From : ကိုဇက်
အခု တလော လူငယ်တွေကြားမှာ ခေတ်စားနေတာလေးတွေ့တွေ့နေရတယ်။ ]ကျောင်းပြီးပြီ။ ဘာသင်တန်းတက်ရင် ကောင်းမလဲ}။ ]ဆရာရယ် ဆရာ့တပည့်ကို ဘာသင်တန်းတွေတက်ခိုင်းရမလဲ။ လုပ်ပါဦး} ဆိုတာတွေပါ။ တကယ်တော့ သင်တန်းတက်တာဟာ ကိုယ့် ဘ၀ရည်မှန်းချက် ကိုယ်ရဲ့ ပန်းတိုင် ကို ရောက်အောင် လှမ်းကြတဲ့ အခါပိုပြီး ပြည့်စုံအောင် ထောက်ပံ့ပေးတာပါ။ အဲဒီတော့ ဘယ်လိုသင်တန်းဟာ ကိုယ့် ရည်မှန်းချက်ပန်းတိုင်ကို အထောက်အပံ့ ပေးနိုင်လဲ ဆိုတာ သေသေချာ ချာ လေ့လာဘို့တော့ လိုနေပါပြီ။
နောက်တစ်ခုက ဘာသာစကားသင်တန်းပါ။ ဒါကတော့ လုပ်ငန်းရဲ့ လိုအပ်ချက် ကိုယ်ကိုယ်တိုင်လဲ တတ်ချင်တာမျိုးဆိုရင်တော့ သေသေချာချာ နဲ့ စံနစ်တကျ အချိန်ယူလေ့လာသင်ပါတယ်။ အခု အလုပ်ခေါ်တဲ့ Company တော်တော်များများမှာအခြေခံ အင်္ဂလိပ်စကားပြောက တော်တော်ကို အရေးပါလာပါတယ်။ နဲနဲ ရာထူးလေး မြင့်လာရင် 4 Skills လို့ ခေါ်တဲ့ Reading, Writing, Listening, Speaking စတဲ့ Skill တွေကို သေသေချာချာ သင်ယူထားကြပါတယ်။ နောက်ထပ်လူပြောများတဲ့ ဘာသာကတော့ တရုပ်စာပါ။ ဘာပဲဖြစ်ဖြစ်ပါ။ ဘယ်ဘာသာရပ်မဆို သင်ကြားတတ်မြောက်ထားတာ မမှားပါဘူး။ တကယ်ကို အသုံးချလို့ရမယ်ဆိုရင်ပေါ့။
အခုပြောပြခဲ့တာတွေကတော့ ကိုယ်လျှောက်မယ့် ရာထူး၊ ကိုယ်ဝါသနာပါတဲ့ အလုပ်နဲ့ သင့်တော့်တာ ကိုက်ညီတဲ့ လိုအပ်တဲ့ သင်တန်းလေးတွေပါ။ ဒီတော့ ကိုယ်ဘယ်အလုပ်မျိုး လုပ်မှာလဲ။ ဘယ်လိုသင်တန်းမျိုး တက်သင့်တာလဲဆိုတာကို လေ့လာဘို့ပါ။ ဒီသင်တန်းတွေတက်မှ အလုပ်တွေရမှာလားဆိုတော့ မဟုတ်ပါဘူး။ တကယ်လို့တက်မယ်ဆိုရင် တက်သင့်တယ်လို့ပြောတာပါ။ နောက်တစ်ခုက သင်တန်းတွေတက်ပြီး အချိန်တွေဖြုန်း ဒီသင်တန်းကနေ ဘာမှ လဲ တတ်ကျွမ်းတာမရှိပဲနဲ့တော့ သင်တန်းတွေတက်ရဲ့သားနဲ့ အလုပ်မရဘူးလို့တော့ မပြောနဲ့ပေါ့။ လူငယ်တွေကြားထဲမှာကခေတ်စားနေတာက ကျောင်းပြီးပြီ ဆိုတာနဲ့ ဘာသင်တန်းတက်ရမလဲ ဆိုတာပါပဲ။ တကယ်ကို လိုလိုချင်ချင်နဲ့ ကြိုးကြိုးစားစား သင်ယူ တတ်တဲ့ လူငယ်တွေရှိနေသလို အိမ်ကနေ ထွက်ရပြီးရော၊ သူငယ်ချင်းတွေနဲ့ နေရပြီးရော ဆိုတဲ့ ပေါ့ပေါ့သွမ်းသွမ်းရည်ရွယ်ချက်နဲ့တော့ သင်တန်းတွေ မတက်စေချင်ပါဘူး။ သူများတွေတက်လို့ တက်ချင်တယ် ဆိုတဲ့ အရည်မရ အဖတ်မရ အပြိုင်အဆိုင် စိတ်မျိုးနဲ့လဲ မတတ်စေချင်ပါဘူး။ နောက်ဆုံးတစ်ခုပြောပြပေးချင်တာပါ။ ဆရာလုပ်တာမဟုတ်ပါဘူး။ ကျောင်းပြီးလို့ သင်တန်းတက်တာ ဖက်ရှင်မဟုတ်ပါဘူး လို့ လူငယ်တွေအားလုံးကို ပြောပြချင်တာပါပဲ။ ကိုယ်နဲ့ သင့်တော်မယ့် ကိုက်ညီမယ့် သင်တန်းတွေရွေးချယ်တက်ရောက်ရင် ဘ၀မှာ အောင်မြင်မှုတွေ ရနိုင်ကြမှာသေချာပါတယ်ဗျာ။
