Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည် ခရီစဉ်များတွင် နေရာတွေသာ ပြောင်းသွားသော်လည်း ကြိုတဲ့လူတွေ မပြောင်း ဟုဆို

အမြင်မှန်ရကာ အဒဖ ပါတီကို မှတ်ပုံတင်ပြီးနောက် စည်းရုံးရေးခရီးစဉ်တွေ ထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသူများနဲ့ အလံဝှေ့ရမ်း ကာ ကြွေးကြော်နှုတ်ဆက် တဲ့ အဖွဲ့များမှာ ခရီးစဉ်အားလုံးမှာ အတူတူဖြစ်နေတယ်လို့ သိရပါတယ်။ အဒဖ ကို ထောက်ခံသူများတယ်လို့ အများယူဆ နိုင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသူ များတယ်လို့ ထင်ယောင်ထင်မှားဖြစ်ရေးအတွက် အမာခံ ပါတီဝင် ၂၀၀ ကျော်က ဒေါ်အောင်ဆန်းစုကြည် သွားလေရာ ခရီးတိုင်းကို လိုက်ပြီး ဒေသ ခံတွေက ကြိုဆိုတဲ့ ပုံစံနဲ့ လုပ်နေကြတယ်လို့ အဒဖ နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမ ထားဝယ်၊ ဒုတိယ ပုသိမ်နဲ့ ဒီနေ့ ကော့မှူးမြို့နယ်များသို့ စည်းရုံးရေးခရီး ထွက်ခဲ့ပေမယ့် ကြိုဆိုတဲ့ ပုံစံတွေ၊ အသုံးအဆောင် ပစ္စည်းတွေသာ မက လူတွေလည်း အတူတူ ဖြစ်နေတယ် လို့ မျက်မြင်တစ်ဦးက အခုလို ပြောပြပါတယ်။

"ထူးဆန်းတာက လုပ်ပုံလုပ်နည်းနဲ့ အသုံးအဆောင် ပစ္စည်းတွေ တင် တူတာ မဟုတ်ပဲ လူတွေပါ အတူတူဖြစ်နေတာဗျ... လူနည်းစုကပဲ ထားဝယ်သား လုပ်လိုက်၊ ပုသိမ်သား လုပ်လိုက်၊ ကော့မှူးသား လုပ်လိုက်နဲ့ စာတွေ ရေးကြိုနေကြတာ.. ဒေသ သာ ပြောင်းသွားတယ် လူမပြောင်းဘူးဗျ.. ကျွန်တော် တခြား ပါတီတွေရဲ့ စည်းရုံးရေးခရီးစဉ်တိုင်းလိုလိုလည်း သွားကြည့်ဖူးပါတယ်... NLD တစ်ခုမှာပဲ ဒါမျိုးတွေလုပ်တာ တွေ့ဖူးတယ်..."

