Subscribe to our RSS Feed

အစိုးရကို ဥပဒေစိုးမိုးရေး၊ စည်းကမ်းလိုက်နာရေးတွေ အမြဲ ဝေဖန်တဲ့ ဒေါ်စု၊ မျက်စိရှေ့မှာ စည်းကမ်းမလိုက်နာသူများကိုတော့ တစ်ခွန်းမှ မပြောခဲ့


တရားဥပဒေ စိုးမိုးမှုရှိဖို့ အရေးကြီးတဲ့အကြောင်း၊ ဥပဒေကို တိတိကျကျလိုက်နာသင့်ကြောင်း အားတိုင်းပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရှေ့မှာ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကော်မတီများက ထုတ်ပြန်ထားတဲ့ ဥပဒေများကို မလိုက်နာပဲ စည်းကမ်းဖောက်ဖျက်နေသူတွေကိုတော့ မသိ၊ မမြင် ချင်ဟန်ဆောင် နေတယ်လို့ သိရပါတယ်။ မိုက်ခရိုဖုန်းကိုင်ရင် မနားတမ်းပြောတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေ စိုးမိုးဖို့ အားအားရှိပြောတတ်ပေမယ့် သူ့ကို ထောက်ခံသူတွေ တစ်ဦးချင်းအား ဥပဒေ လေးစားလိုက်နာဖို့ လုံးဝ လုံးဝ မဆုံးမတတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ရှေ့မှာတင် ဥပဒေတွေ စည်းကမ်းတွေကို ကျောခိုင်းပြီး လုပ်ချင်တိုင်းလုပ်နေကြတဲ့လူတွေကလည်း အများကြီးရှိနေတာကို မြင်တွေ့နေရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မဲလိုချင်စိတ်နဲ့ အမုန်းခံရမှာကြောင့်ပြီး မမြင်ချင်ယောင် မဆောင်သင့်ကြောင်း ၊ ပတ်ဝန်းကျင်က ၎င်း ရဲ့ ဘေး ပတ်ဝန်းကျင်က လူတွေကိုပဲ ဥပဒေ လိုက်နာဖို့ နဲ့ စည်းကမ်းရှိဖို့ ကိုပဲ အရင်လုပ်သင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေသူ လက်တစ်ဆုတ်စာကိုတောင် ဥပဒေနဲ့ စည်းကမ်းတွေ လိုက်နာအောင် မလုပ်နိုင်သေးပဲ တစ်နိုင်ငံလုံး ဥပဒေ စိုးမိုးရေး အကြောင်းတွေကို ကြီးကြီးကျယ်ကျယ် မပြောသင့်ကြောင်း MEG မှ CEO က အခုလို ရှင်းပြပါတယ်..

"ဒေါ်အောင်ဆန်းစုကြည်က စကားပြောတာတော့ ကောင်းပါတယ်... ဒါပေမယ့်လည်း ပြောတာကတော့ လူတိုင်းပြောတတ်တာပဲ... အထူးသဖြင့် အလုပ်လုပ်နေတဲ့လူကို ဝေဖန်ထောက်ပြတဲ့ စကားဆိုရင် ပိုတောင် ပြောတတ်ကြပါသေးတယ်... ဥပဒေ စိုးမိုးမှုရှိရေး စည်းကမ်းလိုက်နာရေး ဆိုပြီး စကားကြီး စကားကျယ်တွေနဲ့ အစိုးရကို ဝေဖန်ထောက်ပြနေတာထက်စာရင် ကိုယ့်ဘေးကလူတွေ၊ ကိုယ့်မျက်စိအောက်ကလူတွေကိုပဲ ဥပဒေ နဲ့ စည်းကမ်းကို တိတိကျကျလိုက်နာဖို့ အရင် ဆုံးမ သင့်တယ်လို့ထင်တယ်.... ကျွန်တော် တွေ့တွေ့နေရတယ်.. ဒေါ်အောင်ဆန်းစုကြည်က မိုက်ခရိုဖုန်းကိုင်ပြီး ဥပဒေ အကြောင်း၊ စည်းကမ်းအကြောင်း ပြောလိုက်တယ်.. အောက်ကလူတွေက လက်ခုပ်တွေ တီးကြတယ်.. ပြီးတော့ လုပ်ချင်တာလုပ်ကြတယ်.... ဒါကို ဒေါ်အောင်ဆန်းစုကြည်က လည်း မြင်တယ်... မဲမရမှာ ဆိုးတာကြောင်း မပြောရဲဘူး ဖြစ်နေတယ်... အဲဒါတော့ မကောင်းဘူး...."

