Subscribe to our RSS Feed

ရှဒူဇွတ်ရွာအနီး သုံးဆယ်မှော်တွင် KIA မှ ဆန်နှင့်ဆားများ ကောက်ခံ

From : http://www.kachindailynews.com/2013/02/kia_6552.html

  ဖားကန့်မြို့ ရှဒူဇွတ်ရွာအနီးရှိာ သုံးဆယ်မှော်အတွင်းမှ ရွှေတူးဖော်သူများထံမှ ယမန့် ညနေ၄နာရီခန့် တွင် KIA အဖွဲ့ မှ သေနတ်ကိုယ်ဆီနဲ့ ရောက်လာပြီး ဆန်နှင့် ဆားများကို   ကောက်ခံခဲ့ သည်ဟု သိရှိရသည်။ ၎င်းအဖွဲ့သည်   ရွှေမှော် အတွင်းသို့ရောက်ရှိ လာပြီး ရွှေလုပ်နေသောသူများထံမှ စက်ဆိုင်းတစ်ဆိုင်းလျှင် ဆန်တစ်အိတ်နှင့် ဆား၁ပိသာများကို   ကောက်ခံခဲ့ပြီး ရွှေတွင်းတွင် အသုံးပြုနေသော ဆိုင်ကယ်တစ်စီးလျှင် ၁သောင်းခွဲ ကောက်ခံ သွားကြောင်းသိရှိရသည်။ ငွေ၊ ဆန်နှင့် ဆားများကို တောင်ခံကောက်ယူသွားသော အဖွဲ့သည် KIA သရီဘွန်စခန်းမှဖြစ်ကြပြီး ၎င်းတို့စခန်းတွင် စားစရာမရှိ၍ အခုလိုလာရောက် တောင်းခံ အကူ အညီတောင်းခံရခြင်းဖြစ်ကောင်း ၎င်းတို့ထဲမှ တစ်ဦး က ပြောကြားခဲ့သည်။
 

          ရွှေတူးသူများသည် KIA အဖွဲ့၏ မကြာခဏ ရံပုံငွေ၊ အခွန်၊ အကူအညီတောင်းတာ စသည်ဖြင့် အကြောင်းအမျိုးမျိုးကောက်ခံနေကြောင်း ပင်ပင်ပန်းပန်းရှာဖွေတာတွေကလည်း သူတို့ကိုဘဲပေးဆောင်နေ ရကြောင်း မပေးပါက သူတို့မှညှင်းပန်းနှိပ်မှုကို ခံရနိုင်သောကြောင့်   ပေးဆောင်နေရကြောင်း   ရွှေတူးသူ တစ်မှ ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ကြားနေရသော်လည်း KIA အဖွဲ့များက တစ်ဖွဲ့ပြီး တစ်ဖွဲ့လာ ရောက် ငွေနှင့်ရိက္ခာများကို ကောက်ခံမြဲကောက်ခံနေကြောင်းပြောကြားခဲ့ပါသည်။
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်