Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် ( အပိုင်း - ၁ )

From : တပ်မတော်သားတစ်ဦး

ခေါင်းစဉ်ကိုက ရှင်းရှင်းလေးပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ပြုမူလှုပ်ရှားပြောဆို လုပ်ကိုင်မှုတွေ အပေါ် တပ်မတော်သားတစ်ဦးရဲ့ ရိုးရိုးသားသား ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း အမြင်တွေကို ထုတ်ဖော် သွားမှာ ဖြစ်ပါတယ်။

တပ်မတော်သားတစ်ဦးဆိုတဲ့အတွက် တပ်မတော်ရဲ့ သဘောထားလို့ တထစ်ချပြောလို့မရပေမဲ့ တပ်မတော် သားအားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှ ဒီလိုအမြင်၊ ဒီလို သဘောထားတွေ ရှိနေတယ် ဆိုတာ ကိုတော့ ယုံကြည် စေချင်ပါတယ်။


လတ်တလော ကာလမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ကြားဖြတ် ရွေး ကောက်ပွဲ အတွက် နယ်လှည့် ခရီးစဉ် ဟောပြော ချက်တွေ၊ ရုပ်မြင်သံကြား ကတစ်ဆင့် ပါတီ မူဝါဒ ဆိုင်ရာ ထုတ်လွှင့်ချက်တွေ အရ ဒေါ်အောင်ဆန်း စုကြည် ရဲ့ တပ်မတော် အပေါ် ထားရှိတဲ့ စိတ်ရင်း အမှန်ကို မြင်တွေ့ နေရသလို၊ စကား ထဲက ဇာတိပြ လာတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့နောက် မညီတဲ့ စကားလုံး များကိုလည်း စိတ် မကောင်းစွာ ကြားသိ နေရပါတယ်။

အထူးသဖြင့် တပ်မတော်သား အများစု နေထိုင်တဲ့ နယ်မြေတွေကို ရောက်ရင် တပ်မတော်နဲ့ ပြည်သူကို သွေးကွဲစေတဲ့ စကားလုံးများကိုသုံးသလို၊ တပ်မတော်သားတွေအနေနဲ့ NLD ပါတီကို မဲထည့်ဖို့အရှက်မရှိ တစာစာ မဲတောင်းခံတာကိုလည်း မြင်တွေ့နေရပါတယ်။ မဲဆွယ်ခရီးစဉ်တွေမှာ တပ်မတော်အနေနဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်ဖို့ နိုင်ငံရေးမှာ ပါဝင်ရမယ်လို့ပြောပြီး ပါတီမူဝါဒကို မြန်မာ့ရုပ်သံက ရှင်းလင်းပြောကြားချိန်မှာ အမျိုးသားနိုင်ငံရေး ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေကို လွှတ်တော် က နေဖယ်ရှားဖို့ ပေါ်ပေါ် တင်တင်ပဲ Political Challenges လုပ်သွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသိစိတ်ထဲမှာ တပ်မတော်ဆိုတာ ဒီမိုကရေစီစနစ်အတွက် အနှောက် အယှက် ပြုလုပ်မဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ယူဆထားဟန်တူပါတယ်။ တပ်မတော် သား တွေကလည်း ဒေါ်အောင်ဆန်း စုကြည်ဆိုတာ တပ်မတော်ကို အင်အားချိနဲ့အောင်၊ တိုင်းပြည်ကိုမတည်မငြိမ်ဖြစ်အောင် လုပ်နိုင်စွမ်းရှိတဲ့ ကြိုးဆွဲ ခံထားရတဲ့ ရုပ်သေးရုပ် အဖြစ်သာ မြင်နေကြပါတယ်။ ဒီလိုဖြစ်ရတာကလည်း မည်သူမမူ မိမိပြုဆိုတဲ့အတိုင်း ၁၉၆၀ ခုနှစ်ကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြတ်သန်းခဲ့တဲ့ဘ၀တစ်လျှောက် အနောက်တိုင်းပတ်ဝန်းကျင် အသိုင်း အ၀ိုင်းရဲ့နှောင်ကြိုးများကြောင့် ဖြစ်မယ်ထင်ပါတယ်။

ပုဂ္ဂိုလ်ရေးထင်ပေါ်ကျော်ကြားမှုကို အာရုံရောက်လေ့ရှိတဲ့ မြန်မာလူနေမှုဝန်းကျင်မှာ လမ်းပေါ်ကို တက်လာတဲ့ လူထုကိုကြည့်ပြီး ပြည်သူလူထုတစ်ရပ်လုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီလို့ မယူဆ စေခြင်ပါဘူး။ အထူးသဖြင့် အပြောင်းအလဲ လိုလားနေတဲ့ ပြည်သူ အများစုဟာ ဒေါ်အောင်ဆန်းစုကြည်မရှိလဲ အပြောင်းအလဲကို တောင်းဆိုကြမှာဖြစ်ပါတယ်။ ညှင်သာသောအပြောင်းအလဲကို တည်ငြိမ်အေးချမ်းစွာနဲ့ ပြောင်းလဲ ပေးခဲ့တဲ့ တပ်မတော်ကို ပြည်သူနဲ့ရန်တိုက်ပေးပြီး မင်းမဲ့စရိုက်ဆန်ဆန် လမ်းမပေါ်စည်းမရှိကမ်းမရှိ တက်လာတဲ့ ပြည်သူအားလုံးဟာ NLD ကို အရမ်းချစ်လို့တော့ ဟုတ်ဟန်မတူပါဘူး။

