Subscribe to our RSS Feed

၁၄၊ ၁၁၊ ၂၀၁၀ ဟောပြောပွဲ နှင့် ပတ်သက်၍

၁၄၊ ၁၁၊ ၂၀၁၀ ဟောပြောပွဲ

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ပရိတ်သက်အချို့နဲ့ နှုတ်ဆက် ဟောပြောပွဲ တစ်ခုကို ၁၄၊ ၁၁၊ ၂၀၁၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဟောပြောပွဲမစခင်ကတည်းက လူတော်တော်များများ ရောက်ရှိစောင့်နေကြပါတယ်။ သတင်းသမားတွေ၊ အမာခံအဖွဲ့တွေ၊ ဒေါ်အောင်ဆန်းစုကြည် ကို တစ်ခါမှ မမြင်ဖူးသေးလို့ ကြည့်ချင်သူတွေ၊ စူးစမ်းလိုသူတွေ အစုံပါပဲ။ ဘုန်းကြီး တစ်ပါး နှစ်ပါး တောင် တွေ့ပါသေးတယ်။


ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဟောပြာပွဲကို ထိန်းလိုက်၊ ဆက်ပြောလိုက်၊ ထိန်းလိုက်နဲ့ အလိုက်သင့် ပြောသွားခဲ့ပါတယ်။ အောက်က အမာခံတွေနဲ့ ဘာမှရေရေရာရာမသိ၊ မတတ်သူများကတော့ တဟေးဟေး၊ တဟားဟားနဲ့ ပျော်ပါးနေကြပါတယ်။ တစ်ယောက် တစ်ပေါက်လည်း အသံပေါင်းစုံအောင် အော်ကြပါတယ်။ ”နောက်က မကြားရဘူးဗျို့” ”တိုးတယ်ဗျို့” အချင်းချင်းလည်း ခြေထောက်တက်နင်းကြ၊ လက်သီးပုန်းထိုးကြ၊ သူတပြန်ကိုယ်တပြန် ပြောကြဆိုကြ ရန်ဖြစ်ကြလို့ ဒေါ်စု ကိုယ်တိုင် ထိန်းလိုက်ရပါသေးတယ်။ ”သားကလည်း စိတ်ချည်းပဲ၊ သည်းခံမှပေါ့” ဆိုပြီး ပြုံးပြီး နေရာဝင်ယူလိုက်ပါသေးတယ်။ ဒါပေမယ့် စည်းကမ်းကတော့ လုံးဝကို ထိန်းမရ သိမ်းမရမရှိပါဘူး။ စကားပြောဖို့ ခုံပေါ်တက်လာပြီး တစ်ခွန်းနှစ်ခွန်းပဲ ပြောရပါသေးတယ်။ ဘန်ကောက်က ဒေါ်စု သားဆီက ဖုန်းလာလို့ ဒေါ်စုက မြန်မာလူထုကို ပစ်ပြီး ဖုန်းပြောပါတယ်။ အဲ့ဒီချိန်မှာတော့ လူထုက ”စည်းကမ်းရှိပါ… စည်းကမ်းရှိပါ… စည်းကမ်းရှိပါ” လို့ ၁၀ ကြိမ် ၁၅ ကြိမ်လောက် တက်ညီလက်ညီနဲ့ ဒေါ်စု ကို အော်ပြောလိုက်ပါတယ်။ အဲ့တော့မှာ ဒေါ်စုလည်း ဖုန်ပြန်ပေးပြီး ပြန်ငြိမ်သွားပါတယ်။

ဒေါ်စု ပြောသွားတာတော့ နာရီဝက် လောက်ကြာပါတယ်။ ဒါပေမယ့် နိုင်ငံတော်အတွက်သော်လည်းကောင်း၊ ပြည်သူအတွက်သော်လည်းကောင်း အကျိုးရှိတာတွေ၊ ဗဟုသုတရစရာတွေ မပါသွားပါဘူး။ စာပေဟောပြောပွဲတစ်ခုမှာ သွားနားထောင်တာက ပိုပြီး အကျိုးရှိပါသေးတယ်။ ဒေါ်စု ပြောသွားတဲ့ထဲက နဲနဲလောက် ကောက်နှုတ်ပြပါအုံးမယ်


အစွန်းရောက်သွားပြီလား ဒေါ်စု

””ကျွန်မကလည်း ပြည်သူရဲ့ အသံကို နားထောင်ချင် ပါတယ်။ ခက်တာက အားလုံးဝိုင်းအော် နေတော့ ဘာတွေ ပြောကြမှန်း ကျွန်မမသိဘူး။ ပြည်သူတွေရဲ့ အသံတွေကို အခု နားထောင်ပိုင်ခွင့် ရမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒီလို အထိန်းသိမ်းခံ နေရတဲ့ အချိန်တွေမှာလည်း ကျွန်မ အသံလွင့် ဌာနတွေကို သေချာ နားထောင်ပြီးတော့ ပြည်သူ တွေက ဘာပြောနေကြလည်း ဘာလိုချင်ကြလဲ၊ ဘာလိုချင်ကြလဲ ဆိုတာ နေ့တိုင်း၊ နေ့တိုင်း လေ့လာနေပါတယ်။ တစ်နေ့ ငါးနာရီ၊ ခြောက်နာရီလောက် နားထောင်နေရတော့ ဘယ်လောက် ငြီးငွေ့စရာကောင်းသလဲလို့။ ဒါပေမယ့် ပြည်သူ့မျက်နှာနဲ့ နားထောင်နေတာ။ ပြည်သူတွေ ဘာလိုချင်လဲ ဆိုတာ ကျွန်မ အတိုင်းအတာ တစ်ခုအထိတော့ သိတယ်လို့ ထင်ပါတယ်။ လုံးစေ့ပေါက်စေ့ သိတယ်လို့ ကျွန်မ မဆိုလိုပါဘူး အဲဒီလောက်ထိလည်း ကျွန်မ မသိနိုင်ပါဘူး။ ကျွန်မတို့ ပြည်သူတွေကလည်း ကိုယ်ရဲ့အသံတွေကို ကျွန်မတို့ ကြားလောက်အောင် ပြောကြပေါ့။ ဒါမှလည်း ကျွန်မတို့ ဘာလုပ်ပေးနိုင်မလဲ ပိုစဉ်းစားနိုင်မယ်။ အရေးကြီးဆုံးက ကျွန်မတို့ --- နောက်က မကြားရလို့ အော်နေကြတာလား-- အော်လေ မကြားလေဘဲ နည်းနည်းလေး ငြိမ်ငြိမ်နဲ့ နားထောင်ပေး။ ””

ပထမ အချက် နဲ့ နောက်ဆုံး အချက်ကတော့ ဒေါ်စုပြောသမျှကို ဘယ်သူကမှ သေသေချာချာ အာရုံစိုက်နားမထောင်ပဲ ဆူညံနေတော့ ဒေါ်စု လည်း အားလုံးဝိုင်းအော်နေတော့ ဘာပြောကြမှန်း ကျမ မသိဘူး ငြိမ်ငြိမ်လေး နားထောင်ပေး လို့ ပြောယူရပါတယ်။

ဒုတိယအချက်ကိုကြည့်ယုံနဲ့ ဒေါ်စုတစ်ယောက် ဘယ်လောက်တောင် အစွန်းရောက်သွားလဲ ဆိုတာ သိနိုင်ပါတယ်။ ဒေါ်စုပြောသွားတာက