လို့ ဆိုပါတယ်။

ခရီးစဉ်တစ်ခုမှာ အနည်းဆုံး အလံပေါင်း တစ်သိန်းနီးပါး ရိုက်နိပ်ကာ အကုန်အကျခံ ထုတ်ဝေခဲ့ပြီး တွေ့သမျှ လူအားလုံးကို လိုက်ပေးယုံမျှ မက မယူချင်တဲ့လူတွေ၊ ဈေးသည် တွေ ရဲ့ ဈေးဗန်းတွေမှာ အတင်း လိုက်စိုက် ကြတယ် လို့ သိရပါတယ်။ လမ်းတလျှောက် ဘေးဘယ် ညာနဲ့ လမ်းတွေပေါ်မှာ စွန့်ပစ် ချနင်း ထားတဲ့ NLD ခွပ်ဒေါင်း အလံတွေ လည်း ပြန့်ကျဲနေကြပြီး အချို့ကတော့ လိုက်ဝေသူ တွေဆီက များများတောင်းက အိမ်မှာ ထင်းစိုက် ကြကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဒဖ ပါတီဟာ ပါတီဝင် ၁၀ သိန်း စီမံကိန်းအတွက် အသည်းအသန် စည်းရုံးရေးတွေ လုပ်နေပေမယ့် ဒီနေ့ထိ ပါတီဝင်ဦးရေမှာ ထောင်ကဏာန်းပဲ ရှိသေးတယ်လို့ သိရပါတယ်။ နောက်ထပ်လည်း စည်းရုံးရေးခရီးတွေ ဆက်ထွက်အုံးမှာဖြစ်ပြီး ခရီးစဉ်တိုင်းမှာ ဆိုင်းဘုတ်တွေ၊ အလံတွေ နဲ့ စည်စည်ကားကားဖြစ်စေဖို့ ငွေကြေးအလုံးအရင်းသုံးကာ ရိုက်နိပ် ထုတ်ဝေသွားမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အခုတော့ အမြန်မှန်ရပြီး ၂၀၀၈ အခြေခံဥပဒေ အရ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ကော့မှူးမြို့နယ် မှ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ဖို့ လျှောက်လွှာတင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းတွေ မပြန့်မှီခြင်းကြောင်း ဦးတင်ရီက ကန့်ကွက်လွှာ တင်ထားပြီး ခုချိန်ထိတော့ ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခြင်းမရှိသေးပါဘူး။

ကော့မှူးမှ ၁၈ နှစ်မပြည့်သေးသူ ကလေးများ သာသနာ အလံထောင်ပြီး လုပ်အုပ်ချီကာ
အင်္ဂလန်သား မယား ဘုန်းတော်ရှင် အရှင်အမေစု အား ကြိုဆိုကြ

Myanmar Express

4 comments:

ခရီးစဉ်တစ်ခုမှာ အနည်းဆုံး အလံပေါင်း တစ်သိန်းနီးပါး ရိုက်နိပ်ကာ အကုန်အကျခံ ထုတ်ဝေခဲ့ပြီး တွေ့သမျှ လူအားလုံးကို လိုက်ပေးယုံမျှ မက မယူချင်တဲ့လူတွေ၊ ဈေးသည် တွေ ရဲ့ ဈေးဗန်းတွေမှာ အတင်း လိုက်စိုက် ကြတယ် လို့ သိရပါတယ်။ လမ်းတလျှောက် ဘေးဘယ် ညာနဲ့ လမ်းတွေပေါ်မှာ စွန့်ပစ် ချနင်း ထားတဲ့ NLD ခွပ်ဒေါင်း အလံတွေ လည်း ပြန့်ကျဲနေကြပြီး အချို့ကတော့ လိုက်ဝေသူ တွေဆီက များများတောင်းက အိမ်မှာ ထင်းစိုက် ကြကြောင်း သိရပါတယ်။

စောက်သုံးမကျ တဲ့စောက်အဖွားကြီး ပါဗျာ။ ရူးနေလားမသိဘူး။

၂၀၁၀ ရွေး ကောက် ပွဲ တုန်း က တော. ၊ ဥ ပ ဒေ အ ရ ၊ မဲ မ ပေး ရင် လဲ နေ နိုင် တယ် ဆို ပြီး ၊ VOTE NO/NO VOTE လုပ် ခိုင်း တယ် ၊
ခု တော. လဲ ၊ အဲ အင် နယ် ဒီ တွေ ဘယ် ရောက် ကုန် ပြီ လဲ။
အ ခု တော. ၊ အင် နယ် ဒီ ကို မဲ မ ပေး မ နေ ရ လုပ် နေ ကြ ပါ လား၊
တွေး ကြည်. ရင် ရှက် ဘို. ကောင်း လို. ကိုယ်. မျက် နှာ ကိုယ် ။ဒါး နဲ. လှီး ပစ် ဘို. ကောင်း ပြီ NLD.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်