နိုင်ငံတစ်နိုင်ငံမှာ မရှိလို့မဖြစ်တဲ့ တပ်မတော်ဆိုတဲ့အဖွဲ့အစည်းနဲ့ တပ်မတော်နှင့်သက်ဆိုင်တဲ့ လူထု လူတန်းစားအသီးသီးက ပြည်သူလူထုဟာလည်း အင်အားစုတစ်ခုအနေနဲ့ရှိနေပြီး ဒီအင်အားစုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုမရှိဘူးဆိုတာ သတိပြုစေချင်ပါတယ်။ ဒီအင်အားစုက ဒေါ်အောင်ဆန်း စုကြည်ကို မထောက်ခံခြင်းဟာ ဒီမိုကရေစီစနစ်ကို မလိုလားလို့၊ ဒီမိုကရေစီနိုင်ငံတော်သစ်ကို မသွားခြင်လို့ မဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားတဲ့ လုပ်ရပ်တွေဖြစ်တဲ့ -

- တပ်မတော်နှင့် ပြည်သူကို သွေးခွဲခြင်း
- အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်၏ ရပ်တည်ချက်ကို လက်မခံခြင်း
- နောက်ကွယ်က နှောင်ကြိုးများကို မလွန်ဆန်နိုင်ခြင်းတို့ကို ရှင်းရှင်း လင်းလင်း မြင်တွေ့ ကြားသိ နေရလို့ ဖြစ်ပါတယ်။ ဒီအချက်တွေအပေါ်အခြေခံပြီး တပ်မတော်ကို ဆန့်ကျင်ဘက် အဖွဲ့အစည်း သဖွယ် ပြုမူ ဆက်ဆံပြောဆိုခြင်းများကိုလည်း အထောက်အထားများနှင့် ရှင်းပြလိုပါတယ်။


တပ်မတော်နှင့်ပြည်သူကိုသွေးခွဲခြင်း


``ကျွန်မဖေဖေခေတ်တုန်းက တပ်မတော်သားတွေကို ပည်သူတွေ သိပ်ချစ်ကြတယ်၊ ပည်သူတွေရဲ့ပြန်လည် ချစ်ခင် မှု ကို ပြန်ရဖို့ အတွက် တပ်မတော် သားတွေအနေနဲ့ NLD ကို မဲထည့်ဖို့ပောခြင်ပါတယ်။ တပ်မတော်သား တွေကို ပည်သူကချစ်ဖို့လိုသလို၊ တပ်မတော်သားတွေ ကလည်း ပြည်သူကို အားကိုးဖို့ မြန်မာ တပ်မတော်ဟာ နိုင်ငံရဲ့အခြေခံ ဖစ်ဖို့နဲ့ ပည်သူတွေအပေါ်ကို စိုးမိုးချင်တဲ့ဆန္ဒမရှိဖို့လိုပါတယ်´´ ဆိုပြီး မတ်လ(၄)ရက်နေ့က ပုဗ္ဗသီရိမြို့နယ်မှာ ပြောကြားသွားခဲ့ပါတယ်။ ဒီပြောကြားချက်များဟာ လက်ရှိတပ်မတော်တွင် တာဝန် ထမ်းဆောင်ဆဲ တပ်မတော်သား များကို စော်ကားမော်ကား ပြောဆိုသွားခဲ့ခြင်းသာ ဖြစ်ပါတယ်။ တပ်မတော် ဟာ ပြည်သူလူထု အတွင်းက ပေါက်ဖွားလာခဲ့ပြီး ပြည်သူများရဲ့ ဘ၀လုံခြုံမှုနဲ့ နိုင်ငံ့အချုပ် အခြာအာဏာ မဆုံးရှုံးရလေအောင်၊ ပြည်ထောင်စုကြီး မပြိုကွဲရအောင် အသက် နဲ့ သွေး ချွေးများ ပေးဆပ်နေသူများ ဖြစ်ပါတယ်။ တပ်မတော်က မလွှဲ မရှောင်သာ နိုင်ငံ့ အာဏာ လွှဲပြောင်း ရယူခဲ့ရခြင်းကို မျက်စိစုံမှိတ်ပြီး ပြည်သူတွေ ကိုနှိပ်စက်ခြင်လို့၊ ပြည်သူတွေကို စိုးမိုးခြင်လို့ဆိုတဲ့ အနောက်မီဒီယာမှိုင်းမိသူများရဲ့ထုံးစံအတိုင်း တပ်မတော်နဲ့ ပြည်သူ ကို ဆန့်ကျင် ဘက်အုပ်စုအသွင်ဖြစ်စေမဲ့ စကားလုံးမျိုး မပြောသင့်ပါဘူး။ အထူးသဖြင့် တပ်မတော် အစိုးရက ခင်းပေးခဲ့တဲ့ လက်ရှိ ဒီမိုကရေစီအပြောင်းအလဲကာလမှ ယခင်အတွေးအခေါ် အယူအဆများကို တတ်နိုင် သမျှ ထိန်းချုပ်သင့်ကြောင်း အကြံပြုလိုပါတယ်။