” ဒီလို အထိန်းသိမ်းခံ နေရတဲ့ အချိန်တွေမှာလည်း ကျွန်မ အသံလွင့် ဌာနတွေကို သေချာ နားထောင်ပြီးတော့ ပြည်သူ တွေက ဘာပြောနေကြလည်း ဘာလိုချင်ကြလဲ၊ ဘာလိုချင်ကြလဲ ဆိုတာ နေ့တိုင်း၊ နေ့တိုင်း လေ့လာနေပါတယ်။ တစ်နေ့ ငါးနာရီ၊ ခြောက်နာရီလောက် နားထောင်နေရတော့ ဘယ်လောက် ငြီးငွေ့စရာကောင်းသလဲလို့။”

လူတစ်ယောက်။ ဘယ်သူရယ်လို့မပြောပါဘူး။ ကြိုက်တဲ့လူတစ်ယောက်ပါ။ အဲ့ဒီလူတစ်ယောက်ကို ၇ နှစ်လုံး အပြင်ကလူတွေ တစ်ယောက်နဲ့မှ မတွေ့ခိုင်း၊ မဆက်ဆံခိုင်းပဲ တစ်နေ့ ငါးနာရီ ခြောက်နာရီလောက် VOA, BBC, DVB, RFA တို့ကို ဆက်တိုက် နားထောင်ခိုင်းကြည့်ပါ။ အဲ့ဒီလူတစ်ယောက် ၇ နှစ်ကြာရင် ဘာဖြစ်သွားမယ်ထင်ပါသလဲ။ အဲ့ဒီလူတစ်ယောက်အနေနဲ့ သတင်းနားထောင်ရတာ စိတ်ဝင်စားလို့ နားထောင်တယ်၊ ပြီးရင် အလေးအနက်မထားဘူး ဆိုရင်တော်ပါသေးတယ်။ ခုဟာက လုံးဝ ၁၀၀% ယုံယုံကြည်ကြည်နဲ့ ဒီစကားတွေကမှ တကယ့်အစစ်အမှန်တွေပါဆိုပြီး နားထောင်နေသူအတွက် ရင်လေးစရာပါပဲ။ ဒါ့အပြင် အဲ့ဒါတွေကို နားထောင်နေရတာကို ပြည်သူတွေရဲ့ ဘဝ ကို သိဖို့ လေ့လာနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတာတော့ သနားစရာပါပဲ။ တော်တော်လေးကို အစွန်းရောက်နေပါပြီ။

အဲ့ဒီ သတင်းဌာနတွေက ဘယ်နှခါများ မျှမျှတတ တွေ့းပြီး ပြောခဲ့ဖူးတာတွေ ရှိခဲ့ပါလဲ?? နားထောင်ဖူးတဲ့လူအားလုံး သိပါတယ်။ ပိုက်ဆံ အသစ်ထုတ်ရင် အပြစ်တင်တယ်။ ဝန်ထမ်းတွေ ပိုက်ဆံမလောက်ရင် အပြစ်တင်တယ်၊ လစာ တိုးပေးပြန်ရင်လည်း အပြစ်ပဲ တင်တယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းရင် အပြစ်တင်တယ်၊ လမ်းပန်းဆက်သွယ်ရေးကောင်းအောင် လမ်းဖောက်တော့ လယ်ကွင်းတွေဖျက်ရလို့ အပြစ်တင်ပြန်တယ်။ ရွေးကောက်ပွဲ ရက် မကြေငြာခင်က မကြေငြာသေးလို့ အပြစ်တင်တယ်။ ကြေငြာတော့ အချိန်နီးလို့ အပြစ်တင်ပြန်တယ်။ မဲပေးချိန်မှာ ပယ်မဲများအောင် သူတို့ပဲလုပ်ပြီး ပယ်မဲများတော့ အပြစ်တင်ပြန်တယ်။ ပါတီခေါင်းဆောင်တွေနဲ့ အင်တာဗျူးတွေမှာလည်း နိုင်ငံရေးကို နားလည်ပြီး ကိုယ်တိုင်နိုင်ငံရေး တကယ်လုပ်ပြီး ဝင်ပြိုင်နဲ့ ပါတီခေါင်းဆောင်တွေရဲ့ အပြေုသဘောဆောင်တဲ့ အပြောတွေ ဆို ဖျက်တယ်၊ အပျက်သဘောဆောင်တဲ့ စကားတွေကို လွှင့်တယ်။ ဒီတော့ လွှင့်သမျှ အားလုံးက အပျက်သဘောဆောင်တာတွေချည်းပါပဲ။ အစိုးရမကောင်းကြောင်း၊ နိုင်ငံမကောင်းကြောင်း တွေချည်းပါ။ မယုံရင် စာဖတ်သူကိုယ်တိုင် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု တစ်ခု ပို့ကြည့်ပါ။ ပြန်လာလား၊ မလာလား ဆိုတာ သိရပါလိမ့်မယ်။ အကြိမ်ကြိမ် ပို့ခဲ့ပြီးမှ ပြန်ပြောတာ။ ဆိုလိုတာက အဲ့လို အပျက်သဘောဆောင်တဲ့ အသံတွေကို တစ်ရက် ၆ နာရီ နဲ့ နေ့တိုင်း ၇ နှစ် လုံးလုံး နားထောင်လာသူတစ်ယောက်ရဲ့ ခေါင်းထဲမှာ ဘာတွေပဲ ရှိနေမလဲ ဆိုတာ အဖြေရှာစရာတောင်မလိုပါဘူး။ အဲ့ဒီလူက နိုင်ငံကောင်းအောင် ဘာလုပ်နိုင်မှာလဲ။


ဘာတွေလုပ်ခဲ့ပြီလဲ

ဒေါ်စုက ”ခပ်တိုတိုပြောရရင် အလုပ်တွေ အများကြီး လုပ်ရမယ်။” လို့ ပြောသွားပါတယ်။ ဒီစကား ကတော့ သူ့အနေနဲ့ နိုင်ငံခြားမှာ ဆွေမေ့ မျိုးမေ့၊ နိုငံမေ့ပြီး အနှစ် ၃၀ ကျော် ကဲ ပြီးမှ ၄၃ နှစ်အရွယ် မြန်မာနိုင်ငံ ပြန်လာချိန်မှာ နောင်တ ရတဲ့ စကား ဖြစ်ဖို့ များပါတယ်။ သူ့ကိုယ်သူ ဘာအလုပ်မှ မလုပ်ရသေးဘူး ဆိုတာ သိလို့ အလုပ်တွေ အများကြီး လုပ်ဖို့ သတိပေးတာ ဖြစ်မှာပါ။


ကံ ဆိုတာ

”အလုပ်မလုပ်ဘဲနဲ့ ဘာမှမရဘူး။ ကျွန်မတို့ ဗမာတွေက ကံပဲ ကံပဲလို့ ပြောလေ့ရှိတယ်။ အဲဒါကြောင့်ပဲ ကျွန်မတို့ လူငယ်တွေကို ထပ်တလဲလဲ ပြောရတယ်။ ကံဆိုတဲ့ အဓိပ္ပါယ်ကို သိရဲ့လား ကံဆိုတာ ပြုလုပ်ခြင်းပဲ။ အဲတော့ ကံပဲ၊ ကံပဲဆိုတာ ခပ်တိုတို ပြောရရင် ကိုယ်လုပ်သလိုဖြစ်မှာပဲ အဲဒီတော့ ကိုယ်လုပ်တဲ့ အတိုင်းပဲ ဖြစ်မှာပဲ။ လိုချင်တာရှိရင် လိုချင်တာကို ရအောင်လို့ လုပ်ယူရမယ်။”
အားလုံးက ဒေါ်စု ကံဆိုးရှာတယ်၊ သနားပါတယ် ရေဒီယို အသံလွှင့်ဌာန တချို့က ထုတ်လွှင့်တာကို ပြန်ဖြေရှင်းသွားတာပါ။ ဆိုလိုတာက ကံကြောင့်မဟုတ်ပါဘူး။ သူလုပ်လို့သူခံရတယ် ဆိုတဲ့ သဘောမျိုးပါ။ သူ့အပြစ်နဲ့ သူခံရတာ။ ဥပမာ ဂျွန်ရက်တော အိမ်ထဲ ဝင်လာတာကို သိသိကြီးနဲ့ သက်ဆိုင်ရာကိုလည်း အကြောင်းမကြား၊ ပြန်လည်းမလွှတ်ပဲ တစ်ညလုံး အတူနေခဲ့တယ်။ သူလိုချင်တာကို ရအောင်လုပ်တယ်။ အဲ့ဒါကို ပြောချင်ပုံပါပဲ။