လို့ ရှင်းပြပြတယ်။ ဒီတစ်ပတ်အတွင်းမှာ ထွက်လာတဲ့ ဥပဒေ မလိုက်နာဆုံး စာရင်းမှာ မြန်မာနိုင်ငံလည်း ပါနေခဲ့ပါတယ်။

အမေစုကို ထောက်ခံတယ်။
အမေစုကို ထောက်ခံသူတွေ
ဥပဒေ၊ စည်းကမ်း မလိုက်နာလည်း အမေစုက ဘယ်တော့မှ အပြစ်မပြောဘူး။
မထောက်ခံရင်နော့ အကြီးကြီးတွေနဲ့ ပစ်ထည့်တာ ခံရမယ်။ ဒါပဲ။


သုံးယောက်စီးမယ်၊ ဦးထုတ်မဆောင်းဘူး
ဒီမိုကရေစီဆိုတာ ဒါပဲ။

Myanmar Express

9 comments:

မဲရဖို့ပဲ စိတ်ဝင်စားပြီး သူ့ယောင်္ကျားအမျိုးတွေရဲ့ Rule of Law လောက်ပဲ သိတာ။
ဒီလောက်လိုချင်တဲ့ အာဏာ ပေးလိုက်စမ်းပါ
တိုင်းပြည်တစ်ပြည်ကို လွယ်လွယ်နဲ့ run လုပ်လို့ရမယ်ထင်နေတယ် ဘာအတွေ့အကြုံမှ မရှိပဲနဲ့ ကလေးနှစ်ယောက်တောင် နိုင်အောင်ထိန်းနိုင်လို့လား

တကမ္ဘာလုံးက သံယံဇာတတွေဝိုင်းဆွဲရုံမက မြန်မာပြည် အစိတ်စိတ်မွှာမွှာဖြစ်သွားမှာ မြင်သေးတယ်

ငါတို့လူမျိုးကတော့
အရေမရ အဖတ်မရ တရုန်းရုန်းလုပ်ရမယ်ဆို ထိပ်ဆုံးကပဲ
ကိုယ့်အိမ်မှာ တံမြက်စည်းတောင် စင်အောင်လှည်းကြရဲ့လား
အိုးတောင်ပြောင်အောင်တိုက်ကြရဲ့လား
တကိုယ်ရေတကာယတောင် သန့်ရှင်းအောင်နေတတ်ကြရဲ့လား

ပြောရရင် မကောင်းဘူး
စစ်သားတွေက အနည်းဆုံးတော့ ဖိနပ် ပခုံးပေါ်ကဘားနဲ့ ဦးထုပ်ကတံဆိပ်ကိုတော့ ပြောင်အောင်တိုက်တတ်သေးတယ်
ကိုယ့်အိပ်ရာလိပ်ကို ကျစ်လစ်နေအောင် လိပ်တတ်သေးတယ်

တစ်ဦးချင်း တန်ဘိုးချင်းယှဉ်မလား လိုက်မမှီဘူး
တကိုယ်ရေတကာယပဲ နိုင်အောင်လုပ်ကြစမ်းပါဦးကွာ
တရုန်းရုန်းလုပ်ဖို့နဲ့ ဟိုမိန်းမကြီး အသံကောင်းလွှင့်တာ အချိန်ကုန်ခံ နားထောင်ဖို့လောက်ကလွဲပြီး လက်တွေ့လုပ်ဖို့ ဘာစောက်သုံးမှ မကျဘူး

လက်ဘက်ရည်ဆိုင်မှာ ဒူးနှံ့နေဖို့ ဒေါ်စုထမီစမျှော်ဖို့ သောက်တင်းချဖို့ ဘီယာဆိုင်ထိုင်ဖို့ ချဲလ်စီလောင်းဖို့ထက် ကိုယ့်မိန်းမနဲ့သားသမီးတွေကို ကိုယ်အရင်ပြုစုပျိုးထောင်ပါဦး

