From : http://www.mgkyautkhae.com/2013/02/gtc.html
ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် GTC ကျောင်းသား လူငယ်တစ်ဦးအား ရိုးမဘဏ် ကို ဖောက်ထွင်းမှုဖြင့် ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ရက် နံနက် ၁နာရီခန့်က အသက် ၁၉နှစ်ရှိ မောင်---သည် ရိုးမဘဏ် မျက်နှာကျက် မှဖောက်ထွင်း ဝင်ရောက်ကာ ငွေ ၁ရဝဝဝကျပ်ကို ခိုးယူခဲ့ မှုဖြင့် ယင်းသို့ ဖမ်းဆီးအရေး ယူခဲ့ကြောင်း အဆိုပါဘဏ်မှ သိရသည်။ရိုးမဘဏ်(အောင်ပန်း) ငွေခန်းဒုတိယ တာဝန်ခံ ဒေါ်ခင်သက်ဦးက ''ဘဏ်ကို မျက် နှာကျက်ကနေ ဖောက်ပြီးတော့ ဝင်တယ်။ ငွေခန်း ကိုတော့ ဖောက်လို့မရဘူး။ အဲဒါကြောင့် ဘဏ်ဝန်ထမ်း တွေရဲ့ စားပွဲတွေကနေ ငွေကျပ် ၁ရဝဝဝကျော် ကို ခိုးယူသွားတယ်''ဟု ဆိုသည်။

အဆိုပါတရားခံကို နံနက် ၃နာရီတွင် ဖမ်းဆီးရမိခဲ့ပြီး
အောင်ပန်းမြို့နယ်ရဲစခန်း မှ အရေး ယူထားကြောင်း သိရသည်။ ဒေါ်ခင်သက်ဦးက
''ကောင်လေးက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ပြီးတော့ အင်ဂျင်နီယာ
ကျောင်းသားတစ်ယောက်လဲ ဖြစ်တယ်။ သူ့အဖေက ပညာရေး (၃)က အရာ
ရှိတစ်ယောက်လို့ပြောတယ်။ မနက် ၈နာရီ မှာ အဲဒီကောင်လေးကို ခေါ်လာပြီး ရဲအရာ
ရှိတွေက ဘဏ်မှာ သရုပ်ပြ ခိုင်း တယ်''ဟု ဆက်လက် ပြောသည်။ရိုးမဘဏ်သည် ယခင်က
ငွေလွှဲလုပ်ငန်း ကိုသာ အဓိက လုပ်ကိုင်သော်လည်း လက်ရှိ တွင် ဘဏ် လုပ်ငန်း
ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်လျ က်ရှိသည့် ပုဂ္ဂလိလိကဘဏ်တစ်ခု ဖြစ်သည်ဟု
ရန်ကုန်မီဒီယာဂရုမှ သတင်းဖော်ပြထားပါသည် ။
ထိုသို့ဖမ်းဆီးခံရသော ကျောင်းသားအတွက် သက်ဆိုင်ရာကျောင်းများနှင့် ထိုဒေသရှိ အခြားသော ကျောင်းများမှာ ဗ.က.သ ကျောင်းသားသမဂ္ဂ များမှ အမှူမှ လွတ်မြောက်ရေး ကြိုးပမ်းမည်ဟု ကြားသိရပါသည် ။
ထိုသို့ဖမ်းဆီးခံရသော ကျောင်းသားအတွက် သက်ဆိုင်ရာကျောင်းများနှင့် ထိုဒေသရှိ အခြားသော ကျောင်းများမှာ ဗ.က.သ ကျောင်းသားသမဂ္ဂ များမှ အမှူမှ လွတ်မြောက်ရေး ကြိုးပမ်းမည်ဟု ကြားသိရပါသည် ။

12 comments:
ဥပဒေသည် ပြည်သူအားလုံး
အတွက်တန်းတူဖြစ်ရမည်
ကျောင်းသား မို့ ဘယ်သူမို့ ခွဲခြားမရပါ
GTC တက်နေတဲ့ကျောင်းသားဆိုတော့
