Wednesday, February 06, 2013
ME
From : 7day
မြစ်ကြီးနားမြို့အနီးရှိ ဆွပ်ငိုင်တောင်ဒုက္ခသည်စခန်းသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားရောက်ရှိစဉ်
မြစ်ကြီးနားမြို့အနီးရှိ ဆွပ်ငိုင်တောင်ဒုက္ခသည်စခန်းသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားနှင့်အတူရောက်ရှိလာသော နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏
အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားသည် ပြည်ထောင်စုဝန်ကြီး
နှစ်ဦးနှင့်အတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ
စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံမည်ဖြစ်ကာ ထို့နောက် အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မစ္စတာ ဘီဂျေနမ်ဘီးယားနှင့်အတူ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စု
ဝန်ကြီး ဦးခင်ရီတို့လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။
.
www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်