ဖုန်းအရေအတွက် များလာကြောင်း

နောက်တစ်ခုကတော့ ဆက်သွယ်ရေး ဝန်ကြီးဌာန ကျေးဇူးကြောင့် ဖုန်းကိုင်ဆောင်သူ အရေအတွက် များလာတာကို အံ့သြောသွားပြီး ပြောခဲ့ပါတယ်။ ””အခု ကျွန်မထွက်လာတဲ့ အချိန်မှာ အဓိက ပြောင်းလဲချက် အဖြစ် ဘာတွေ့ရလဲ ဆိုတော့ တစ်ခြားဟာတွေ သိပ်မတွေ့သေးဘူး။ တွေ့မိတာကတော့ ဖုန်းလေးတွေ အများကြီးပဲ။ ဟိုနားကြည့်လဲ ကင်မရာဖုန်းလေး၊ ဒီနားကြည့်လဲ ကင်မရာဖုန်းလေး။ အဲဒါဘာကိုပြလဲဆိုတော့ ဆက်သွယ်ရေး ဘက်မှာတော့ ကျွန်မတို့ အများကြီး တိုးတက်လာပါတယ်။ ဒီတိုးတက်မှုကို အများကောင်းကျိုး အတွက် တတ်နိုင်တဲ့ နည်းနဲ့ သုံးကြပါ။ ဆက်သွယ်ရေးအားဖြင့် ကျွန်မတို့ အချင်းချင်းမှာ နားလည်မှုရအောင် ကျွန်မတို့အချင်းချင်း ညီညွတ်မှု ရအောင် သုံးကြပါလို့ ပြောချင်တယ်။ ဖုန်းတွေ ပါလာရင် ထောင်ပြပေးကြပါ။ ဘယ်လောက် အများကြီး ရှိလဲ သိရအောင်။ (ဖုန်းပါလာသူများက ဖုန်းများ မြှောက်ပြကြသည်။) တော်တော်များတာပဲ။ ကျွန်မ မနေ့ကမှ ပထမဦးဆုံးအကြိမ် အဲဒီလိုဖုန်းလေး သုံးဖူးတယ်။ အရင် ၉၆ ခုနှစ်တုန်းက ဒါတွေ ဒီမှာမရှိသေးဘူး။””


အပေါစား စည်းရုံးမှု

နောက်တစ်ခု က ဒေါ်စုအနေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရဖို့ဆိုလျှင် အသားတောင် လှီးပေးမယ့် သဘောမျိုးရှိပါတယ်။ ထောက်ခံမှုရဖို့ကိုပဲ လုပ်ဖို့ စဉ်းစားနေပါတယ်။ ပြီးတော့ သူ့ကိုသူ နိုင်ငံအုပ်ချုပ်သူ ဖြစ်ရမယ်လို့လဲ စိတ်ကြီးဝင်နေပုံပါပဲ။

””ကျွန်မတို့ အခု ပြည်သူတွေကို မေတ္တာရပ်ခံချင်တာကတော့ စောစောက ကျွန်မ ပြောသလိုပဲပေါ့ ကိုယ်စိတ် ထဲမှာ ရှိတာတွေကို ကျွန်မတို့ကို အသိပေးပါ။ စာရေးပြီးတော့ ပို့လို့လည်း ရပါတယ်။ စာတိုက်ကို စိတ်မချရရင် ဒီမှာပဲ လာပေးပါ။ ပြည်သူတွေ ဘာတွေ စိတ်ထဲမှာ ရှိသလဲ ဆိုတာ ကျွန်မသိချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ ပြည်သူ တွေရဲ့ စိတ်ထဲမှာ လူတွေရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေမလဲ။ ဘယ်လိုဖြစ်နေမလဲ။ စိတ်ထဲမှာ ဘယ်လိုပြောင်း သွားသလဲ ဆိုတာ ကျွန်မသေသေချာချာ မသိလို့မရဘူး ချက်ခြင်းသိဖို့ဆိုတာမရဘူး။ ပြန်ပြီးတော့ လေ့လာရ ဦးမယ်။ ကျွန်မတို့ ပြည်သူတွေ တစ်ယောက်ချင်းနဲ့ စကားပြောဖို့ ဆိုတာလည်း တကယ်တမ်း လက်တွေ့ကျကျ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်ရင်တော့ ပြောတာပေါ့။ ဖြစ်နိုင်ရင်တော့ကျွန်မ ထိုင်နားထောင်မယ်။””

ဒါကတော့ အပေါစား စည်းရုံးမှု တစ်ခုပါ။ ခုဆိုရင် မိုက်ကယ် အဲရစ် လည်း မရှိတော့ပါဘူး။ တိုင်းတပါးသားရဲ့ သွေးကို သူ့ဝမ်းနဲ့ လွယ်ပြီး မွေးထားတဲ့ သားနှစ်ယောက် သူ့မှာ ရှိပါတယ်။ အဲ့ဒီ နှစ်ယောက် ဖြစ်ချင်တာတောင် သူသေချာ နားထောင်ဖူးရဲ့လား။ အစ်ကိုကြီးတော့ အဖ ရာဆိုတဲ့အတိုင်း ဗိုလ်ချုပ် ရဲ့ သား၊ သူ့အစ်ကို ဖြစ်ချင်တာတွေကို တောင် သေချာ နားထောင်ရဲ့လား ဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။


နိုင်ငံရေး

””ဒါဖေဖေ အရင်ကတည်းက ပြောခဲ့ပါတယ်။ လွပ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့မရဘူး။ အားလုံးဟာ နိုင်ငံရေးပဲ””

ဒီစကားကိုတော့ ထောက်ခံပါတယ်။ လုံးဝ မှန်တဲ့ စကားပါ။ ဗိုလ်ချုပ်ပြောတာ သိပ်မှန်ပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ လူ အနည်းစု ကလွဲပြီးတော့ ပညာနည်းနည်း မြင့်မားလာချိန် အသက် ၂၅ နှစ်လောက် ကစပြီး သတင်းဖတ်ခြင်း၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတွေ လ့လာခြင်း တွေကို လုပ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ ၂၇ နှစ်ထိ နိုင်ငံရေး မလုပ်နိုင်ပဲ နိုင်ငံခြားသား ကို ယူပြီး ပျော်ပါးခဲ့တာပါ။ အသက် ၄၃ နှစ် ရောက်မှ အမေ နေမကောင်းလို့ ပြန်လာပြီး နိုင်ငံရေးက နိုင်ငံသားတိုင်းနဲ့ တိုင်တယ် ဆိုတော့ ””နိုင်ငံရေးသည် အသက် ၄၃ နှစ် မပြည့်ခင်တွင် ကိုယ့်နှင့်မဆိုင်ပါ။ ပျော်သလိုနေ၊ နိုင်ငံကို ခြေစုံကန်ပြီး တိုင်းတပါးသားနဲ့ ပျော်ပါးနေရပြီး ၄၃ နှစ် ကျော်လာပါက လူတိုင်းနှင့် ဆိုင် သည်။”” လို့ ပြင်ရမလို ဖြစ်နေပါပြီ။