သာမာန်ပြည်သူတွေထက် ဥပဒေကိုပို
သိသင့်တာပေါ့
ဖြစ်စဉ်အရတော့ ခိုးမှုတောင်ရိုးရိုးခိုးမှု
မဟုတ်ဘူးဖောက်ထွင်းခိုးယူမှု
ဗကသ ကလွတ်အောင်ဘယ်လိုများ
ကူညီမှာလည်း ဥဗဒေကို ဗကသက
ဘယ်လိုမြင်လိုလည်း။
ကိုယ်ချင်းစာစိတ် မရှိလိုပြောတယတော့
မဟုတ်ပါဘူ။မိဘခြင်း သားသမီးခြင်း
ကိုယ်ချင်းစာပါတယ်
ကျောင်းအဆောင်တွေမှာနေပြီး
ကျောင်းသားအလုပ်မလုပ်ပါပဲ
လောင်းကစား မူးယစ် မိန်းမ
ဇတ်လမ်းတွေရှုပ်နေကြတာတွေလည်း
အများကြီးရှိပါတယ်နော်
သနား လို့ တတ်နိုင်သလောက်ကူညီမယ်
ဆိုတာတော့လူပီသတဲ့စိတ်ဓါတ်မို့လေးစား
ပါတယ် လွတ်အောင်လုပ်ပေးမယ်ဆိုတဲ့ အသုံးအနုန်း
တောတွေးစရာအမျိုးမျိုးကြီးဘဲ။
ဗကသ. = ဗူးကျ ပြီး ကျောင်းထုတ်ခံရသော သူခိုးမျာ
ပြစ်မှု ကျူးလွန်ရင် ဘုရားသား စစ်သား ကျောင်းသား ဆိုပြီး လုပ်ချင်ရာလုပ် လွတ်စေ လို့ခွင့်ပြုမထားဘူး ဗကသ ဆိုပြီးလည်း ချမ်းသာပေးလို့မရဘူး လွတ်လပ်စွာ တရားစီရင်ရေးကို မနှောက်ယှက်နဲ့ ဒါဘဲ မင်းတို့ ဖိအာပေးရင် ကျန်တဲ့သူတွေပါလျော့ပေးရတော့မယ် သဘောပေါက်
ဒီကိစ္စကို လက်မခံနှိုင်ဘူးကွ ဒို့ နိုင်ငံမှာ ဥပဒေ ကိုဖျက်ဆီး
နေတဲ့လူတွေတော်တော်များလာတယ် ဒီနေရာမှာ အစိုး
ရဝန်ထမ်းတွေအများဆုံပဲ အခုကျောင်းသညးတွေပါဒီလို
လုပ်မယ်ဆိုယင်တော့ ပြုပြင်ပြောင်းလေးရေးဟာ
ဥပဒေရဲ့ အပြင်ဖက်မှာလားလို့  မေးစရာဖြစ်လာမယ်
17000 cool yoma
ဗ က သ ဆို တာ ဘာမို့တုန်း မင်းတို့ အိမ်ကပစ္စည်းတွေ ခိုးသွားရင်ရော အမှုလွတ်အောင်လုပ်ပေးမှာလား စောက်ရေးမပါတဲ့အလုပ်တွေလုပ်ပြီး နာမည်ကြီး ချင်နေတယ် စောက်ပေါတွေ
အပေါ်ကဘူတွေပြောတာမှန်တယ်
ခလေးပဲရှိသေးတာပဲကွာမလိမ္မာတစ်ခါမိုက်မြဲပေါ့ခွင့်လွှတ်လိုက်ကြသင့်ပါတယ်
ဗကသ တွေကဒီလိုလူမျိုးတွေပဲလေ သူတို့ မျက်နှာရမလားလို့ ဝင်ဖောကြည့်တာနေမှာ အဆင်မပြေနိုင်ဘူးဆိုရင်တော့ ပြောစရာတောင်မလိုဘူး အလိုလိုနေရင်း ရှောင်မှာ ပူမနေနဲ့ ....ကိစ္စတိုင်းမှာ သူတို့ ကဒါမျိုးလုပ်နေကြ...ရိုးနေပြီ..နှမ်းဖြူးဗကသ
Bar tway lal.
ဥပဒေ ဆိုတဲ့ လမ်းဟာ ထာဝရ တစ်လမ်းသွားပဲ ရှိသင့်ပါတယ်.......။
ဥပဒေ အတိုင်းသာလုပ် သောက်ကြင့်တွေပါမယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်