အန်အယ်ဒီ ပါတီ နိုင်ငံရေးစည်းဝိုင်းထဲ ပြန်လည်ဝင်ရောက်လာခြင်းနဲ့ အတူ ကျနော်သဘောမကျသော အချက်တချို့လည်းဒန်တွဲ၍ပါလာသည် ။
ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်လှုပ်ရှားမှု့ တစ်လျှောက် နှင့် အန်အယ်ဒီ ပါတီရုံးခွဲများတွင် အများဆုံးတွေ့ရသော ဗိုလ်ချုပ်အောင်ဆန်းပုံကြောင့်
လည်း စိတ်ထဲတွင်မသက်မသာဖြစ်မိသည် ။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ဖြစ်သည် ။ တပ်မတော်ကို စတင်ဖွဲ့စည်း
ခဲ့သော တပ်မတော်၏ ဖခင်လည်းဖြစ်သည် ။ တိုင်ပြည်ထူထောင်ခဲ့သော တိုင်းပြည်၏ ဖခင်လည်း ဖြစ်နေပြန်သေးသည် ။ အခုတလောတွင် အန်လယ်ဒီရုံးများရှေ့ မျက်နှာစာတွင် ဗိုလ်ချုပ် အောင်ဆန်း နှင့် အမေစု ပုံများကို ပူးတွဲ၍ချိတ်ဆွဲထားသည်ကိုလည်း မကြာခဏမြင်တွေ့နေရသည် ။
နိုင်ငံရေးမဆက်နွယ်သော တိုင်းသူပြည်သူတစ်ယောက်လို ခံစား၍ တိုင်းသူပြည်သားတစ်ယောက်လို ပြောဆိုပါမည် ။ ထိုအန်အယ်ဒီရုံးများတွင်
ဗိုလ်ချုပ်ပုံ ကို အပြင်ထုတ်ဗန်းပြ၍ချိတ်ဆွဲထားသည်
ဗိုလ်ချုပ်ပုံ ကို အပြင်ထုတ်ဗန်းပြ၍ချိတ်ဆွဲထားသည်
ဖြစ်သင့်သည် . . . ဗိုလ်ချုပ်သည် ပါတီတစ်ခု ၊ အစိုးရတစ်ခု ၊ အဖွဲ့အစည်းတစ်ခု၏ ပြယုဒ်မဖြစ်စေလိုပါ ။ ဗိုလ်ချုပ်သည် မိသားစုတစ်ခုပိုင်ဟု
သဘောမထားနိုင် ။ ဗိုလ်ချုပ်သည် တိုင်းပြည်ပိုင်သာ ဖြစ်သည် ဟု ခံယူပါသည် ။ အမေစုသည် ဗိုလ်ချုပ်၏ သမီးဖြစ်သည်ကားမှန်သည် . . .
ထိုအတူ မြန်မာနိုင်ငံသားအားလုံးသည်လည်း ဗိုလ်ချုပ်၏ သားသမီးများ ဖြစ်နေပြန်သေးသည် ။
အန်အယ်ဒီပါတီသည် မဲဆွယ်စည်းရုံးရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံများ ၊ အန်အယ်ဒီပါတီ၏ အီးစီ နှင့် စီအီးစီတို့ ၏ ပုံများနှင့်သာ မဲဆွယ်စည်း
ရုံးသင့်သည် ဟု ယူဆမိပါသည် ။ အန်အယ်ဒီပါတီတွင် ဗိုလ်ချုပ်သက်ရှိထင်ရှားရှိေ
ကို ပြပြီးမဲဆွယ်လျှင် တခြားပါတီတွေရော မည်ကဲ့ သို့ ခံစားရမည်နည်း ။ ထိုအပြင် အန်အယ်ဒီပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်
လောင်းများ ရွေးချယ်ပုံကို သိပ်မဘောမတွေ့လှပါ ။ ကိုယ်စားလှယ်လောင်းများသည် ပြည်သူလူထု၏ ကိုးစားခံရသူများဖြစ်သင့်သည် ။ ကိုယ်စားလှယ်
လောင်းများ သည် အန်အယ်ဒီပါတီ၏ ခေါင်းစီး ပါဝါကြောင့် အနိုင်ရသည်မျိုးကား မဖြစ်သင့် . . . မိမိပင်ကိုယ်အစွမ်းအစပြပြီး အနိုင်ရသည်က ပို၍ သင့်တော်ပေလိမ့်မည် ။ အမှန်အတိုင်းဆိုပါရလျှင် အန်အယ်ဒီသည်ကြံ့ဖွံ့ထက်စာလျှင် ပြည်သူလူထူ၏ ကိုးစားမှု့ကို အပြည့်အ၀ရရှိပြီးသော ပါတီကြီး
ဖြစ်သည် ။ ယခင်အစိုးရကို ထိထိမိမိ ဆန့်ကျင်ခဲ့သော တခုထည်းသောအတိုက်အခံပါတီကြီးလည်
ကိစ္စများတွင် ပြည်သူများ စိတ်စနိုးစနှောင့် ဖြစ်မိသည်ကား အမှန်ပင်ဖြစ်သည် ဟု ပြည်သူတစ်ယောက် အနေဖြင့် မှန်ရာကို ဆိုပါ၏ ။