နိုင်ငံရေးဆိုတာ ဘာမှန်းမသိ၊ ကိုယ့်နိုင်ငံဆိုတာ ဘယ်မှန်းမသိပဲ မျက်နှာဖြူ ယောက္ခထီး၊ ယောက္ခမ၊ ယောင်္ကျား၊ သားနှစ်ယောက် နှင့် ပျော်ပါးနေသော ဒေါ်စု

နိုင်ငံရေးနှင့် ဟင်းချက်ခြင်း

အခုဒီမှာ ကျွန်မတို့ လာပြီးတော့ ကျွန်မတို့ ကို ထောက်ခံနေတာတင် နိုင်ငံရေးမဟုတ်ဘူး။ အိမ်မှာနေပြီးတော့ ဟင်းချက်နေတဲ့ အမျိုးသမီးလဲ နိုင်ငံရေး လုပ်နေရတာပဲ။

တိုင်းတပါးတွင်နိုင်ငံရေး အကြီးအကျယ်လုပ်နေသော ဒေါ်စု


ကျေးဇူးတင်ကြောင်း

ဒေါ်စု အနေနဲ့ သူ့အပေါ် အစိုးရနဲ့ တာဝန်ရှိလူကြီးတွေရဲ့ ညွန်ကြားချက်ကြောင့် သူ့အိမ်လုံခြုံရေးယူသူများက သူ့အပေါ် ကောင်းကြောင်းကို ချီးကျူးပြောကြားသွားပါတယ်။

””ကျွန်မထိန်းသိမ်းခံရတဲ့ နှစ်တွေအတွင်းမှာ ပေါ့နော် လုံခြုံရေး တာဝန်ယူရတဲ့သူတွေနဲ့ အများကြီး ဆက်ဆံရပါ တယ်။ သူတို့ ကျွန်မအပေါ်မှာ ကောင်းခဲ့ပါတယ်။ ကျွန်မပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ အဲတော့ ဒါကတော့ အမှန်ကို အမှန်အတိုင်း ကျွန်မပြောရမှာပါ။ ကျေးဇူးတင်ထိုက်တဲ့သူကို ကျေးဇူးတင်ရမှာပဲ။ အဲဒီလို သာမန် လုံခြုံရေး ဝန်ထမ်းတွေထဲက ကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တဲ့သူတွေကို ကျွန်မ ကျေးဇူးတင်ပါတယ်။ စိတ်ထဲမှာ တကယ့်ကို ကျွန်မစိတ်ရင်းနဲ့ ပြောတာပါ။””

ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် အစိုးရရဲ့ လုံခြုံရေး သမားတွေက ဘယ်လောက်ကောင်းခဲ့ကြလဲ ဆိုတာ အားလုံး မြင်သာစေပါတယ်။ လုံခြုံရေး အဖွဲ့တွေကောင်းတယ် ဆိုတာလဲ။ အစိုးရအဖွဲ့ဝင် လူကြီးအားလုံးရဲ့ စေခိုင်းချက်တွေ ကြောင့်ပါပဲ။ ဒေါ်စုအနေနဲ့ အစိုးရအဖွဲ့ဝင် လူကြီးအားလုံးရဲ့ စေတနာကို နားလည်မှုကြောင့်သော်လည်းကောင်း၊ ကိုယ့်ဘာကို အမြင်မှန်ရပြီးတော့ သော်လည်းကောင်း အမှားတွေ ထပ်မလုပ်တော့ဘူးဆိုရင် ခုန ဒေါ်စု ပြောတဲ့ ကျေးဇူးရှင်အားလုံးကို ကျေးဇူး ဆပ်တာနဲ့ အတူတူပါပဲ


ခုထိ ထိန်းလို့မနိုင်သေး

--- ဟာ နည်းနည်းတော့ သည်းခံပါဦးဟေ့ -- ခဏလေး နောက်ကထလိုက်လို့ ဘာဖြစ်သွား တာမှ မဟုတ်ဘဲ။ တစ်ယောက်နဲ့ တစ်ယောက်တော့ သည်းခံရမှာပဲ။ တစ်ယောက်က မတ်တပ်ထလိုက်လို့ စိတ်ဆိုးစရာ အကြောင်းမရှိဘူး။ ဒေါသ ကြီးပဲ။


ရှေ့လူနဲ့ နောက်လူ

ရှေ့က ကျွန်မ မနေ့တုန်းက အိမ်ရှေ့မှာ ပြောသလိုပေါ့။ အရှေ့ကလူကလည်း အနောက်ကလူကို သိတတ်မှု၊ နားလည်မှုရှိရမယ်။ အနောက်ကလူကလည်း အရှေ့က လူကို နားလည်မှု သည်းခံမှုရှိရမယ်။ အဲဒါမှ ကျွန်မအတွက် အဆင်ပြေမှာ။

စကားကတော့ သိပ်ကောင်းပါတယ်။ ဒါပေမယ့် ဒေါ်စုအနေနဲ့ သူများကို မဆုံးမခင် ကိုယ့်ကိုယ်ကိုယ်ဆုံးမသင့်ပါတယ်။ ဒေါ်စုအနေနဲ့ ၈၈ ခုနှစ်မှ နိုင်ငံထဲ ရောက်လာပြီး ရှေ့ကလူတွေပြောတာလည်း လက်မခံပဲ နောက်ကနေ လုပ်ချင်တာတွေ လျှောက်လုပ်နေခဲ့လို့ ခုချိန်ထိ ဒေါ်စု ဘာလုပ်ခဲ့သလဲဆိုတာ လက်ဆုတ်လက်ကိုင် ပြစရာ မရှိတာပါ။ ဒီတော့ ဒေါ်စုပြောသလိုပဲ နောက်ကလူ တစ်ယောက်အနေနဲ့ ရှေ့ကလူတွေကို နားလည်ပေးဖို့လိုအပ်ပါတယ်။ အခု လက်ရှိ အခြေအနေကတော့ အစိုးရနဲ့ တာဝန်ရှိသူတွေအနေနဲ့ နောက်က ဒေါ်စုကို နားလည်ပေးထားတယ် ဆိုတာ အားလုံး မြင်သာပါတယ်။


စေ့ပြန်ပြီ ဒီရင်ကြား

””ဒီတော့ ပြည်သူတွေ အနေနဲ့ ကျွန်မ ဘယ်လိုဆက်ပြီးတော့ နိုင်ငံရေး ခရီးသွားမလဲ ဆိုတာ သိချင်လာမယ်။ ကျွန်မကတော့ ဒီ--ဒီ ပြည်သူတွေကြားမှာ ကျွန်မတို့က အားလုံးကြားမှာပေါ့နော် အမျိုးသားရင်ကြားစေ့ရေး ကိစ္စကို ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဒါဟာ အရေးကို ကြီးတယ်။””


ဒီစကား ပြောပုံ ကြည့်ရုံနဲ့ ဒေါ်စုအနေနဲ့ ခုလက်ရှိ ဘာတွေဖြစ်နေတယ် ဆိုတာကို လုံးဝ မသိသေးဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့်မို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ က သူလုပ်ခဲ့ပြီး ဘာမှ ရလဒ် မပြနိုင်သေးတဲ့ အလုပ် ကိုပဲ သူပြောသွားတာပါ။ အထက်မှာပြောခဲ့သလိုပါပဲ အမြဲတမ်း မနက်ဖြန် ပြိုကွဲတော့မှာလိုလို၊ ဒီနေ့ ပုန်ကန်တော့မှာလိုလို သတင်းတွေချည်း အမြဲ နားထောင်တော့ ဒီစကားပဲ ပြောထွက်မှာပါ။ သူပြောသလို အဲ့ဒီ နောက်ကြောင်းပဲ ပြန်လိုက်လုပ်နေရင်တော့ နိုင်ငံရေးရော၊ စီးပွားရေးရော၊ လူမှုရေးပါ ကမ္ဘာမှာ ဒီထက် နောက်ကျပြီးရင်း နောက်ကျနေမှာ အသေအချာပါပဲ။