၁၉၈၈ ခုနှစ်မှာ တပ်မတော်က ဘာကြောင့် နိုင်ငံအာဏာကိုရယူခဲ့ရတယ်၊ စစ်အစိုးရအုပ်ချုပ်စဉ် ကာလအတွင်း ပြည်တွင်းမှာ တည်ငြိမ်အေးချမ်းမှုရှိအောင် ပြည်သူတွေရဲ့ လူနေမှုဘ၀တွေ မြင့်မားတိုးတက် လာအောင်၊ လုပ်ဆောင်ပေးခဲ့တဲ့ စွမ်းဆောင်ချက်များနဲ့ နောက်ဆုံးတည်ငြိမ်အေးချမ်းစွာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းပေးခဲ့တဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေကို အကျယ်ချဲ့ပြီး မပြောလိုတော့ပါဘူး။

ကျွန်မဖေဖေ (ဗိုလ်ချုပ်အောင်ဆန်း)ခေတ်တုန်းက တပ်မတော်သားတွေကို ပြည်သူတွေက သိပ်ချစ် ကြသလို ကျွန်မဖေဖေ (ဗိုလ်ချုပ်အောင်ဆန်း)လုပ်ကြံခံရပြီးနောက်မှာလည်း ပြည်သူတွေက တပ်မတော်သား တွေကို ချစ်ခင်ဆဲပဲလို့ တပ်မတော်သားများက ခံစားယုံကြည် နေကြပါတယ်။ ကျွန်မဖေဖေ (ဗိုလ်ချုပ်အောင်ဆန်း) ခေတ်တုန်းက တပ်မတော်ရဲ့ရန်သူက ဒေါ်အောင်ဆန်းစုကြည် အမျိုးတွေ (အင်္ဂလိပ်)ဖြစ်ပြီး အဲဒီခေတ်တုန်းက လွတ်လပ်ရေးကြိုးပမ်းမှုဟာ တပ်မတော်ရဲ့ အဓိကတာဝန်ပါ။ ကျွန်မဖေဖေ(ဗိုလ်ချုပ်အောင်ဆန်း)ခေတ်နောက်ပိုင်း တပ်မတော်ရဲ့ရန်သူဆိုတာ ဒေါ်အောင်ဆန်းစုကြည် အမျိုးတွေ (အင်္ဂလိပ်)သွေးခွဲဖန်တီးခဲ့လို့ ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်း သောင်းကျန်းသူတွေ ဖြစ်တယ်ဆိုတာတော့ နားလည်မယ်ထင်ပါတယ်။

`` ပည်သူတွေရဲ့ ပန်လည်ချစ်ခင်မှုပြန်ရဖို့ ´´ ဆိုတဲ့ အသုံးအနှုန်းကတော့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတွေကို ပြည်သူတွေကပဲ မချစ်ခင်၊ မနှစ်သက်တော့သယောင်ယောင် မိမိစိတ်နဲ့နှိုင်းပြီး ပြောခြင်း ဖြစ်မယ်ထင်ပါတယ်။ တပ်မတော် အပေါ် အငြိုး အတေး ရှိနေတဲ့ စိတ်ခံစားမှုကြောင့် ပြောဆိုတယ်လို့ဘဲ ယူဆပါတယ်။ NLD ပါတီကို မဲထည့်မှ ပြည်သူတွေက တပ်မတော်ကို ပြန်လည်ချစ်ခင်လာမယ်ဆိုတာ ဘာမှမဆိုင်ဘူးထင်ပါတယ်။

- တပ်မတော်အတွက် NLD ဘာလုပ်ပေးပါသလဲ.. ?
- ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တပ်မတော်ရဲ့ ရပ်တည်ချက်ကိုနားလည်လက်ခံမှာလား.. ?
- တပ်မတော်အင်အားရှိအောင် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်ပေးဖူးပါသလဲ…? မေးချင် ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ကို တည်ထောင်ခဲ့သူ တပ်မတော်ဖခင်တစ်ဦးဆိုတာ အငြင်းပွားဖွယ် မရှိပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ် လုပ်ကြံခံရပြီးနောက် တပ်မတော်က တာဝန် ယူခဲ့ ရတဲ့ နိုင်ငံတော် ထူထောင်ရေး၊ နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းစဉ်တွေမှာ တပ်မတော်ဖခင် ဗိုလ်ချုပ် တစ်ယောက်ရဲ့ သမီးက ဘယ်အခန်းကဏ္ဍမှာမှ မပါရှိဘူးဆိုတာကို လူတိုင်းသိပါတယ်။

လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးပါတယ်။ တပ်မတော်သမိုင်းကို တပ်မတော်သား များက ရေးသလို ဒေါ်အောင်ဆန်း စုကြည်ရဲ့ သမိုင်းကြောင်းကလည်း ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ပဲ ရေးခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရေးခဲ့တဲ့သမိုင်းကြောင်းအရ တပ်မတော်အပေါ် ထိပ်တိုက် ရင်ဆိုင်မှုနဲ့ တပ်မတော်သား တွေကို အထင်မကြီး၊ မလေးစားပဲ ပြည်သူကို နိုင်ထက်စီးနင်းလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ထင်မြင်ယူဆ နေရင်တော့ တပ်မတော် သမိုင်းမှာ ဒေါ်အောင်ဆန်း စုကြည်ဆိုတာ နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာကို ဆုံးရှုံး အောင်လုပ်သွားနိုင်တဲ့ ဆူးညှောင့် ခလုပ်ပဲ ဖြစ်ပါလိမ့်မယ်။


ပြည်သူနဲ့ တပ်မတော် ဆန့်ကျင်ဘက် အသွင်ဖြစ်စေမဲ့ အပြုအမူ၊ အပြောအဆိုများဟာ တပ်မတော်အင်အား ချိနဲ့ အောင် လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။ ဒီနေ့ခေတ်ကာ လမှာ တပ်မတော် အပေါ် အမြင် မကြည်လင်သူ၊ တပ်မတော် အပေါ် နိုင်ငံရေးအရ ဆန့်ကျင် သူ ၊ တပ်မတော်ကို စစ်ရေးအရ တိုက်ခိုက်သူများဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ဆိုတဲ့ မှိုင်းလုံးကြားမှာ မျက်မှန်စိမ်းတပ်ခံထားရတဲ့ ပြည်သူအချို့ဖြစ်တယ်လို့ တပ်မတော်က ယုံကြည်လက်ခံထား ပါတယ်။ ဒီလိုတပ်မတော်အပေါ် မကောင်းမြင်သူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဆောင်မှုပေးနေတဲ့ အဓိကပဲ့ကိုင်ရှင် မဖြစ်စေလိုပါဘူး။ ဖြစ်နေလို့ပြောရတာဖြစ်ပြီး မဖြစ်စေလိုတဲ့ တပ်မတော်သား များရဲ့ ဆန္ဒအမှန်ကိုတော့ ယုံကြည်စေချင်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးက တပ်မတော်အပေါ် မကောင်းမြင်နေ တာမဟုတ်သလို နိုင်ငံတကာကလည်း တပ်မတော်ကို အထင်ကြီးလေးစားမှုတွေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ -
တပ်မတော်အပေါ်အမှန်တကယ်ချစ်ခင်ပါတယ်ဆိုရင် ----
တပ်မတော်မိသားစုဝင်တစ်ဦးပါလို့ အမှန်တကယ်ခံယူထားတယ်ဆိုရင် ---


ပြည်သူနှင့် တပ်မတော်ကို သွေးမခွဲဘဲ ပည်သူထဲက ပေါက်ဖွား လာတဲ့ ပြည်သူ့တပ်မတော်ကို အားပေးထောက်ခံပြီး နိုင်ငံတော်ကို ကာကွယ်စောင့် ရှောက်နိုင် ရန်အလို့ငှာ တိုင်းပြည်အင်အားရှိအောင် တပ်မတော် အင်အား ရှိစေရေး ပြောဆိုပြုမူလုပ်ကိုင် ကြံဆ သွားသင့်ပါ ကြောင်း အကြံပြုပါတယ်။

(ဆက်ပါအုံးမည်..)


Myanmar Express

19 comments:

ဒေါ်စုကြည်
ခင်ဗျား တပ်မတော်သားတွေကို ၀န်ချတောင်းပန်သင့်ပါပြီ။ ခင်ဗျားနောက်လိုက်တွေကိုလဲ တပ်မတော် ကို ပုတ်ခတ်ဝေဖန်ပြောဆို မှု့တွေ ကို ချက်ချင်း ရပ်ခိုင်းလိုက်ပါ။ ခင်ဗျားတို့ ကံကြီးထိုက်မှာ စိုးရိမ်လိုပါ။ စေတနာ မေတ္တာ ဆိုတာ ရောင်ပြန်ဟပ်ပါတယ်။

ပုံ
ရွှေဘို စစ်သား

စုကြည် ပါတီ နောက်ကိုလိုက် ထမင်းငတ်မည်မှတ်
စုကြည် လမ်းစဉ် အကောင်းထင် ဘ၀ ပျက်မည်မှတ်
စုကြည် စကား ထင်ယောင်မှား US အုပ်မည်မှတ်
စုကြည် အကျင့် ယုံလိုက်မိ အမျိုးပျက်မည်မှတ်

စုကြည် ရွေးတင် အကျိုးမမြင် တိုင်းပြည် ပျက်မည်မှတ်။

ပုံ

ကသ ---

တိုက်ခိုက်ရေးကျောင်း(ဗထူး)

တပ်မတော်သား တစ်ဦး အမြင်ပဲ မဟုတ်ဘူးဗျ့ တပ်မတော်သား အားလုံးရဲ့ အမြင်ဗျ

ကိုလေး

သမိုင်းတစ်လျှောက်လုံး စုကြည်နိုင်ငံတော်အတွက်ဆိုပြီး ဘာများလုပ်ခဲ့တာရှိပါသလဲ..ပါစပ်နဲ တိုင်းပြည်ချစ်ပြမနေနဲ့..

