ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ဒေသခံတွေက တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်အား လက်ရှိ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ နေရာမှာ ဆက်လက်ထားရှိရေး ပါဝင်တဲ့ တောင်းဆိုချက်(၆)ချက် ကိုင်ဆောင်ပြီး ဖေဖော်ဝါရီ (၆)ရက်နေ့မှာ လူအင်အား (၅၀)လောက် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးဆန်းဆင့်ကို သာသနာရေး ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်မှုနှင့် ပတ်သက်ပြီး သမ္မတထံ တောင်းဆိုချက်များ ဖြစ်တဲ့ -
(၁) ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဆန်းဆင့် ကို လက်ရှိ ဥက္ကဌ နေရာတွင် တာဝန် ဆက်လက် ထမ်းဆောင်ရေးသည် ကျွန်ုပ်တို့၏ ဆန္ဒဖြစ်သည်။
(၂) ဦးဆန်းဆင့် လွှတ်တော် ဥက္ကဌ နေရာတွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုပါသည်။။
(၃) လွှတ်တော် ဥက္ကဌ ဦးဆန်းဆင့် ဧရာဝတီတိုင်းဒေသကြီး ကို ပစ်မထားခဲ့ပါနဲ့။
(၄) သမ္မတကြီး ဦးဆန်းဆင့်ကို လက်ရှိနေရာတွင် ဆက်ထားပေးပါရန်။
(၅) သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့် ၊ ဦးဆန်းဆင့် ကို လက်ရှိနေရာတွင် ဆက်ထားပေးပါရန်။
(၆) ဦးဆန်းဆင့် လက်ရှိနေရာတွင် ရှိမှ ဧရာဝတီတိုင်းတွင် ဒီမိုကရေစီ မိုး ဖြိုင်ဖြိုင် ရွာပါမည်။ စတဲ့ စာတမ်းများ ကိုင်ဆောင်ပြီး နံနက်(၉း၂၀)နာရီ မှ (၁၀း၂၀)နာရီခန့် အထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
www.MyanmarExpress.net

.jpg)
.jpg)
.jpg)
.jpg)
.jpg)
1 comments:
I only knew about this site five days ago.When I read the articles, it's very joyous!Thanks!The more I read,the more laughters I make!Thanks again.May u all kick the bucket I wish.May u all be under six feet.May u all be prosperous.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်