””ကျွန်မစိတ်ထဲမှာတော့ ဘယ်သူပဲ ဘာဖြစ်လို့။ ဘယ်သူနဲ့တော့ဖြင့် အဆင်ပြေအောင်လုပ်လို့မရဘူး။ ဘယ်သူနဲ့ တော့ဖြင့် စကားပြောလို့မရဘူး ဆိုတာ လုံးဝမရှိဘူး။ ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ရရမယ်။ စကားပြောချင်တဲ့ စိတ်ရှိရင် စကားပြောလို့ ရရမယ်။ ကျွန်မကတော့ ဒီလမ်းအတိုင်း သွားမှာပဲ။””

ခုလိုပြောခြင်းက ဒေါ်အောင်ဆန်းစုကြည်အနေဲ့ ပျော့ပြောင်းပြီး တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ပူးပေါင်းလုပ်ဆောင် လိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ သိပ်ကောင်းတဲ့ အစီအမံပါပဲ။ အဲ့လိုမှ မဟုတ်ပဲ အသံလွှင့်ဌာန တွေပြောတာတွေ နားယောင်ပြီး မနက်ဖြန် ပုန်ကန်မလား၊ သဘက်ခါ သောင်းကျန်းမလား ဆိုတဲ့ လူတွေ ရှိတယ် ထင်လို့ ဝင်ပြောချင်တယ် ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံခြားမှာ နှစ် ၃၀ နေလာ သူတစ်ယောက်အနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ဆက်ဆံပြောဆိုလိုတာလည်း ဖြစ်နိုင်ပါတယ်။


ဖေဖေပြောတဲ့ လိပ်ပြာခုံရုံး

""ဖေဖေပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ သူ့လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ သူ မားမားမတ်မတ် ရပ်ပြီးတော့ အစစ်ခံရဲတယ်တဲ့။ ကျွန်မရဲ့ လိပ်ပြာခုံရုံး ရှေ့မှာလည်း နေ့တိုင်း မတ်တပ်ရပ်ပြီးတော့၊ ကျွန်မတို့ ပြည်သူတွေလဲ ဒီလိုပဲ ကိုယ့်ရဲ့လိပ်ပြာခုံရုံးရှေ့မှာ နေ့တိုင်း မတ်တပ်ရပ်ပြီးတော့ မားမားမတ်မတ် အစစ်ခံကြည့်ကြပါ။ အဲဒီလို အစစ်ခံ ကြည့်တဲ့အခါ ကိုယ်ဟာ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်နေသလား ဆိုတဲ့ အဖြေက ပေါ်လာပါလိမ့်မယ်။ အဲဒီလိုပေါ်လာလို့ရှိရင် ကျွန်မတို့ရဲ့ အင်အားတွေက အရမ်းတန်ဖိုးတက်မှာ။ အင်အားဆိုတာ မှန်မှန်ကန်ကန် သုံးမှတကယ့်ကို အဖိုးတန်တာ ၊ မှန်မှန်ကန်ကန် သုံးတဲ့ အင်အားရဲ့ အာနိသင်ကို ဘယ်သူမှ ဖြိုလို့မရဘူး။ အဲဒါကိုတော့ မှတ်ထားကြမှ။""

တစ်ခုလောက် မေးချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေဲ့ အသက် ၄၃ နှစ်အတွင်းမှာ သူ့လိပ်ပြာခုံရုံးရှေ့မှာ မားမားမတ်မတ်ရပ်ပြီးတော့ နေ့စဉ်အစစ်ခံခဲ့ပါသလား?? ၁၄ နှစ်အရွယ် နိုငံခြားကို ထွက်သွားပြီး ကတည်းက မြန်မာနိုင်ငံကို ပြန်မနေချိန်တွေ၊ တိုင်တပါးသားနဲ့ အိမ်ထောင်ပြုချိန်၊ အနှစ် ၃၀ လုံးလုံး နိုင်ငံခြားမှာ ပျော်ပါးနေချိန်တွေမှာ နေ့တိုင်း အစစ်ခံပြီး လုပ်သင့်လုပ်ထိုက်တာတွေပဲ လုပ်နေတယ်လို့ ယူဆပါသလား ဆိုတာပါပဲ။ ကြီးကြီးကျယ်ကျယ်ဆိုတာ လူတိုင်းပြောတတ်ပါတယ်။ ဒါပေမယ့် ရှက်တတ်ဖို့ကိုတော့ လူတစ်ချို့ မေ့နေတတ်ပါတယ်။


လုပ်ခဲ့သမျှ အားလုံးမှန်တယ်ဆိုတာ ဒီခလေး နှစ်ယောက် က သက်သေပဲ

စမ်းသပ်မှု တစ်ခု

””ကျွန်မတို့ ပြည်သူတွေကိုလေ ကိုယ်ချင်းစာတဲ့စိတ်၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်တဲ့စိတ်၊ တစ်ယောက်ကို တစ်ယောက်သည်းခံတဲ့စိတ်ကလေး၊ အခုနည်းနည်း စမ်းကြည့်ရအောင်၊ နည်းနည်းစမ်းကြည့်မယ်နော်။ နည်းနည်းစမ်းကြည့်မယ် ဆိုတော့။ စမ်းကြည့်မယ်။ ဟိုဘက်ကလူတွေက မကြားရလို့ဆိုပြီးတော့ အော်နေကြတယ်။ အဲဒီတော့ ကျွန်မလည်း ပြောတာပြီးတော့မယ်။ အဲဒီတော့ ဒီရှေ့က လူတွေက ဟိုဘက်ကို နည်းနည်း ထွက်သွားပြီတော့ ဟိုဘက်ကလူတွေကို နေရာပေးပါလား။""

(ဆဲသံ ဆူသံများ ပွက်လောရိုက်လျှက်----- တချို့ကလည်း ပွဲ့လန့်တုန်း အတင်းနေရာဝင်ယူကြ-- တချို့ကလည်း နင်းထားသူများကို ပြန်နင်းကြနဲ့ ၁၀ မိနစ်လောက်ကြာ -------)

""------------ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပါတယ်။ အင်အားတွေ မရှိရင် ကျွန်မတို့ လုပ်တဲ့ အလုပ်တွေဟာ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ အင်အားတွေကို စနစ်တကျလုပ်မှပဲ စနစ်တကျသုံးမှပဲ ထိရောက်မှာ ဒီတော့ နည်းနည်းလေး စနစ်တကျဖြစ်အောင်ဘယ်လိုလုပ်မလဲ။ ကျွန်မပြောပြမယ်။ အရှေ့ကလူတွေက မတ်တပ်ထတဲ့ အခါ နောက်ကလူတွေက စိတ်တိုကြတယ်။ အဲဒီတော့ ကျွန်မပြောချင်တာ အရှေ့ကလူတွေကလည်း အကြာကြီး မထပါနဲ့။ နောက်ကလူတွေက ခဏလောက်ထတာကို သည်းညည်း ခံကြပါ။။ ခဏထတာပဲ ဘာဖြစ်လဲ။ တစ်ချိန်လုံး ထရင်တော့ တစ်မျိုးပေါ့။""

( ဆဲသံဆူသံ၊ တောက်ခေါက်သံများ မရပ်ကြသေး)


ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်

""အခု ကျွန်မ ထိန်းသိမ်းခံနေရတဲ့ ကာလတစ်လျှောက် ကျွန်မရဲ့ လုံခြုံရေးအတွက် တာဝန်ယူတဲ့ တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေကပေါ့နော် ကျွန်မအပေါ်မှာ ကောင်းခဲ့ပါတယ်။ ကျွန်မအပေါ်မှာ တော်တော် ကောင်းခဲ့ပါတယ်။ ဒါ ကျွန်မ အမှန်အတိုင်း ပြောတာ။ အဲဒါကိုလည်း ကျွန်မ တန်ဖိုးထားပါတယ်။ ကျေးဇူးတင်ပါတယ်။ ကောင်းမွန်တဲ့ ကိစ္စကို တန်ဖိုးထားရမယ်။ ကျေးဇူးတင်ထိုက်သူ ကို ကျေးဇူးတင်ရမယ်။""

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်နဲ့ တာဝန်ရှိသူများရဲ့ စေတနာနဲ့ ကျေးဇူးတရားကို သိတာဝမ်းသာဖို့ကောင်းပါတယ်။

""ကျေးဇူးတင်စရာ တွေသာ လုပ်ကြစမ်းပါ ကျွန်မက တစ်ချိန်လုံးခေါ်ပြီး ကျေးဇူးတင်နေပါ့မယ်။""

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတွေက ဒေါ်စုအပေါ် ဒေါ်စု ကျေးဇူးတင်ရလောက်အောင် ကျေးဇူးတင်စရာတွေလုပ်ခဲ့တယ်လို့ သူကိုယ်တိုင်ပြောခဲ့ပြီးပါပြီ။ ပြီးတော့ ကျေးဇူးတင်စရာတွေ လုပ်ရင် တစ်ချိန်လုံးခေါ်ပြီး ကျေးဇူးတင်နေပါ့မယ်လို့လည်း ပြောခဲ့တယ်ဆိုတော့ ဒေါ်စုအနေနဲ့ တကယ်ပဲ အပြောနဲ့ အလုပ်ညီရဲ့လားဆိုတာ ဆက်ပြီး စောင့်ကြည့်လို့ရပါတယ်။ သူ တကယ်ပဲ တစ်ချိန်လုံးခေါ်ပြီး ကျေးဇူးတင်နေလား ဆိုတာ အနားကလူတွေက ပိုသိပါလိမ့်မယ်။ မလုပ်နိုင်ပဲပြောတယ်ဆိုရင်တော့ ဗလာင်းဗလဲ မိန်းမ တစ်ယောက်ပဲ ဖြစ်ပါလိမ့်မယ်။

ဂုဏ်
""လူ့သိက္ခာ ဆိုတာရှိတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဘာနဲ့ စလဲဆိုတော့ လူတိုင်း၊ လူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာရှိတယ်။ အဲဒီ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်။""

မွေးရာပါ ဂုဏ်သိက္ခာထက် အမျိုးဂုဏ် ဇာတိဂုဏ် ဆိုတာက အရေးကြီးတယ်ဆိုတာ အသက် ၆၅ နှစ်ထိ ဒေါ်စု မသိသေးတာ ဝမ်းနည်းမိတယ်။


နိဂုံး

""မတိုးတက်လို့ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်လို့ ပြောမယ့်အစား ကျွန်မတို့ အားလုံး လက်ညီတက်ညီ နဲ့ လက်တွဲပြီးတော့ တိုးတက်အောင်လို့ လုပ်နိုင်ဖို့ အခွင့်အရေးတွေ ပေးပါလို့ပဲ။ အဲဒီလိုပဲ ကျွန်မပြောချင်တယ်။””

ဘယ်သူ ဘယ်ဝါကြောင့် မပြောပဲ ကိုယ်တိုက် တက်နိုင်သမျှ လုပ်မယ်ဆိုတာ သိပ်ကောင်းတဲ့ ခံယူချက်ပါ။ ဒါပေမယ့် လုပ်ဖို့ အခွင့်အရေး ပေးပါလို့တော့ တောင်းဖို့ မလိုပါဘူး။ လုပ်ချင်ရင် လူတိုင်း နိုင်ငံတိုးတက်အောင် လုပ်လို့ရပါတယ်။ အခွင့်အရေး မပေးလို့ မလုပ်ရတာပါဆိုတာ မလုပ်ချင်တဲ့လူတွေ ပြောတဲ့ စကားပါ။ လမ်းပေါ်မှာ အမှိုက်လှဲနေတ့ စည်ပင်သာယာ ဝန်ထမ်း တစ်ယောက်ကို မြို့တော် စည်ပင် သာယာဖို့၊ နိုင်ငံ လှပ အောင် လုပ်နိုင်ဖို့ အခွင့်ရေး ရရှိထားသူ အခွင့်ထူးခံလို့ ပြောလို့ မရပါဘူး။ စည်ပင်သာယာ ဝန်ထမ်းမဟုတ်ပဲ လူတိုင်း ဝင်ပြီး အမှိုက်ကောက်လို့ ရပါတယ်။ အခွင့်အရေး မပေးလို့ မလုပ်ဘူး။ အများကြီးပဲ လုပ်နိုင်တယ်ဆိုပြီး ဘာမှမလုပ်ပဲ ကြီးကြီးကျယ်ကျယ်ပြောနေရင်တော့ အမှိုက်လှဲနေတဲ့ စည်ပင်ဝန်ထမ်းလောက်တောင် နိုင်ငံအတွက် အသုံးမဝင်တဲ့ လူတစ်ယောက်ပဲ ဖြစ်မှာပါ။ အခွင့်အရေးကို လက်ဖြန့်တောင်းမနေပဲ ကိုယ်လုပ်နိုင်တာလေးကို အတက်နိုင်ဆုံးလုပ်ရင်း နိုင်ငံအတွက် အကျိုးရှိသူတစ်ယောက် ဖြစ်ပါစေ ဒေါ်စု။

နားဆင်လိုပါက

http://www.mediafire.com/?98cq2pdrcv8dwh4

11 comments:

တကယ့်ဦးနှောက်မရှိတဲ့မနာလိုတိုရှည်... blog တခုပဲ... အဲလိုလျောက်ရေးနေလဲ.. ဒေါ်စုကိုပြည်သူတွေက အကြည်ညို မပြတ်ပါဘူး...ခင်ဗျားတို့ နွားအဖွဲ့က အစကတည်းက ဒီသောက်ကျင့်ရှိတာသိနေတာပဲ..ဖေကံကောင်းတို့.. ၅မင်းဆွေတို့..ကျန်သေးတယ်အများကြီးပဲ.. ဆယ်စုနှစ်တခုကျော်ကျော် ဒီလိုပဲသတင်းစာထဲ ပထွေးအလိုကျ ပေါက်ပန်းလေးဆယ်လျောက်ရေး ဖူးတာပဲ... အဲလိုရေးလေ...နွားအဖွဲ့ကိုပိုဆဲလေ... ပိုမုန်းလေပဲ... အားလုံးကသိနေတာချည်းကို... လျောက်လိမ်.. ပြီး သူတပါးကိုအပုပ်ချနေတာချည်းကို.. တယ်ခက်ပါလား...ဒေါ်စုနဲ့တော့နှိုင်းမရ အောင်ကွာပါ့... အဲလောက်အောက်တန်းကျတဲ့စိတ်ဓာတ်တွေ လူ့လောကမှာတကယ်ရှိတာကို...တွေ့လိုက်ရ ပြီ

"မတိုးတက်လို့ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်လို့ ပြောမယ့်အစား ကျွန်မတို့ အားလုံး လက်ညီတက်ညီ နဲ့ လက်တွဲပြီးတော့ တိုးတက်အောင်လို့ လုပ်နိုင်ဖို့ အခွင့်အရေးတွေ ပေးပါလို့ပဲ။ အဲဒီလိုပဲ ကျွန်မပြောချင်တယ်။””