ဒီမိန်းမကြီးဟာ အတ္တသမားကြီးပါ
ပေါ်ပြူလာဖြစ်ချင်နေတာနဲ့အတော်ပဲ
အဖေ့ဂုဏ်နဲ့ပြန်လာပြီး လူစွမ်းကောင်းလုပ်နေတာ
နိုင်ငံခြားမှာ ဖြစ်ချင်တာဖြစ်ခဲ့ပြီး
အခုလည်း သားနှစ်ယောက်အကြောင်း တစ်ခွန်းမှ မဟဘူး
အပျိုလိုနေအပျိုလိုစား အပျိုလိုသွား
ဖက်ရှင်တွေအမျိုးမျိုးနှင့် အရွယ်စုံယောင်္ကျားတွေကို မြူဆွယ်နေတာ

(အန်တီစုကြည်)

အော် ...အောင်ဆန်း ဆိုတာမထည့်လို့ စိတ်မရှိပါနဲ့...အောင်ဆန်းဆိုတာ တို့နိုင်ငံသားတွေကို သူ.ကျွှန်ဘ၀က လွတ်အောင် မေ့မရနိုင်သော လွတ်လပ်ရေးဖခင်ကြီးဖြစ်လို့ အန်တီစုကြည်နာမည် ရှေ့မှာမထည့်တာကို ခွင့်လွတ်ပါ...လူထုစိန်ဝင်း နဲ့ အန်တီတို့အတွေး ခေါ်တွေက ချောက်ကမ်းပါး ဘေးမောင်းနေတဲ့ ကားနဲ.တူနေတယ်...အချိန်မရွေးချောက်ထဲကျသွားနိုင်တယ်....ဆိုလိုတာက နိုင်ငံရေးကိုဆိုလိုတာမဟုတ်ဘူး...အသက်တွေရနေတာကိုပြော တာပါ...နိုင်ငံရေးတွေမှာလဲအတူတူနော်.... ဖခင်မျက်နှာကိုကြည့်စေချင် တယ်နော်...တပ်မတော်နဲ့ပြည်သူတွေကို သွေးခွဲချင်တာတွေမလုပ်ပါနဲ့...ခင်များအနေနဲ့တပ်မတော်မကောင်းဘူးလို့ ပြောချင်ရင် ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ.လိုက်လေ...နော် အန်တီပေါက်လား...

ဒေါ်အောင်ဆန်းစုကြည်ပြောချင်တာအဲဒီလိုအဓိတ်ပါယ်မဟုတ်နိုင်ဘူး။ သူကပြောချင်တာတွေရဲ့ နဲနဲလေးကိုဘဲပြောသွားတာထင်ပါတယ်။ တပ်မတော်ခေါင်းဆောင်တွေဘာတွေလုပ်ခဲ့မိကြလဲ။ တိုင်းပြည်ဘာဖြစ်သွားလဲ။ ပြည်သူတွေက တပ်မတော်ကြီးတစ်ခုလုံးကိုဘယ်လိုမြင်နေကြပီလဲ ။ သမိုင်းကပြောပြသွားပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်မြန်မာနိုင်ငံအဝေးမှာရောက်နေချိန် မြန်မာပြည်အတွက်ဘာမှမလုပ်ပေးနိုင်ပေမဲ့ အခုသူရတဲ့နိုဗယ်ဆုကို မြန်မာပြည်ပညာရေးအတွက်လှုဒါန်းထားတယ်။ အခုချိန်တိုင်းပြည်အတွက်အားကြိုးမန်တက်လုပ်နေတယ်။ ဒေါ်အောင်ဆန်းဆုကြည်လို နှစ်ပေါင်းများစွာ အဝေးကြီးကနိုင်ငံကိုရောက်သွားသူမပြောနဲ့ အခုအရှေ့တောင်အာရှ နိုင်ငံလေးတစ်ခုမှာရောက်နေတဲ့မြန်မာပြည်သားတွေတောင်မြန်မာပြည်ကြီးတကယ်ခေတ်မှီဖွံ့ ဖြိုးတိုးတက်နေလား။ နိုင်ငံသားတွေ အဆင့်အတန်းမြင့်မြင့်နေနိုင်ပီလား ။ ဘယ်နေရာမှာဘာတွေ ပံ့ပိုးဖို့လိုနေသလဲဆိုတဲ့သတင်းအမှန်ကိုမသိနိုင်ကြပါဘူး။ ဒါကြောင့် ကွန်မန့်ရေးရင် နိုင်ငံသားကောင်းတစ်ယောက်အဆင့်နဲ့ညီညီရေးကြစေလိုပါတယ်။ ဒီလိုရေးလို့ အန်အယ်ဒီပါတီဝင်လားဆိုပီး ၀ိုင်းလဲမဆဲကြပါနဲ့နော်။ စစ်သားသားသမီးပါ ငယ်ငယ်ထဲကစစ်တပ်ထဲမှာကြီးပြင်းလာတာပါ။ အဖေကအခုကြံ့ခိုင်ရေးပါတီဝင်ပါ ။ ရပ်ကွက်ဥက်ကထပါ ။နိုင်ငံတော်ကိုအရေးကြုံရင်စောင့်ရှောက်ဖို့ စစ်သင်တန်းတွေလဲ နှစ်ခါသုံးခါတက်ခဲ့ပီးပါပီ။ :)))

