Subscribe to our RSS Feed

အခက်တွေ့နေသော မြန်မာလယ်သမားများအား တရုတ်နိုင်ငံမှ တပါး ကူညီမည့်သူမရှိ

From : venus

မြန်မာနိုင်ငံရှိကျေးလက် နေလယ်သမားများအတွက်
အသေးစားချေးငွေ ထုတ်ပေးရန်တရုတ်နိုင်ငံ
အစိုးရကဆန္ဒရှိကြောင်း တရုတ်နိုင်ငံစီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးMr.Chen Jian ကပြော
ကြားသည်။

ဌင်းကဇန်န၀ါရီ ၁၇ ရက်နေ.၊နံနက်ပိုင်း
တရုတ်သံအမတ်နေအိမ်တွင် ကျင်းပသောသတင်းစာရှင်း
လင်းပွဲတွင်ပြောခြင်းဖြစ်သည်။

"ကျေးလက်ဒေသမှာ ချေးငွေထုတ်ဖို.အတွက်မြန်မာအစိုးရက အဆိုပြုထားတာရှိတယ်၊လယ်သမားတွေကရေတိုငွေကြေး
အခက်အခဲရှိတယ်၊ငွေကြေးကြေင့်စားဝတ်နေရေးထိခိုက်တယ်၊အင်မတန်
အရေးကြီးတဲ့ကိစ္စဖြစ်တယ်လို.
တရုတ်အစိုးရကတွေ.မြင်တယ်၊တရုတ်အစိုးရအနေနဲ. ထောက်ခံ
ပူးပေါင်းဆောင်ရွက်ဖို.ဆန္ဒရှိတယ်"ဟု
Mr.Chen Jian ကဆိုသည်။

တရုတ်နိုင်ငံတွင် လယ်သမားများအတွက် အသေးစားချေးငွေထုတ်ပေးနေသော ကုမ္မဏီများစွာရှိပြီး တရုတ်ပညာရှင်များကအသေးစားချေးငွေ အာမခံဆိုင်ရာများကိုလေ့လာဆွေးနွေးရန်ရှိကြောင်းဌင်းကပြောသည်။

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက လာမည့် မိုးစပါးရာသီမှ စတင်ကာ လယ်သမားများကို စိုက်ပျိုးစရိတ်အဖြစ် တဧကလျှင်

ကျပ်ငွေတသိန်းအထိ တိုးမြှင့်ထုတ်ချေးပေးတော့မည်ဟု ဇန်နဝါရီလ ၁၄ ရက်နေ့က ကြေညာထားသည်။

ဌင်းကြေငြာချက်အရ၂၀၁၁ ခုနှစ်မှ စတင်ပြီး တဧကလျှင် ကျပ်ငါးသောင်း ထုတ်ချေးပေးခဲ့ကြောင်း၊် ၂၀၁၂ ခုနှစ်၊
အောက်တိုဘာလအတွင်းတွင် နွေစပါးစိုက် တောင်သူများ ကို တဧကလျှင် ကျပ်ရှစ်သောင်း ထုတ်ချေးပေးခဲ့ပြီး ယခုနှစ် မိုးစပါးရာသီမှ စတင်ကာ

တဧကလျှင် တသိန်းကျပ်နှုန်းဖြင့် လယ်သမားများအား ထုတ်ချေးခြင်း ဖြစ်ကြောင်းသိရသည်။

သို့သော်လည်း လယ် ၁၀ ဧကနှင့်အောက် ပိုင်ဆိုင်သူများမှာ ယခင်နှစ်က ထုတ်ချေးထားသော ချေးငွေများကို အတိုးနှင့်
အရင်း အကျေအလည် ဆပ်ပြီးမှသာ ထပ်မံ ထုတ်ချေးပေးမည်ဖြစ်ကြောင်းယင်းကြေငြာချက်ကဆိုသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကလည်း ၂၀၁၂ နိုဝင်ဘာလ ၁၁ ရက်နေ.က မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့
ရွှေတောင် သုတေသနခြံ၌ ဒေသေခံ တောင်သူ လယ်သမားများ
နှင့် တွေ့ဆုံစဉ် လယ်ယာမြေ ဥပဒေအရ လယ်ယာကို ပေါင်နှံပြီး ငွေချေးငှားမှု ပြုနိုင်မည် ဖြစ်
ကြောင်းပြောကြားခဲ့ဖူးသည်။

မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်း မှတ်တမ်း အရ တနိုင်ငံလုံး၏ စပါးစိုက်ပျိုးမှုနှုန်းမှာ ဧက ၂၀.၄၃ သန်းရှိပြီး
မိုးစပါး စိုက်ပျိုးမှု ဧကမှာ ၁၇.၂၇ သန်း နှင့် နွေစပါးစိုက်ပျိုးမှုမှာ ဧက ၃.၁၆ သန်းရှိသည်။

 www.MyanmarExpress.net

13 comments:

ta yote lee sote kg tway ka ta mhout

Nothing is free. Myanmar people should not be fooled by this kind of offer. Remember Indian "ChitTee" during British colonization and learn from the past. History always repeat and be smart. By the way,this burmese writing seems not right (rude and low)like written by a chinese.

It is easy.you don't borrow.

There are so many countries willing and wanting to help farmers from Myanmar from the bottom of their heart but not China. China is trying to rip off Myanmar farmers by manipulating Myanmar market to collaps so that they can collect collaterals (Whatever farmers have) later.

Remember Myitsone Dam,. Nicke mine in Htee Giant (Htee Daw Gaing), Let Pan Taung Copper mine, Gas pipe line.....so many rip offs., by the way, giving weapons to KIA/KIO and Myanmar military so that ethnic myanmars end up killing each othe??. Now, trying to get lands and properties from farmers????? Long term plan to invade and tare Myanmar apart?? Myanmar is for Myanmar Tine Yin Thar only. DON'T EVEN TRY.

Farmers who cannot repay loans from Chit tee Yar lost their lands, even their duaghters ended up as "Chit Tee Mayar". No loans from China. Period. Pond their own land to China?? It is not going to happen. Lets talk about it. Educate Burmese frmers. Be patriotic.

ဘယ်တရုတ်က ကူညီမှာလဲ

ဘယ်တရုတ်က ကူညီမှာလဲ

Commet ရေးတဲ့အထက်ကကောင်တွေ အင်္ဂလိပ်လိုမရေး နဲ့ မြန်မာစာနဲ့ရေးစေချင်တယ် မြန်မာပြည်ကလူတွေအတွက်သတင်းဖြစ်လို့ မြန်မာစာရေးသားနည်းကအကောင်းဆုံး တင်တဲ့သတင်းကမြန်မာလို တင်ထားရင်မြန်မာလိုဘဲရေး မင်းတို့ ဗိုလ်လမ်းမနီးနဲ့ ဒါဘဲ

BK,learn a lot.We'll teach u.Try to get a degree!

China is really help 70% of Myanmar people ( Myanmar farmers ) but USA don't help Myanmar farmers. So 70% Myanmar people thank to Chinese government and Chinese people.

BK, You can translate these letters to burmese but don't attack burmese supporters. Don't be part of China . We are writing in English so that the whole world can read.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်