Subscribe to our RSS Feed

သူတစ်ပါး နိုင်ငံများ ကွဲထွက်စေရန် တွန်းအားပေးသည့် ဗြိတိန်နိုင်ငံမှ စကော့တလန် မခွဲထွက်ရန် တောင်းဆို

From : .... မ၀တီ

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းသည် စကော့တလန်အား သီးခြား နိုင်ငံ တစ်ခုအဖြစ် ခွဲထွက်စေမည့် ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲကို မပြုလုပ်ရန် တောင်းဆို ခဲ့ကြောင်း သိရှိရ ပါသည်။

ဗြိတိန် နိုင်ငံသည် နှစ်ပေါင်း ၃ဝ၆ နှစ်တိုင် ပေါင်းစည်း ခဲ့သည့် အနေ အထားမှ စကော့တလန်၏ ခွဲထွက်ရေး ဆောင်ရွက်မှုအား စွန့်လွှတ်ရေး အတွက် နောက်ဆုံး ကြိုးပမ်းမှု တစ်ခု အနေဖြင့် အဆိုပါ ကဲ့သို့ တောင်းဆို ခဲ့ခြင်း ဖြစ်ကြောင်း ဒေးဗစ် ကင်မရွန်းက ပြောကြား ခဲ့ပါသည်။ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ လတွင် ကျင်းပမည့် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲတွင် စကော့တလန် သားများမှ ထောက်ခံမဲ ပေးခဲ့ပါက ၂ဝ၁၆ ခုနှစ် မတ်လတွင် စကော့ တလန် နိုင်ငံအား သီးခြား လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာနိုင်မှာ ဖြစ်ကြောင်း စကော့ အမျိုးသား ပါတီ (SNP) က ပြောကြား ခဲ့ပါသည်။ UK နိုင်ငံမှ ခွဲထွက်ရေး အတွက် လိုအပ်သော အသေးစိတ် လုပ်ငန်း လမ်းညွှန်ချက် များကို ပထမ ဒုတိယ ဝန်ကြီး နီကိုလာ စတာဂျီယွန်မှ ထုတ်ပြန် ခဲ့ကြောင်း သိရှိ ရပါသည်။

3 comments:

သူများ နိုင်ငံပြောတော့ တစ်မျိုး စကော့ကို ပြောတော့ တစ်မျိုး ကောင်းကြသေးလား

ကောင်းတယ် ကောင်းတယ် သူများနိုင်ငံကို တစ်စစီခွဲထွက်အောင် လုပ်တဲ့ကောင်တွေ မှတ်ပလား

1-UK=UNITED KINGDOM CONSISTS OF
ENGLAND,SCOTLAND AND WALES.
2-WE ALL KNOW WHAT BRITISH DID TO MYANMAR
KINGDOM;ALL DETAILS RECORDED IN OUR
HISTORY.
3-WE ALSO KNOW HOW BRITAIN LAID DOWN PLAN AND
TAKING ACTIONS BEFORE AND AFTER
INDEPENDENT.
4-WE DO NOT LIKE TROUBLEMAKERS AGAINST OUR
COUNTRY.
5-MYANMAR CITIZEN UNDER BUDDHISM FAITH ARE
ALWAYS TRY TO FORGIVE AND NOT TO HATE
OTHERS.
6-WE DO NOT LIKE TO SEE UNITED KINGDOM
DIVIDED INTO PIECES.
7-WE ALWAYS LIKE TO SEE UNITED KINGDOM AS
ONE COUNTRY.
8-LONG LIVE THE QUEEN.
9-BEST WISHES TO ALL LIVING IN UNITED KINGDOM

WITH MYITTA/LOVING KINDNESS TO ALL...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်