စစ်သင်တန်း ၂ခါ၃ခါတက်ပြီးသားပါဆိုတဲ့လူတစ်ယောက်ရဲ့စိတ်ဓာတ်နဲ့ တကယ့်စစ်သားတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ဟာ အကွာကြီးပဲရှိပါသေးတယ်.. စစ်သင်တန်းဆိုတာ ခင်ဗျားတို့ကို အခြေခံလက်နက် အသုံးပြုနည်းတွေ၊ အခြေခံစစ်ရေးပြတွေ၊ အခြေခံတပ်စုတပ်စိတ် စစ်နည်းဗျူဟာလေးတွေလောက်ပဲ နိုင်ငံတော်အတွက် အရေးကြုံလာရင် လက်နက်ကိုင်ကာကွယ်နိုင်ဖို့ သင်ပေးပါတယ်။ ခင်ဗျားတို့မှာ ရဲဘော်ရဲဘက်စိတ်တွေ၊ ကိုယ့်အသက်ကိုပေးပြီး တာဝန်ထမ်းဆောင်နေရတဲ့ အမိတပ်မတော်အပေါ် ချစ်တဲ့စိတ်တွေ၊ အမိန့်နာခံမှုတွေ၊ ပေးလာတဲ့အမိန့်တစ်ခုအပေါ် ကျိုးသင့်ကြောင်းသင့်နဲ့ လုပ်ဆောင်အကောင်အထည် ဖော်တတ်မှုတွေက တကယ့်စစ်သားတွေနဲ့ အကွာကြီးပါ... ခင်ဗျားတို့အဲလို စစ်သင်တန်းလေး ၂ခါ၃ခါလောက်တက်ပြီး ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်ပြီး ကြီးကြီးကျယ်ကျယ် ပြောနေတဲ့အချိန်မှာ တကယ့် စစ်အခြေခံသင်တန်းကျောင်းက စစ်သားလေးတွေက ခင်ဗျားတို့ကို ရယ်ပါလိမ့်မယ်... ခင်ဗျားတို့ စစ်သင်တန်း ၃ ခါမပြောနဲ့... ၂ ဆပေးပြီး စစ်သင်တန်း ၆ ခါတက်ပြီးတာတောင်မှ တကယ့်ရဲဘော်လေးတစ်ယောက်ရဲ့ အခြေခံ Training ကို မမီပါဘူး... အေး.. အဲဒီလိုပဲ Training ပိုင်းသာမက အဲဒီ Training ပေးစဉ်တုန်းမှာ ရရှိခဲ့တဲ့ နိုင်ငံချစ်စိတ်၊ တပ်မတော်ချစ်စိတ်၊ ကိုယ့်အလုပ်ကိုယ် ဂုဏ်ယူစိတ်၊ ကိုယ့်တပ်မတော်သားချင်း အသက်ပေးပြီး ချစ်တဲ့စိတ်ဓာတ်တွေလဲ လုံးဝလုံးဝကို မယှဉ်သာအောင် ကွာခြားလွန်းနေပါတယ်... ဒါကြောင့် တကယ့်တပ်မတော်သားတွေနဲ့တော့ ပုခုံးချင်းလာမယှဉ်ပါနဲ့ဗျာ..။ အဲဒီဒေါ်စုဆိုတဲ့ အမျိုးသမီးရဲ့ စကားတွေက ခင်ဗျားတို့လို မျက်ချေးပိတ်နေတဲ့လူတွေအတွက်တော့ သည်းခြေခိုက်တွေပါပဲ... တပ်မတော်ကို သာသာနဲ့နာနာနှက်နေတဲ့ စကားလုံးလေးတွေဆိုတော့ နဂိုကမှ တပ်မတော် Anti ဆိုတဲ့လူတွေအတွက်တော့ သည်းခြေခိုက်တွေပေါ့ဗျာ.. ခင်ဗျား စစ်သားသားသမီးဆိုလို့ စစ်တပ်ကို ချစ်တယ်လို့ အတပ်မပြောနိုင်သလို NLD ရဲ့သားသမီးတွေထဲမှာလဲ NLD ကို မုန်းနေတဲ့အများကြီးရှိပါတယ်.. ကျုပ်အဘိုး NLD ... အေး... ဒါပေမယ့် ကျုပ်အဖေနဲ့ကျုပ်ကတော့ စိတ်ထဲကကို အသည်းခိုက်အောင် ကြည့်မရတာ... ကျုပ်ငယ်ငယ်လေးထဲက အဲဒီအရည်မရ အဖတ်မရသမားတွေကို မုန်းတာ... ခင်ဗျားပြောတဲ့ နိုဘယ်လ်ဆုကို မြန်မာနိုင်ငံပညာရေးအတွက် လှူတယ်ဆိုတာ ဘယ်ကို လှူတာလဲ အတိအကျလေး ပြောပြပါလား ???? ပညာရေးဝန်ကြီးဋ္ဌာနရဲ့ ရန်ပုံငွေထဲကိုလား... ဒါမှမဟုတ် ဘယ် NGO ရဲ့ ရန်ပုံငွေထဲကို ၁ နှစ်ကို ဘယ်လောက်လှူနေတာလဲဆိုတာ အတိအကျ NGO နာမည်၊ ငွေပမာဏနဲ့ ပြောပြပေးပါ... အန်တီကတော့ ဒီလို လှူထားတယ်ဟေ့ဆိုတာနဲ့ မျက်လုံးမှိတ်ပြီး ယုံတတ်တဲ့အထဲ ကျုပ်တို့မပါဘူး... လူတိုင်း ပါးစပ်ပါရင် ငါ ငွေဘယ်လောက် ဘယ်ကို လှူထားတယ်ဟေ့ ပြောတတ်တာပဲ... ရိုက်စစ်နေတာမှ မဟုတ်တာ... နောက်ပြီး သူ တကယ်တမ်းအဲဒီလိုလှူနေရင်တောင် ကျုပ်တို့ အထင်မကြီးဘူး... ဘာဖြစ်လို့လဲသိလား... သူရထားတဲ့ဆုတွေက သူ့အရည်အချင်းတစ်စက်မှ မပါလို့ပဲ... သူ ဘာလုပ်ပြနိုင်သလဲ... သူ ဘာလုပ်ပြလို့ ဆုတွေရတာလဲ... မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် သူ ဘာလုပ်ပေးပြီးပြီလဲ.... အတိအကျလေး ဆိုစမ်းပါ... လက်ရှိ သူ အားကြိုးမာန်တက် လုပ်နေတယ်ဆိုတာလေးလဲ တချက် နားမလည်လို့ ပြန်ပြောပြပေးပါဦး... သူ လုပ်နေတာ တိုင်းပြည်အတွက်လား.. ဒါမှမဟုတ် လွှတ်တော်အမတ်အရင်ဖြစ်ဖို့ မဲရဖို့အတွက်လား ??? လက်ရှိ သူ လုပ်နေတာ သူ လွှတ်တော်အမတ်ဖြစ်နိုင်ဖို့ မဲဆွယ်နေတာပဲရှိပါသေးတယ်... တိုင်းပြည်အတွက် လုပ်နေတာလို့ ပြောလို့ မရသေးပါဘူး.. လက်ရှိ တိုင်းပြည်အတွက် သူ လုပ်နေတယ်ဆိုတာဟာ စည်ပင်သာယာက အမှိုက်ကျုံးဝန်ထမ်းတစ်ယောက် မနက်မနက်တိုင်း အမှိုက်လိုက်ပြီး သိမ်းပေးနေတာတောင် ဒေါ်စုကြည်ထက် အများကြီး သာပါသေးတယ်... ဒီလောက်ဆို ခင်ဗျား နားလည်ပါပြီ... ခင်ဗျား အဲဒီစကားကို ပြောချင်ရင် ဒေါ်စုကြည် လွှတ်တော်ထဲ ရောက်ပြီးမှ ခင်ဗျား အဲဒီစကားကို ပြောပါ... လက်ရှိတော့ အဲဒီလို ကြီးကြီးကျယ်ကျယ်တွေ လာမပြောနဲ့ဗျာ... ရယ်ချင်လွန်းလို့ပါ... နောက်ပြီး ခင်ဗျားသိပ်ပြီး အထင်ကြီးလေးစားနေတဲ့ ဒေါ်စုကြည်ကို ပြောလိုက်ပါဦး... "တပ်မတော်ဆိုတဲ့ စကားရပ်လေးဟာ နိုင်ငံ့ထိပ်ပိုင်းလက်ရှိ အာဏာရ ခေါင်းဆောင်လက်တစ်ဆုပ်ကို ရည်ညွှန်းတဲ့စကား မဟုတ်ပါဘူးလို့... သူ အဲဒီလို ရည်ညွှန်းချင်ရင် သတ္တိရှိရှိ ဒဲ့ ရည်ညွှန်းပါလို့... ကျုပ်တို့လို တပ်မတော်ရဲ့အောက်ခြေပိုင်းစစ်သည်တွေကိုပါ ရောယောင်ပြီး သူနဲ့ လက်တွဲပါတွေ ဘာတွေနဲ့ ရောချပြီး ပြောတာမျိုးကတော့ လူရယ်စရာကြီးဖြစ်နေပါတယ်လို့... တပ်မတော်ဟာ ဒို့တာဝန်အရေး ၃ ပါးကို ထိခိုက်ဖျက်စီး အနှောက်အယှက်ဖြစ်စေနိုင်မယ့် လူ၊ အရာနဲ့ ဆူးငြှောင့်ခလုတ်မှန်သမျှကို နုတ်သင်ဖယ်ရှားသွားဖို့ အချိန်မရွေးပဲ"ဆိုတာကို သူ မသေခင် သိအောင် ပြောထားလိုက်ပါဗျာ..