အလေလိုက်ဖို့လောက်ပဲသိတဲ့ မင်းတို့တွေထက် စစ်သားတွေကမှ စည်းကမ်းရှိသေးတယ်

မြန်မာလူမျိုး တွေက... မင်္ဂလာဆောင်၊ နာရေး၊ ဆိုလည်း ဆိုင်ကယ်သုံးယောက်စီးပြီး... ရှေ့ကနေ.. ရုပ်ရုပ်သဲသဲ နဲ့ လူတွေအများကြီး တန်းပြီး.. လိုက်နေကြတာ... ဆိုင်ကယ်တွေမီးထွန်းပြီး... အခွင့်ထူးခံသဘောနဲ့.. ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်ချင်နေကြတာ.. အဲ့ဒါ မြန်မာတွေရဲ့သဘာဝဘဲလေ...

လုပ်လိုက်ရတဲ့ပွဲတွေ သွားလိုက်ကြတဲ့ ခရီးတွေ
မြန်မာပြည်ဆင်းရဲတယ်ဆိုတာ ဘာဆင်းရဲတာလဲ
ဘယ်ကပိုက်ဆံတွေရနေတာလဲ
လုပ်လိုက်ရတဲ့ နိုင်ငံရေးပွဲတွေ အခမ်းအနားတွေ တဂျိန်းဂျိန်း
နားမလည်လို့ပါ

စီဗုံးက ဒီမိုတွေအောက်တန်းကျရိုင်းပြတာ
လူသိအောင် တမင်ဖွင့်ထားပေးတာလား
စုတ်ပဲ့လိုက်တာနော်

ခုထိတော့ ဒီမိုဘက်တော်သားတွေ လူကြီးတွေကို
မအေနဲ့ကိုင်တုတ်တာ မတွေ့သေးဘူး
ဒီမိုသမားတွေချည်းပဲ မိုးမွှန်အောင်ဆဲနေကြတာပဲမြင်တယ်

ဒီလိုဖြစ်လာမယ်၊ ပြောလာမယ်ဆိုတာ ကြိုသိနေပေမယ့် ဖေ့ဘွတ်မှာ တွေ.တုန်းက မရေးဖြစ်ခဲ့ဘူး ။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွေမှာ လူထု တခဲနက် လာအားပေးကြတာမျိုးမှာတော့ ဘယ်လိုမှ ထိန်းလို.ရမှာ မဟုတ်ပါဘူး ။ သူ.ထက် ငါ ခေါင်းဆောင်ကို အားပေးချင်တာကိုး ။ ဒါပေမယ့်  ဒီလို သွားလာတဲ့အခါ ၊ လူနည်းသွားတဲ့အခါ မှာတော့ စည်းကမ်းလိုက်နာသင့်တယ် ။ အရင်ကလည်း ဒီလို အချက်တွေကြောင့် ဆိုပြီး ထိန်းသိမ်းခံခဲ့ရတယ် ။ အခုတခါမှာ သတိရှိပြီး အရာရာ ပြင်ဆင်ထားသင့်တယ် ။ အကွက်ကြိုမြင်သင့်တယ် ။

SV

အ မေ စု ရေ........
အ မေ ရဲ့ စေ တ နာ နဲ့ မြန်မာ လူထု မတန်ဘူးဗျို့
ဝက်ကို နတ် သု ဒ္ဒါ ကျွေး မ နေ ပါ နဲ့ တော့ ဗျာ
အ မေ ဘဝ က ဒီ ပြ ည် သူ တွေ အျွှက် သာ အ နစ နာ မ ခံ ရင် တော် တော် ကောင်း စား နေ ပြီ

ဒေါ်အောင်ဆန်းစုကြည်ကို ကာပြောချင်တာနဲ့
ပြည်သူကိုတော့ ဝက် တိရစ္ဆာန်လို့ မသုံးပါနဲ့ဗျာ

ငါတို့လူမျိုးက လူကို ကိုးကွယ်တတ်တဲ့ အကျင့်ရှိတယ်

လစာတိုးပေးဖို့ လွှတ်တော်မှာ ပြောတော့ "၀န်ထမ်းတွေ ကို လာဘ်ပေး လာဘ်ယူမှုတွေ အရေးယူဖို့ ဒေါ်စု ကပြောနေ ပြီ ကိုယ့်ကို သတ်မယ့်သူမ ကို မဲပေးကြ မှာလား ၀န်ထမ်းတို့ ရေ စဉ်းစားကြ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်