နှစ်ကြိမ်တိုင်တိုင် Eleven Media ၏ ပင်မ website အား ဖောက်ထွင်းခံပြီးနောက် တွေ့သမျှ ပတ်ရမ်းကာ သမ္မတကြီးကယ်ပါ၊ ကာချုပ်ကြီး ကယ်ပါ အော်နေသည့် Eleven Media ၏ Facebook မှာ ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းက အဖျက်ခံရသဖြင့် အသစ်တစ်ခု အမြန်လုပ်ထားရကြောင်း သတင်းရရှိသည်။
The Voice Weekly Facebook စာမျက်နှာ အဖောက်ခံရချိန်က ၄၈ နာရီခန့် ထိန်းသိမ်းခံရသော်လည်း Eleven Media ၏ Facebook မှာ ၄၈ စက္ကန့်အတွင်း အဖျက်ခံလိုက်ရကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် Myanmar Muslim Cyber Force အမည်ကိုဖော်ပြ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး
Eleven Media အနေဖြင့် ဒုတိယအကြိမ် website ဖောက်ခံရချိန်ကလည်း လိမ်ညာဖုံးကွယ်မှုများပြုလုပ်ခဲ့ဖူးပြီး ယခုလည်း Facebook အဖျက်ခံရသည်ကို လိမ်ညာဖုံးကွယ်လိုသဖြင့် ပြန်လည်ထိန်းသိမ်းနိုင်သည်ဟု ဖော်ပြကာ အသစ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
Eleven Media သည် website စာ မျက်နှာအား ၂ ကြိမ် ဖောက်ခံရခြင်း၊ Facebook စာမျက်နှာ ဖျက်ခံရခြင်းတို့ကြောင်း ဦးသန်းထွဋ်အောင် နှင့် ဦးဝေဖြိုး တို့မှာ အရှက်ကြီးရှက်နေကြကြောင်း အမည်မဖော်လိုသူ သတင်းထောက်တစ်ဦးမှ Myanmar Express ကို ပြောသည်။
တရားဝင်ရပ်တည်နေသော မီဒီယာများအားနည်းပညာအသုံြး
. www.MyanmarExpress.net

.png)
5 comments:
တိုင်ရမဲ့သူမှားနေတယ်။ တကယ်တိုင်ရမှာ မက်ဇကာပေါက် ကိုတိုင်ရမှာ။ သူအသုံးမကျလို့ ဟက်ခံရတာပေါ့။ မက်ဇကာပေါက်ကလဲပြီးတော့ အွန်လိုင်းမှာရှိနေတာပဲ။ နီးနီးနားနားကို မဟုတ်တဲ့သူတွေအဝေးကြီး လိုက်တိုင်နေတယ်။ အွန်လိုင်း မှာ message ပို့လိုက်ပြီးရောကို။ စောက်ရူး ဝေဖြိုး
ဘန် ကီ မွန်း က ဘာ လဲ ဟင် အို ဘား မား က ဘယ် သူ တုးံဟဲ့
အို ဘား မား ဆို တာ မြန် မာ နိုင် ငံ ကို ချစ် လို့  အို ဘား မား လို့  မှည့် ထား တာ လား ဟင်
သူက တိုင် မယ် ဆို တော့ သူ တို့  ထက် ကြီး တဲ့ သူ ကို တိုင် ပါ လား အဲ ဒီလူ က ပြော ပြ မယ် နော်
အာ လ ဝှီ မောင် ရွှီး တဲ့ ပ ခ က မှာ နေ တယ် အ မြန် အ ရေး ယူ ပေး မယ် နော်
တာ့ တာ
ပ ထွေးတိုင် ရင်အ ဖေ ရင်း က ရီ နေ မှာ ပေါ့ ။
the voice လဲ အသစ်ဖြစ်သွားပြီထင်တယ် https://www.facebook.com/pages/The-Voice-Weekly/
Myanmar Express က တော့ အ တော် ဝမ်း သာ နေ ပုံ ရ တယ် ။ Why ?
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်