From : http://www.kachindailynews.com/2013/02/blog-post_9297.html
ဖားကန့်မြို့နယ်အတွင်း KIA တပ်များနှင့် အစိုးရတပ်များအကြား တိုက်ပွဲများဖြစ်ပွားခြင်း မရှိသော်လည်း သေနတ်သံများ ထက်ဆိုးသော သေမင်းတမန် မူးယစ်ဆေးဝါးများပျံ့နှံ့ လျက်ရှိနေကြောင်း သိရှိရသည်။ ဖားကန့်မြို့နယ်၊ ဒွန်ဘန် ကျေးရွာအုပ်စုအတွင်းမှာ ရှိကြသည့် ကျေးရွာတွေမှာ ကျောင်းသားအရွယ် လူငယ် အများစုဟာ မူးယစ်ဆေးဝါးကို စွဲစွဲ လမ်းလမ်းသုံးစွဲနေကြတဲ့အတွက် မိဘတွေအနေနဲ့ စိတ်မချမ်းမသာ ဖြစ်နေကြကြောင်း၊ မိဘတွေ အနေနဲ့သူတို့ရဲ့ သားသမီးတွေ ကိုအချိန်ပြည့် စောင့်ကြပ်ကြည်ရှုနိုင်ခြင်း မရှိတာ ကြောင့် ကျောင်းတွေမှာ မူးယစ်ဆေးဝါး အသိပညာ ပေးဟောပြောပွဲတွေ ပြုလုပ်သင့်သည်ဟု ပြောဆိုနေကြပါသည်။

ဒီမူးယစ်ဆေးဝါးတွေဟာKIA တပ်ဖွဲ့ဝင်တွေဆီကတစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုတွေ ပြုလုပ်နေတာ ဖြစ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက်ဖမ်းဆီးပေးဖို့နဲ့ မူးယစ်ဆေးဝါးသုံးနေတဲ့ ကလေးတွေကို ဖမ်းဆီးပြီးထိထိရောက်ရောက် အရေးယူ သင့်ကြောင်း လဲ ပြောဆိုနေကြပါသည်။ မူးယစ်ဆေးဝါး ရောင်းဝယ်မှုဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုအတင့်ရဲလာတယ်လို့ သိရပါသည်။ ဖားကန့်မြို့က အထက်တန်း ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးကျော်အောင်က သူ့ရဲ့ အတွေ့အကြုံကို ခုလိုပြောပြပါသည်။
``ကျွန်တော်တို့ကျောင်းမှာ ဘယ်ကလေးမူးယစ်ဆေးဝါးစွဲနေတယ်ဆိုတာ ကလေးရဲ့မျက်နှာကို ကြည့် လိုက်တာနဲ့ ကျွန်တော်တို့သိပါတယ်။ ဒီနယ်မြေမှာရှိတဲ့ ၀န်ထမ်းသားသမီးတွေ၊ အထူးသဖြင့် ဗမာကလေးတွေက မူးယစ်ဆေးသုံးစွဲတာ နည်းပါတယ်။ မူးယစ်ဆေးစွဲနေတယ်ဆိုတာ သူတို့KIA အဆက်အနွယ်နဲ့ချမ်းသာတဲ့ ကလေးတွေပဲ ပိုက်ဆံတတ်နိုင်လို့ သုံးနိုင်ဖြုန်းနိုင်ကြတာ။ သူတို့ကိုတော့ ကျွန်တော်တို့က တတ်နိုင်သမျှ ချော့ မော့ပြောဆိုဆုံးမပါတယ်။ တချို့လဲနားထောင်ကြပါတယ်။ တစ်ချို့ကတော့ ဘယ်လောက်ပဲပြောပြော မလိုက်နာ ပါဘူး။ သူတို့ကို အတင်းအကြပ်မပြောရဲတာက သူတို့ရဲ့နောက်မှာ KIA ရှိနေတော့ ကျွန်တော်တို့လဲ ကိုယ့်အသက် ကို ကိုယ်ရှာကြံမွေးနေရပါတယ်´´
ကချင်ပြည်နယ်အတွင်းမှာ သေနတ်သံတွေတိတ်ဆိတ်သွားပေမယ့် ဒုက္ခသည်တွေနဲ့အတူ ဒုက္ခဖြစ်နေ မှာကတော့ မူးယစ်ဆေးစွဲနေတဲ့ သူတွေပဲဖြစ်ကြောင်း၊ သူတို့အတွက် ပြည်နယ်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သောဆေးဝါးများ ကာကွယ်တားဆီးရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်သင့်သည်ဟု ကချင်ပြည်နယ်မှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ဦးသုမင်္ဂလာဘိဝံသက အကြံပေးပြောဆိုခဲ့ပါသည်။
www.MyanmarExpress.net

2 comments:
သတင်းတွေတင်ပေးတာကျေးဇူးပါ
ကျေးဇူး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်