Subscribe to our RSS Feed

အမေရိကန်တွင် ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခုအတွက် ကြိုတင် လက်ဦးမှု ရယူသော ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ရန် သမ္မတက အမိန့် ပေးပိုင်ခွင့် ရှိ

From : မြဝတီ

အလားအလာ ရှိသော ကြီးမားသော ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခုအတွက် ယုံကြည် စိတ်ချရသော အထောက်အထား ရရှိခဲ့ပါက ကြိုတင် လက်ဦးမှု ရယူသော ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ရန် သမ္မတက အမိန့် ပေးပိုင်ခွင့် ရှိကြောင်း လျှို့ဝှက် အစီရင် ခံစာ တစ်ရပ်အရ သိရှိ ရပါသည်။
ထောက်လှမ်းရေး အေဂျင်စီများ အနေဖြင့် အမေရိကန် နိုင်ငံအပေါ် အလားအလာ ရှိသော တိုက်ခိုက်မှုများ အတွက် ပင်လယ် ရပ်ခြားရှိ ကွန်ပျူတာ ကွန်ရက်များ အတွင်း ရှာဖွေ ထောက်လှမ်းမှုများ မည်သို့ ပြုလုပ်မည် ဆိုသည်ကို အထက်ပါ မူဝါဒ သစ်တွင် ဖော်ပြကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြထား ပါသည်။ သမ္မတ အနေဖြင့် အတည် ပြုခဲ့ပါက စစ်ကြေညာခြင်း မရှိဘဲ ပြိုင်ဘက် ရန်သူများ အပေါ် ဆိုက်ဘာ လက်ဦးမှုဖြင့် တိုက်ခိုက်နိုင်ကြောင်း သိရှိရ ပါသည်။ ထို့ပြင် ဆိုက်ဘာ ကွပ်ကဲမှု ဌာနချုပ်တွင် အမှုထမ်း ၉ဝဝ ခန့်ရှိရာမှ ၄,၉ဝဝ အထိ တိုးမြှင့်မည် ဖြစ်ကြောင်းလည်း သိရှိရ ပါသည်။
 www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်