The one above me, Please give me confirmation about the information that Daw ASSK donated her Noble price to our educational sector. Are you sure because I have never ever heard about this information? Please give me a link so I can find out it.THANKS

what a lousy article !!!!

ကောင်းတယ် ဒီလိုထိထိမိမိမလေးတွေ ရေးစမ်းပါ

ကောင်းတယ် ဒီလိုထိထိမိမိလေးတွေရေးစမ်းပါ

တပ်မတော် နဲ့ ABSDF နဲ့ တိုက်ပွဲ ဖြစ်ရင် စုကြည်နဲ့ သူနောက်လိုက်တွေဟာ ABSDF ဘက်က အားပေးတာ၊
တပ်မတော် သားတွေ ရှေ့တန်းမှာ သေဆုံး ဒဏ်ရာရ ရင် အရင်ဆုံး ၀မ်းသာအားရ ဖေါ်ပြကြတာNLD နဲ့ သူ ကို ထောက်ခံတဲ့ မီဒီယာတွေပေါ့။ NLD မှာ ရှိတဲ့ တပ် က ထုတ်ခံရတဲ့ ကောင်တွေက တပ်မတော် မကောင်းကြောင်း ပြောရင် လက်ခုပ် လက်ဝါးတီး အားပေးကြတာ NLD ပါတီဝင်တွေပေါ့

ဒေါ် အောင် ဆန်း စု ကြည် လွှတ် တော် ထဲ ရောက် ပြီး ရင် သူ ဖြစ် ချင် တာ တွေ လုပ် မ ရ ရင် အ ရင် က လို ဘဲ စိတ် ကောက် ဦး မှာ လား။ လွှတ် တော် ကို boycott လုပ် ဦး မှာ လား။ Boycott လုပ် ရင် တော့ ကြည့် ကောင်း ဦး မယ်။

တ ကယ် ဘဲ မင်း က တပ် မ တော် သား တ ယောက် လား ဒါ မှ မ ဟုတ် လူ သတ် ကောင် တွေ ရဲ .နောက် လိုက် ခွေး လား တ ကယ် တော. ကွာ ဒီ တပ် မ တော် မှာ တာ ၀န် ထမ်း ဆောင် နေ တဲ. အ ခြား အ ဆင်. ..တွေ ရဲ့ ခံ စား ချက် ကို အ ရင် သိ အောင် လုပ် ပါ လို.ပြော ပြ ချင် တယ် မင်း တို. ကို ကြည်. ရ တာ ကို စား တာ ကို ဘာ မှန်း မ သိ ဘူး ဖြစ် နေ ကြ တယ် လို .ငါ တို. တ တွေ မြင် တာ ပါ . . .မင်း တို့ က ပြည် ပ မှာ ပ ညာ လေး သွား သင် ခဲ့ ရ တော့ တ ကယ် အ သက် ပေး စွန့် နေ ရ တဲ့ အ ခြား အ ဆင့် ရဲ ဘော် တွေ ရဲ့ ခံ စား ချက် ကို လူ နေ မှု အ ခြေ အ နေ ကို ဘယ် သိ ပါ့ မ လဲ . . . အား လုံး သွား ချင် နေ တဲ့ လမ်း ကြောင်း က တစ် သွေး ထဲ ပါ မင်း တို့ က သာ ကိုယ် တစ် ဘို့ ကောင်း စား ရေး အ တွက် သ ခင် အား ရ လုပ် နေ ကြ တာ လို့ ငါ မြင် တယ် ငါ တို့ လည်း မင်း တို့ မ မွေး ခင် က တည်း က တိုင်း ပြည် နဲ့ လူ မျိုး အ တွက် ပေး ဆပ် ခဲ့ ကြ တဲ့ သူ တွေ ပါ . . .

stupid brain washed men,

You cannot see what happen our country, even cannot catch last poor neighbor country.
Because of your father general.

အေးလေ တိုင်းပြည်မှာ တကယ်တိုက်ရခိုက်ရတော့မယ် ၀ရုန်းသုန်းကားဖြစ်မယ်ဆို ဒီနိုင်ငံရေးသမားတွေလာထိန်းနိုင်လို့လား ဒေါ်စုကစစ်သားမှမလုပ်ဘူးတာစစ်တပ်အကြောင်းမသိတော့ ဒီလိုပဲလျှောက်ပြောတာပေါ့ မထူးဆန်းပါဘူး

အေး သူ က စစ် တပ် အ ကြောင်း မ သိ တော့ ဒီ လို ပဲ လျှောက် ပြော တာ မ ထူး ဆန်း ပါ ဘူး ၊ သူ့ ကြောင့် တ ကယ် စွန့် လွှတ် စွန့် စား ခဲ့ ရ တဲ့ စစ် သည် တွေ အ စား ရင် နာ မိ တယ် ၊ ဒီ လူ တွေ မ ပါ ဘူး တဲ့ ပြော တော့ လွယ် လိုက် တာ ၊ ဒေါ် စု တို့ ဒီ လို လုပ် ခွင့် ရ နေ တာ တောင် ရှေ့ တန်း က စစ် သား တွေ အ သက် ပေး နေ လို့ ဆို တာ သ တိ ထား သင့် တယ် ၊ အ ရေး အ ခင်း မှာ ထိန်း လို့ သေ တာ တဲ့ အေး စစ် သား တွေ ရဲ့ လူ သူ မ သိ မြတ် တဲ့ သေ ချင်း ရဲ့ အ ဆ ၁၀၀၀ ပုံ ၁ ပုံ တောင် မ ရှိ ဘူး အ ဓိ ပါ ယ် လဲ မ တူ ဘူး ၊ ဒါ ကို သိပ် ရှေ့ တင် ပုံ ကြီး ချဲ့ တာ မကောင်းဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်