From : myanma age
ဂျပန်မှ မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ ဆူဇူကီးသည်
မြန်မာတွင် ကားထုတ်လုပ်မှု နှစ်နှစ်တာ ရပ်နားထားရာမှ
လာမည့်မေလမှ စ၍ ထုတ်လုပ်မှုပြန်လည်စတင်တော့မည်
ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီသည် မြန်မာအစိုးရထံမှ ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်၍
၂၀၁၀ တွင် ရပ်နားထားခဲ့ရသော ရန်ကုန်ရှိ ၎င်း၏စက်ရုံကို
ပြန်လည်ဖွင့်လှစ်လုပ် ကိုင်သွားတော့မည်ဟု ဆိုသည်။
ဆူဇူကီးသည် စက်ရုံတွင် အပေါ့စားလိုက်တ်ထရပ် ကား
များကို ထုတ်လုပ်သွားမည်ဖြစ်ပြီး စီစဉ်နေဆဲဖြစ်၍ အသေးစိတ် အချက်များကိုမူ ထုတ်ပြောနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ဂျပန်ဘဏ္ဍာရေးဝန်ကြီးတာရိုအာဆိုသည် ပြီးခဲ့သည့် ဇန်နဝါရီတွင်
မြန်မာသို့ လာရောက်လည်ပတ်ခဲ့ပြီးနောက် မြန်မာသမ္မတ
ဦးသိန်းစိန်အား ဂျပန်ကတင်ရှိနေသော ကြွေးမြီ ယန်း ၅၀၀ ဘီလီယံကို လျှော်ပစ်ရန်နှင့် ချေးငွေအသစ်ယန်း ၅၀ ဘီလီယံ
ပေးအပ်သွားရန် အတည်ပြုခဲ့ပြီး ဖြစ် သည်။
ဂျပန်၏ ထိုချေးငွေအသစ်များမှာ ဂျပန်ကုမ္ပဏီများကို ပြည်တွင်း
ဈေးကွက်၌ အခြားနိုင်ငံများထက် ခြေတစ်လှမ်းဦးစေမည် ဖြစ်သည်။
Ref: foxbusiness
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်