြားတိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့်
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ KNU အထွေထွေ
အတွင်းရေးမှူး ဖဒိုကွယ် ထူးဝင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်
ရေးကော်မတီ RCSS/SSA မှ ခေါင်းဆောင်အချို့နှင့် တရုတ်
ုပည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖြစ် နိုင်ငံ ခြားရေးဝန်ကြီး
ဌာနမှ သံအမတ်ကြီး မစ္စတာ လျိုကျောက်ဝေ့တို့မှ တက်ရောက်
ခဲ့ကြောင်း သိရသည်။
ထို့ပြင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့်အဖွဲ့သည်
ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ကချင်ပြည်နယ်သို့ လူသားချင်း
စာနာ ထောက် ထားရေးလုပ်ငန်းစဉ်ဖြင့်စပ်လျဉ်း၍ ကချင်
ပြည်နယ်သို့သွားရောက်ရန် အစီအစဉ်ရှိကြောင်း ၎င်းတို့နှင့်
နီးစပ်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

2 comments:
ပြည် သူ ပိုင် ပစ္စည်း တွေ နည်း မီူး စုံ ခိုး နေ တဲ့ သူ ခိုး တွေ နဲ့
ညှိ နိုင်း ရ တာ ရှက် တော့ ရှက် စ ရာ ပါ တရုတ် က လဲ အ ချောင် သ မား KNU က လဲ ပြည် သူ ပိုင် ပစ္စည်း တွေ ခိုး ထုတ် လို့ က ကုန် ပြီလေ Kia က လဲ သူ ခိုး ကြိး ဘဲ
အစည်း ဝေး ပွဲ မှာ တ ယောက် မျက် နှာ တ ယောက် ကြည့် ပြိး တော့ မရှက် ကြ ဘူး လား
ဝါး ဟား ဟား ဟားး ဟား သူ ခိုး တွေ
တ ရုတ် ကြိး ပြော သေး တယ် ငါ တို့ လုပ် ထား တဲ့ လက် နက် တွေဗုးံ တွေစမ်း ချင် လို့ KIAသူပုန် နဲ့ မြန် မာ တပ် နဲ့ အ ဆော် ခိုင်း တာ တဲ့ ဒီတိုက် ပွဲ မှာ တရုတ် လက် နက် တွေ က မကောင်း ပါ ဘူး တဲ့ မင်း တို့ ကို အစမ်း ခိုင်း တာ ပါ တဲ့ တရုတ် ကြိး က ပြော သွား ပါ တယ် ခင် ဗျ
ဝံ ပု လွေ လို ကျင့် သုးံ တရုတ် ကြိး ရဲ့ ထုးံ
ခိုး ထုတ် စ ရာ မ ရှိ လို့  မိုင် နေသူ KNU (ကုန် သွား လို့ )
သစ် နှင့်  ကျောက် ကား ကြိး ကား ငယ် အ ခေါက် ခေါက်
KIAလက် ချက် ကြောင့်  တ ရုတ် ပြည် ထဲ ရောက်
တိုင်း ပြည် ပိုင် ပစ္စည်း ခိုး သူ များ င ရဲ ပြည် ကို သွား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်