ဒီစကားလေးကြိုက်ပါတယ်ဗျာ။အခွင့်အရေးတောင်းဆိုစရာမလိုပါဘူး ။တာဝန်သိစိတ်ကိုယ်ကျိုးမဖက်တဲ့ စိတ်လေးရှိနေဖို့ ဘဲလိုတာပါ။ဒါပေမယ့် စည်းကမ်းကစပြီးပြုပြင်ရမှာဆိုတော့ ဒေါ်စု(မစ္စအဲရစ်)ရယ် တခုလောက်ကူညီပါ။ဒေါ်စုကိုထောက်ခံအားပေးနေတဲ့ ပြည်သူတွေ(ပြည်တွင်း/ပြည်ပ)ကို ပြောပေးပါ။ ပမာဏဦးစွာ စည်းကမ်းကစပြင်ပါ့မယ်။ လမ်းသွားရင်းအမှိုက်တွေ့ ရင်ဘယ်သူ့ တာဝန်ဘယ်ဝါ့တာဝန်မခွဲခြားဘဲနဲ့ ကောက်ပြီးအမှိုက်တောင်းထဲထည့်ပေးကြပါလို့ ။အမှိုက်ပစ်တော့မယ်ဆိုရင်လဲလူတိုင်းကိုယ်ပိုင်အသိစိတ်လေးနဲ့ (လူလစ်လစ်မလစ်လစ်)အမှိုက်တောင်း အမှိုက်ပုံးထဲသို့ စနစ်တကျလေးစွန့် ပေးကြပါလို့ ။ပြည်ပရောက် မြန်မာပြည်တိုးတက်စေချင်သူတွေကလဲ ဒေါ်လာမျက်နှာမကြည့် ဘဲ မြန်မာပြည်က ပါးစပ်ကညီးညူနေပေမယ့် လက်တွေ့ ပြည်ချစ် သားကောင်းရတနာသမီးရတနာများကဲ့ သို့  ရရာနေရာ ကနေ ကျရာတာဝန်ကို ဇွဲလုံ့ လ နဲ့ လာရောက်ထမ်းဆောင်ကြပါလို့ ပြောပေးပါ။ပါးစပ်က မြန်မာပြည် ကိုချစ်နေပေမယ့် လက်တွေ့ တော့တိုင်းတပါး ကို အလုပ်အကျွေးပြုနေတဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရော သမားများကိုပြောပြပေးပါဗျာ။။။သူတို့ အငတ်အပြတ်ခံပြီးတော့ တိုင်းပြည်အကျိုးထမ်းရွက်နိုင်မလားလို့ သိချင်လို့ ပါ။လုပ်နိုင်မယ်ဆိုရင်ဦးညွတ်အလေးပြုလိုက်ပါ့ မယ်။မလုပ်နိုင်ရင်တော့ ပါးစပ်က ချစ်မနေဘဲ လက်တွေ့ ကချစ်ပြနေကြတဲ့ မြန်မာပြည်ထဲက အချို့ ချို့ အတဲ့ တဲ့ နေနေကြတဲ့ ဝန်ထမ်းများအားလုံးကို မစော်ကားကြပါနဲ့ လို့ ။သူတို့ အားလုံးက အမှန်တကယ်မျိုးချစ် များဖြစ်ပါတယ်လို့ ပြောပြပေးလိုက်ပါဦး ဗျာ။။။။။။။(မစ္စအဲရစ်တယောက် ကြားသိနားလည်တတ်ပြီး အမြင်မှန်များရရှိပါစေဗျာ။။။။။လူ့ ဘ၀ လောကကြီးကိုပျော်ရွှင်ဖွယ်ဘ၀လေးနဲ့ အဆုံးသတ်နိုင်ပါစေ)

"မတိုးတက်လို့ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်လို့ ပြောမယ့်အစား ကျွန်မတို့ အားလုံး လက်ညီတက်ညီ နဲ့ လက်တွဲပြီးတော့ တိုးတက်အောင်လို့ လုပ်နိုင်ဖို့ အခွင့်အရေးတွေ ပေးပါလို့ပဲ။ အဲဒီလိုပဲ ကျွန်မပြောချင်တယ်။””


ဒီစကားလေးကြိုက်ပါတယ်ဗျာ။အခွင့်အရေးတောင်းဆိုစရာမလိုပါဘူး ။တာဝန်သိစိတ်ကိုယ်ကျိုးမဖက်တဲ့ စိတ်လေးရှိနေဖို့ ဘဲလိုတာပါ။ဒါပေမယ့် စည်းကမ်းကစပြီးပြုပြင်ရမှာဆိုတော့ ဒေါ်စု(မစ္စအဲရစ်)ရယ် တခုလောက်ကူညီပါ။ဒေါ်စုကိုထောက်ခံအားပေးနေတဲ့ ပြည်သူတွေ(ပြည်တွင်း/ပြည်ပ)ကို ပြောပေးပါ။ ပမာဏဦးစွာ စည်းကမ်းကစပြင်ပါ့မယ်။ လမ်းသွားရင်းအမှိုက်တွေ့ ရင်ဘယ်သူ့ တာဝန်ဘယ်ဝါ့တာဝန်မခွဲခြားဘဲနဲ့ ကောက်ပြီးအမှိုက်တောင်းထဲထည့်ပေးကြပါလို့ ။အမှိုက်ပစ်တော့မယ်ဆိုရင်လဲလူတိုင်းကိုယ်ပိုင်အသိစိတ်လေးနဲ့ (လူလစ်လစ်မလစ်လစ်)အမှိုက်တောင်း အမှိုက်ပုံးထဲသို့ စနစ်တကျလေးစွန့် ပေးကြပါလို့ ။ပြည်ပရောက် မြန်မာပြည်တိုးတက်စေချင်သူတွေကလဲ ဒေါ်လာမျက်နှာမကြည့် ဘဲ မြန်မာပြည်က ပါးစပ်ကညီးညူနေပေမယ့် လက်တွေ့ ပြည်ချစ် သားကောင်းရတနာသမီးရတနာများကဲ့ သို့  ရရာနေရာ ကနေ ကျရာတာဝန်ကို ဇွဲလုံ့ လ နဲ့ လာရောက်ထမ်းဆောင်ကြပါလို့ ပြောပေးပါ။ပါးစပ်က မြန်မာပြည် ကိုချစ်နေပေမယ့် လက်တွေ့ တော့တိုင်းတပါး ကို အလုပ်အကျွေးပြုနေတဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရော သမားများကိုပြောပြပေးပါဗျာ။။။သူတို့ အငတ်အပြတ်ခံပြီးတော့ တိုင်းပြည်အကျိုးထမ်းရွက်နိုင်မလားလို့ သိချင်လို့ ပါ။လုပ်နိုင်မယ်ဆိုရင်ဦးညွတ်အလေးပြုလိုက်ပါ့ မယ်။မလုပ်နိုင်ရင်တော့ ပါးစပ်က ချစ်မနေဘဲ လက်တွေ့ ကချစ်ပြနေကြတဲ့ မြန်မာပြည်ထဲက အချို့ ချို့ အတဲ့ တဲ့ နေနေကြတဲ့ ဝန်ထမ်းများအားလုံးကို မစော်ကားကြပါနဲ့ လို့ ။သူတို့ အားလုံးက အမှန်တကယ်မျိုးချစ် များဖြစ်ပါတယ်လို့ ပြောပြပေးလိုက်ပါဦး ဗျာ။။။။။။။(မစ္စအဲရစ်တယောက် ကြားသိနားလည်တတ်ပြီး အမြင်မှန်များရရှိပါစေဗျာ။။။။။လူ့ ဘ၀ လောကကြီးကိုပျော်ရွှင်ဖွယ်ဘ၀လေးနဲ့ အဆုံးသတ်နိုင်ပါစေ)