( နိုင်ငံရေးသမားစစ်စစ်များသည် အကြောင်းအရာများကို မိမိလိုရာဘက်သို့ ဆွဲငင်၍ ၊ မီဒီယာသမားများစစ်စစ်များသည် အကြောင်းအရာများကို မိမိမြင်သည့်အတိုင်း သမာသမတ်ကျကျ တင်ပြသည် )
Myanmar Express
4 comments:
http://www.mgkyautkhae.com/search/label/%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8?max-results=20
လက်ရှိအစိုးမှာ အသိမှတ်မှ မပြုခဲ့တာ ပြုမဲ့သူမရှိတော့ အသိတရား
ရှိတဲ့သူက တန်ဖိုးထားအသိမှတ်ပြုရတာပေါ့ မင်းကဘာကိုသဘောမကျ
တာလေည်း ဖယ်ဒရယ် ဖြစ်တာကိုမလိုလားတာလား တိုင်းရင်းသား
လွတ်လပ်ခွင့်ကိုမင်းတိုသဘောမကျချင်လို့လား ဒီလူပါမှ တိုင်းရင်းသား
ရေးရာ အဖြေထွက်မယ် မင်းဘယ်လိုမြင်းလည်း စာရေးသူ
ဖယ်ဒရယ် ဖြစ်တယ်ဆိုရင် တစ်ခုမေးမယ်။အန်တီစုကိုဝေဖန်တဲ့လူနဲ့၊ NLD ကိုမထောက်ခံတဲ့လူတွေကို ဘာဖြစ်လို့ အမေစု အချစ်တော်တွေဆဲနေလဲ၊လွတ်လပ်ခွင့်ဆိုပြီးဆဲနေတာလား၊လက်ရှိအစိုးရက အသိအမှတ်မပြုခဲ့တာ ဆိုတာလေးကို ဥပမာလေးတင်လိုက်ပါလား။အသိတရားရှိတဲ့လူတွေဆိုရင် ဘာဖြစ်လို့များ အသိတရားမဲ့ စွာနဲ့ စေဖန်မှုတွေကိုမခံနိုင်ရတာလဲ။လွတ်လပ်ခွင့်ကိုသဘောကျတာပေါ့။ဒါပေမယ့် စည်းမရှိကမ်းမရှိ၊ဒေါင်းအလံဆိုင်ကယ်မှတပ်ပြီးတော့ ယဉ်စည်းကမ်းလမ်းစည်းကမ်းနားမလည်ပဲ လမ်းသရဲတွေလိုသွားနေကျတာကိုတော့ မနှစ်မြို့ဘူး။အဲဒီလူပါလဲတိုင်းရင်းသားရေးရာအဖြေမထွက်ပါဘူး။မယုံရင် အန်တီစုကိုတိုင်းရင်းသားလက်ကိုင်တွေအားလုံးနိုင်ငံတော်နဲ့ပူးပေါင်းဖို့တွန်းအားပေးပါလား။မင်းတို့မပြောရဲဘူးမလား။တကယ်တော့ ဒေါ်စုနားကကောင်တွေလဲသွေးနံထင်ရောက်ပြီး အာဏာရူးနေကျတဲ့ကောင်တွေပါ။ပေဖြစ်တုန်းကတော့ခံပြီးပြီ။ခုတူဖြစ်တော့ထုချင်နေကျတယ်မလား။အဲလိုစိတ်ဓာတ်မျိုးနဲ့ကတော့ ငါ့ကောင်ရေ။နိုင်ငံ ကိုဘယ်လိုတိုးတက်အောင်လုပ်မလဲ။လွတ်လပ်နေပါပြီကွာ။ဘယ်လောက်လွတ်လပ်လဲဆိုရင် ငါတို့မြန်မာမိန်းကလေးတွေ၊ဟိုမလုံဒီမလုံတွေဝတ်၊မိမစစ်၊ဖမစစ် ကမွေးလာသလားမှတ်ရတယ်။ကြာရင်တော့ မြန်မာအမျိုးသမီးတွေထဲမှာအပျိုလားလို့မေးရင်စိတ်ဆိုးတတ်တဲ့ အနောက်နိုင်ငံလိုဟာမျိုးတွေအကုန်ဖြစ်လာတော့မယ်။အပေါ်ကမိတ်ဆွေနဲ့အပေါင်းအပါများ။လက်ရှိအစိုးရက အသိအမှတ်မပြုခဲ့တာဆိုလေးကိုဥပမာလေးနဲ့အချက်အလက်စုံစုံလင်လင်လေးရှင်းပြပါ။မရှင်းနိုင်ရင်တော့နောက်ကိုမေးခွန်းမထုတ်ပါနဲ့။ခင်ဗျားတို့အသိဥာဏ်မရှိတာသူများတွေသိတယ်။
ဗိုလ်ချုပ်ကို nld ပိုင် သိမ်း၍မရပါ။အားလုံးပိုင်သည်။အစိုးရရုံးများ တပ်မတော် နိုင်ငံရေးပါတီ အာလုံး ငြိမ်မ ခံကြပါနဲ့။ရုံးတွေ မဲဆွယ်ပွဲတွေမှာ ဗိုလ်ချုပ်ပုံကို
အားလုံး ချိတ်ဆွဲ ကြပါစို့လို့ လှုံ့ဆော်ပေးပါလား ဗျာ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်