၁၉၅၀ လောက်တုန်းက ဘာသာစကား တစ်မျိုးထက် ပိုပြောတတ်တဲ့ လူတွေကို ဥာဏ်၇ည်စစ်ဆေးမှု ပြုတဲ့အခါမှာ ဘာသာစကား တစ်မျိုးထဲပြောတတ်သူတွေထက် ဥာဏ်၇ည်နိမ့်တာကို တွေ့ခဲ့ကြတယ်။
၁၉၆၀ မှာတော့ ဘာသာစကား တစ်မျိုးထက် ပိုပြောတတ်တဲ့ လူတွေက ဘာသာစကား တစ်မျိုးထဲပြောတတ်သူတွေထက် ဥာဏ်၇ည်စစ်ဆေးတဲ့စာမေးပွဲတွေမှာ အမှတ်ပိုများတာကိုတွေ့ရပြန်တယ်။
ဘယ်ဟာက မှန်သလဲ။
ပိုမိုခေတ်မှီလာတဲ့ အချိန်မှာ ပိုမိုပြောင်မြောက်တဲ့ နည်းပညာတွေနဲ့ ထပ်ပြီးစမ်းသပ်မှုတွေ လုပ်တဲ့အခါမှာတော့ ဘာသာစကားသုံးလေးမျိုး ပြောတတ်သူတွေဟာ ဘာသာစကားတစ်မျိုးထဲ ပြောသူတွေထက် ဥာဏ်၇ည် ဘာမှပိုမမြင့်ဘူး ဆိုတာကို သိ၇ပြန်တယ်။
ဘာသာစကား တစ်မျိုးထက် ပိုပြောတတ်သူတွေဟာ စူးစိုက်မှုတွေများလို့ တစ်နေ၇ာမှာ သာနေပေမယ့် တစ်ခြားနေ၇ာမှာ သူများတွေထက် ချို့ယွင်းနိုင်တယ်လို့လည်း တွေ့ခဲ့ကြတယ်။
ဟိုတလောက ဒေါ်အောင်ဆန်းစုကြည် ခေါ် Mrs. Aris သဒ္ဒါတွေ အလွဲလွဲနဲ့ ပြင်သစ်လို ပြောသွားတာကို အကုန်လုံးက တော်လိုက်တာ အမေရယ်၊ တော်လိုက်တာ အစ်မရယ် နဲ့ အုံးအုံးကြွက်ကြွက် အံ့သြတကြီး ချီးမွမ်းထောပနာပြုနေကြတယ်။ Mrs. Airs ဟာ ပြင်သစ်စကားကို လက်တန်းပြောသွားတာ မဟုတ်ဘူး၊ ပြင်ဆင်ပြီး ရေးထားပြီးသား စာ၇ွက်ကို ဖတ်ပြသွားတာဖြစ်တယ်။ နှုတ်နဲ့ပြောသွားတာတွေကလည်း သဒ္ဒါတွေလွဲနေတယ်။
ဘာသာစကား သုံးလေးမျိုး ပြောတတ်တာ နိုင်ငံတကာအဆင့်မှာ မထူးဆန်းပါ။ နိုင်ငံတကာမှာ သူငယ်တန်းကလေးတွေဟာ ၁ ကနေ ၁၀ ကို ဘာသာစကား ခြောက်မျိုးလောက်နဲ့ ၇ည်တွက်တတ်တယ်။ ကျောင်းတွေမှာ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်စာ၊ ဂျာမန်၊ စပိန် စတာတွေကို သုံးလေးမျိုး တွဲယူကြတယ်။ ကလေးတွေတောင် ဒီလောက်တတ်၇င် အခြားနိုင်ငံ့ခေါင်းဆောင်တွေ၇ဲ့ အ၇ည်အချင်းကို တွေးကြည့်နိုင်တယ်။
ဘာသာစကား သုံးလေးငါးမျိုးကို ဒေါ်စုတစ်ယောက်လောက်ပဲ ပြောတတ်တယ်ထင်ပြီး မမြင်ဖူးတော့ မူးကိုမြစ်ထင်ကာ အဆန်းလုပ်၍ သြချနေကြတာတွေဟာ ကိုယ်အ၇ှက်ကိုယ်ခွဲနေတာနဲ့ တူတူပဲ။ ကိုယ့်၇ဲ့မသိနားမလည်မှု၊ အထွေထွေဗဟုသုတနည်းမှုကို နိုင်ငံတကာမှာ ပြနေတာနဲ့ တူတူပဲ။
ပုဂိုလ်စွဲအကျင့်တွေ ဖျောက်ဖို့အချိန် တန်ပြီ။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်