ကျေးဇူး။ ဒေါ်စု ပြောတာလေးတွေ ဖတ်ရလို့။ ကျန်တာတွေတော့ မဖတ်ဖြစ်ဘူး။ စောရီးနော်။ တဖတ်သတ်အပုတ်ချတဲ့ အရေးအသားတွေ ဖြစ်နေလို့။

ဒီလိုလူမျိုးတွေ ရှိနေသမျှတော့ မြန်မာနိုင်ငံက ဒီလိုဘဲ
ဖြစ်နေမှာဘဲ။အတွေးအခေါ် အယူအဆ အဲလောက်ညံ့ တာ မိမိကိုယ်ကို့ ကျင့် ယူပါအုံး။သူများတိုက်ခိုက်ချင်တာ
နဲ့ တော့ ကိုယ့်တန်ဖိုး အကျခံပြီး ဘလော့ဂ်ရေးမနေပါနဲ့
အချိန်ကုန်တယ်၊။

thank you for the photo that i never see before.... I still love A MAY SU......

ဒေါ်အောင်ဆန်းစုကြည် ဟောပြာချက်တွေ အရ ဘာတွေ အကောင် အထည်ဖေါ်ပေးနိုင်မလဲ ..ပြည်သူလူထု ဘက်ကရှိနေမယ် ဆိုရင် ဘာတွေလုပ်ပေးမလဲ.. ဆူပူအောင် တော့မလုပ်စေချင်ဘူး...လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ကောင်းဆုံးဖြစ်အောင် ဘာလုပ်နိုင်မလဲ ဆိုတာ စိတ်အ၀င်စားဆုံးပဲ..ဒေါ်အောင်ဆန်းစုကြည် ကိုခုတုံးလုပ်ပီး နိုင်ငံရေး အမြတ်ထုတ်သူများ ၊ ဒေါ်လာစားများ ရန်မှ ကာကွယ်ကြဖို့လိုတယ်....

တော်တော် စိတ်ပျက်စရာ ကောင်းတဲ့ blog ဘဲ .... ၀င်ဖတ်မိတဲ့ အချိန်တွေတောင်နှမြောမိတယ်..
အမေစုကို အပုတ်ချထားပြီး တဖက်စောင်းနင်း လိုရာဆွဲရေး နေတာမှန်းသိပ်သိသာတာဘဲ .. ဘယ်လိုဘဲ စိတ်ပျက်အောင် ပြောပြော ပြည်သူဆိုတာ မျက်စိတွေ နားတွေနဲ့ ပါ ..ပြည်သူတွေ အမေစုကို ဘယ်လိုစိတ်ရင်းတွေနဲ့ ကြိုဆိုခဲ့ လဲ ဆိုတာပြည်သူတွေအသိဆုံးပါ ..လက်ရှိအုပ်ချုပ်နေတဲ့ 
သူတွေအပေါ်ပြည်သူတွေ ဒီလိုရင်ထဲကလာတဲ့ ကြည်နူးမှု့ နဲ့ ကြိုဆိုခဲ့ ဖူးလား ..သေချာတာကတော့ ဒီအသက်အရွယ်ထိတစ်ခါမှ ကို မတွေ့ ဘူးခဲ့ တာပါ.ကြိုဆိုခဲ့ ကျတယ်ဆိုရင်လည်း စိတ်ထဲကမပါဘဲနဲ့ အမိန့် ရလုပ်ခဲ့ ရတာတွေကြီးပါဘဲ ..ဒါတွေကလည်းကိုယ်တိုင် ခံစားခဲ့ ရတာပါ.. နောက်ဘယ်တော့မှ ၀င်ဖတ်မှာမဟုတ်ဘူး .. လူဖြစ်ပြီး လူစိတ်မရှိတဲ့ သူတွေ ရေးတဲ့ ဆိုဒ်ကို အချိန်တွေ အကုန်ခံပြီး ဖတ်နေရလောက် မတန်လို့ ဘဲ ...

လေးစားရပါသော အမေ စု.....နိုင်ငံတော်ကြီးကိုအကျိုးပြုလို့ တော့လေးစားတာမဟုတ်ဝူး....အပေါ်ကကွန်မန့် ပေးထားတဲ့ ...လူတွေလိုမျိုး...အရိပ်ပြလို့ အကောင်မထင်....အကောင်ပြတာတောင်မှ...ဘာကောင်လည်းမေးနေမယ့် ..လူမျိုးတွေကိုစည်းရုံးနိုင်စွမ်းရှိလို့ ပါ....နိုင်ငံခြားမှာ..အနှစ် (၃၀)လောက်ဇိမ်ရှိရှိနေခဲ့ ရသော....မြန်မာပြည်နှင့်အသက်ထက်ဝက်နီးပါးမျှ..ကင်းကွာနေသော...အမေစုကို...သောင်းသောင်းဖျဖျကြိုဆိုနေကြတာ....ဘာဆေးများသုံးလို့ပါလိမ့် .....တော်တော်အစွမ်းထက်တယ်နော်......အမေစုကပြန်ပြောဖို့ တော့လိုပီနော်.....နိုင်ငံခြားမှာ...အနှစ်(၃၀)ကြာအောင်.....မြန်မာနိုင်ငံအတွက်....ကြိုးပမ်းမှုများနဲ့ ရည်၇ွယ်ချက်များကို.....အပေါ်က...မိမျိုးမစစ်လား...မိမျိုးချစ်လားတော့မသိဝူး....သူလည်းသိချင်နေမှာပဲ.....နော်....ဒါနဲ့ အမေစုလို့ ခေါ်တာစိတ်ထဲကပါလို့ မဟုတ်ဝူးနော်.....သိပါတယ်အဲလောက်ဆိုသဘောပေါက်.....ခေါ်နေကြလို့ ဘယ်လိုလေးလည်းလို့ ခေါ်ကြည့် တာပါ....

မှန်တယ်...ရွှေနားကပ်ရောင်နဲ့ပါးပြောင်နေတာ...အဖေဂုဏ်ရှိန်တောင် မာန်တက်နေပြီး ဘာမှမလုပ်ခဲ့တဲ့ မားမားစု
တိုင်းတစ်ပါးကလည်း သူတို့ကောင်းစားဖို့အတွက် အားတိုင်းယားတိုင်း ဆုတွေပေးနေတာပါ...တိုင်းတစ်ပါးက
ဝါးမျိုဖို့ ငါးစာချတာတွေကို ကျေကျေနပ်နပ်ကြီးစားနေတဲ့
မားမားစုက တိုင်းပြည်ကိုချစ်တာလား..ပားပာားးး အာဝါဒါး

သာမန်မိန်းကလေးတစ်ယောက် တိုင်းတစ်ပါးသားယူတာ ဆင်ခြေပေးကောင်းပေးနိုင်ပါသည်...သို့သော်...
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး၏ သမီးမှ တိုင်းတစ်ပါးသားယူတာကတော့ စဉ်းစားသင့်သည်ဟု ထင်မြင်ပါသည်...
တော်ဝင်သွေးပျက်ရချည်ရဲ့ဆိုပြီး ဒိုင်ယာနာနဲ့ ဒိုဒီအယ်ဖာရက် တို့၏ ဇာတ်လမ်းကို အဆုံးသတ်ပေးသော ဒီမိုကရေစီဘိုးအေကြီး၏ ဆောင်ရွက်ပုံမှာ အတုယူဖွယ်ကောင်းလှပါသည်...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်