Subscribe to our RSS Feed

ဦးခင်ညွန့် အခမဲ့အထူးကုဆေးခန်းဖွင့်ရန် အစီအစဉ်မရှိသေး

From : hot news



(၂၄-၁-၂၀၁၃) ရက်စွဲဖြင်Myanmar News Week ဂျာနယ် ပြည်တွင်းကဏ္ဍ စာမျက်နှာ (၅)ပါ
ဝန်ကြီးချုပ်ဟောင်း ဦးခင် ညွန့်အခမဲ့ အထူးကုဆေးခန်းဖွင့် လှစ်တော့မည်ဟုသိရခေါင်းစဉ် ဖြင့်
နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်လာခဲ့သော ၀န်ကြီးချုပ် ဟောင်းဦးခင်ညွန့်တည်ထောင် ထားသည့် ရွှေမှော်ဝန်းလူမှုရေး အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းတွင် အခမဲ့အထူးကုဆေးခန်းကြီးတစ် ခုကို ဖွင့်လှစ်သွားရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သတင်းမှာ မှားယွင်းနေပါကြောင်း၊ ရွှေမှော် ၀န်းလူမှုယဉ်ကျေးကူညီရေးအဖွဲ့ က အခမဲ့အထူးကုဆေးခန်းကြီး တစ်ခုဖွင့်လှစ်အစီအစဉ်မရှိသေးပါ ကြောင်း၊ ရာသက်ပန်နာယကကြီး ဦးခင်ညွန့်နှင့် ဇနီးဒေါက်တာ ဒေါ်ခင်ဝင်းရွှေကလောလောဆယ် အစီအစဉ်မရှိသေးကြောင်း ပြော ကြားခဲ့သည်။
ရွှေမှော်ဝန်းလူမှုယဉ်ကျေး ကူညီရေးအဖွဲ့အနေဖြင့် ရေးဆွဲ ထားသည့်လုပ်ငန်းစီမံချက်များနှင့် အညီ ပညာသင်စရိတ်ထောက်ပံ့ ကြေးများပေးအပ်လှူဒါန်းခြင်း၊ သက်ကြီးရွယ်အိုများအား ပူဇော် ကန်တော့လှူဒါန်းမှုများပြုခြင်း၊ မိဘမဲ့ကလေးကျောင်းများအား လည်းကောင်းဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအားလည်းကောင်း ထောက်ပံ့ကူညီခြင်း၊ ရွှေမှော်ဝန်း အဖွဲ့နှင့် အထူးကုဆရာဝန်ကြီး များကွင်းဆင်းဆေးကုသစဉ် မျက် စိခွဲစိပ်ကုသရန်၊ ခန္ဓာကိုယ်တွင်း ဝေဒနာများကို ခွဲစိပ်ကုသရန် လိုအပ်သူများကို ရန်ကုန်မြို့တွင်း ရှိ ဆေးရုံဆေးခန်းများသို့ ပို့ ဆောင်၍ အခမဲ့ကုသပေးခြင်း၊ မိခင်နှင့်ကလေး သားဖွားဆောင် (ကျောက်တန်းမြို့)တွင် လာ ရောက်မွေးဖွားသူများအား ထောက်ပံ့ငွေများပေးအပ်ခြင်း စသည့်လုပ်ငန်းများကို ဆောင် ရွက်နေကြောင်း သိရှိရသည်။
ယခုလက်ရှိတွင် ကျောက် တန်းမြို့ လူထုအသုံးပြုနေသည့် ဆင်ကန်(သောက်သုံးရေပေးဝေ နေသည့်ကန်)ကြီး အတွင်းမှ အမှိုက်များ သယ်ယူခြင်း၊ နုန်းများ ဖော်ထုတ်ခြင်း၊ ဒိုက်များဆယ်ယူ ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနအသီးသီးသို့ တင်ပြထားကြောင်း အဖွဲ့နာယ က ဦးစိုးဝင်းနှင့် ဥက္ကဋ္ဌဦးအောင် ငြိမ်းတို့ထံမှ သတင်းရရှိသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်