Subscribe to our RSS Feed

မြန်မာနိုင်ငံတွင် ဗီဇာကတ်ဖြင့် နိုင်ငံတကာ ငွေပေးချေမှုစတင်ပြီ

From : hot news



မြန်မာအရှေ့တိုင်းဘဏ်၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာ နိုင်ငံတွင် ပထမဆုံးဗီဇာကတ်ငွေ ပေးချေမှုကို စတင်လိုက်ပြီး ငွေပေး  ချေသည့် POS စက်လေးတွင် ဗီဇာ   ကတ်ကို တစ်ချက်ဆွဲလိုက်ရုံဖြင့် နိုင်ငံတကာငွေပေးချေမှုကို ဆောင်ရွက်နိုင်ခြင်း၊ ဗီဇာကတ်ကို  တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင် တော့မှာဖြစ်ပြီး ကမ္ဘာလှည့်ခရီး သည်များအတွက်များစွာအဆင် ပြေမည်ဖြစ်ကြောင်း သိရသည်။

အရှေ့တိုင်းဘဏ်မှ Managing Director ဒေါ်ကြည်ကြည်  သန်းမှ “ဗီဇာကတ်နဲ့ ငွေပေးချေ မှုက ကုန်သည်နဲ့ စာသုံးသူများ ကိုများစွာအဆင်ပြေစေပါတယ်။ မြန်မာအရှေ့တိုင်းဘဏ်က (၁၉၉၅) ခုနှစ်မှာ ခရက်တစ်ကတ် ကို ပထမဆုံးထုတ်ဝေခဲ့ဘူးပါတယ်။ အခုစီးပွားရေးပြန်ဖွင့်လိုက်တဲ့အခါ  ပထမဆုံးဦးဆုံးဗီဇာကတ်အသုံးပြု ခွင့်ရတဲ့ ဘဏ်အတွက်များစွာ ဂုဏ်ယူပါတယ်။ ဗီဇာနဲ့ ပူးပေါင်း  ဆောင်ရွက်ခြင်းဟာအရင်ကအလှမ်း  ဝေးတဲ့ နိုင်ငံတကာငွေပေးချေမှု  စနစ်နယ်ပယ်ကိုလက်လှမ်းမီတော့  မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းက မြန်မာ့စီးပွားရေးတိုးမြှင့်မှုကိုများ စွာအထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

ဗီဇာကတ်ဒေသဆိုင်ရာ မန်နေဂျာမစ္စတာဆွန်ဘွန်မှ “ယခု ကဲ့သို့ပထမဦးဆုံးဗီဇာကတ်အသုံး ပြုနိုင်မူက မြန်မာနိုင်ငံမှာ အီလက်  ထရောနစ်ငွေပေးချေမူစနစ်ဖြစ်ထွန်း  ရေးအတွက် ပထမခြေလှမ်းဖြစ် ကြောင်း ဒီပေးချေမှုစနစ်ကကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းတိုးမြှင့်ရေး ကိုအားပေးရာရောက်သည့်အပြင်  ငွေပေးချေမှုကိုလည်း အဆင်ပြေ   လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန် ကြီးဌာနအဆိုအရ (၂၀၁၃) ခုနှစ် တွင် ကမ္ဘာလှည့်ခရီးသွားများ (၅၀ ရာခိုင်နှုန်း)ကျော်တိုးမြှင့်ခဲ့ သည်ဟု သိရကြောင်း ယခုနှစ် အတွင်းကျင်းပမည့်ကမ္ဘာ့စီးပွားရေး   ဖိုရမ်နှင့် အရှေ့တောင်အာရှအား ကစားပွဲမတိုင်မီဤလုပ်ငန်းကို စတင်နိုင်ခဲ့သည့်အတွက်ဟိုတယ်  များ စားသောက်ဆိုင်များ လက်လီလုပ်ငန်းရှင်များအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။

ကျွန်မတို့ဆိုင်ကို (၁၀) နှစ် ကျော်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နိုင်ငံ တကာမှာတွင်တွင်ကျယ်ကျယ်အသုံး ပြုနေတဲ့ ဗီဇာကတ်နဲ့ ပထမဆုံး  ရောင်းချခွင့်ရတဲ့အတွက်ဂုဏ်ယူ  ကြောင်းမန္တလေးနဲ့ ပုဂံမှာရှိတဲ့ ဆိုင်ခွဲများကိုလည်း ၀န်ဆောင်မှု များကောင်းအောင်ကြိုးပမ်းလျက် ရှိကြောင်းကို Green Elephant စားသောက်ဆိုင်ပိုင်ရှင်ဒေါ်ချယ်ရီ   အောင်ခင်မှပြောသည်။

၂၀၁၂ ခုနှစ်ဒီဇင်ဘာလတွင်  ဗီဇာမှ မိုဘိုင်းနှင့် အီလက်ထရော နစ်ငွေပေးချေမှုဆိုင်ရာကွန်ဖရင့် တစ်ရပ်ကို နေပြည်တော်တွင်ကျင်း  ပခဲ့ရာအစိုးရပိုင်းမှ ပုဂ်္ဂိုလ်များအပါ  အ၀င်တက်ရောက်သူများကစိတ် ပါဝင်စားစွာ ဆွေးနွေးမှုများပြုလုပ်   ခဲ့ကြောင်း သိရသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်