From : Popular Myanmar News Journal
လယ်ယာကဏ္ဍအတွက် ထုတ်ချေးသော စိုက်ပျိုးစရိတ်အား အိပ်မပျော် နိုင်အောင် စဉ်းစားရကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တောင်သူများ အား ပြောကြား လိုက်သည်။ ”အခုအမတော်ကြေး တစ်သိန်း ပေးဖို့အတွက် ခင်ဗျားတို့ ဝမ်းသာမှာ ပါ။ ကျွန်တော်တို့မှာတော့ တစ်သိန်း ပေးနိုင်ဖို့အတွက်ကို စဉ်းစားရတာ ညအိပ်မပျော် ဘူး။ ခင်ဗျားတို့က တစ်ဧကကို တစ်သိန်းနဲ့ တွက်ရတာ ဗျာ။ ကျွန်တော်တို့မှာက ၁၇ သန်းနဲ့ မြှောက်ရတာ။ ၁၇ သန်းနဲ့ မြှောက်ရ တော့ နိုင်ငံဘတ်ဂျက်က ဘယ် လောက် သုံးရမယ်။ ကျောင်းတွေ ဆောက်ဖို့က ဘယ်လောက်လိုတယ်။ ဆေးရုံတွေ ဆောက်ရဖို့အတွက် ဘယ်လောက်လိုတယ်။ လမ်းတွေ လုပ်ဖို့က ဘယ်လောက်လိုတယ်။ ကျန်တဲ့ ကျန်းမာရေး၊ပညာရေးက ဘယ်လောက်လိုလဲ၊ ဘယ်လိုခွဲဝေရ မှာလဲ။ ကျွန်တော်တို့က တစ်သိန်း လောက်နဲ့ စဉ်းစားပြီး အိပ်မပျော်ဖြစ် နေရတာ။ ခင်ဗျားတို့က တစ်သိန်း လောက်နဲ့ ဝမ်းသာချင် ဝမ်းသာနေ ကြမှာ။ ဒါပေမဲ့ စိုက်ဖို့အတွက် တစ် သိန်းနဲ့လည်း မလောက်ဘူး”ဟုသမ္မတက ဆိုသည်။ နိုင်ငံတော်သမ္မတသည် ဖေဖော် ဝါရီလ ၂ ရက်နေ့က တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ညောင်ပင်သာကျေးရွာ (ရန်ကုန်-မန္တလေး အမြန်လမ်း ၁ဝ၇ မိုင်)တွင် တောင်သူများနှင့်တွေ့ဆုံစဉ် အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ သမ္မတ၏ပြောကြားချက် အရ အာရှနိုင်ငံအချို့တွင် ပြည်ပသို့ တင်ပို့သည့်ဆန်စပါးတန်ချိန်
တစ်နှစ် လျှင် ၉ သန်းခန့်ရှိသော်လည်း မိမိ တို့နိုင်ငံသည် ယခုနှစ်တွင်
တစ်သန်း သာတင်ပို့နိုင်ခဲ့ပြီး ပြည်တွင်းစားသုံး မှုမှာ
အနိုင်နိုင်ဖြစ်နေကြောင်း သိရ သည်။”စနစ်တကျနဲ့ စိုက်ပျိုးနိုင်မှ
တိုင်းပြည်ရဲ့လယ်ယာ ကဏ္ဍတိုးတက် မှာဖြစ်ပါတယ်။ ခင်ဗျားတို့ စိုက်နေတဲ့ တစ်ဧက
နှစ်ဧကကို ဘယ်လိုအထွက် တိုးအောင် စိုက်မလဲ။ ဒါကို စဉ်းစား နေရမယ်။
အရှေ့တောင်အာရှမှာ ၁ဝ နိုင် ငံရှိတယ်။ ကျွန်တော်တို့ထက် ကြီးတဲ့နိုင်ငံက
အင်ဒိုနီးရှား၊ ကျန် တာက အကုန်သေးတယ်။ နိုင်ငံကြီး က ကြီးတယ်။
စိုက်ပျိုးမယ့် မြေတွေ များတယ်။ ရာသီဥတုက လည်း နွေ၊ မိုး၊ဆောင်း
အကုန်သင့်တော်တယ်။ ချောင်းတွေ၊ မြောင်းတွေက လည်းပေါတယ်။ အဲဒါတောင် ကျွန်
တော်တို့မှာ စားဖို့တောင် အနိုင်နိုင် ဖြစ်နေတယ်။ သူ များနိုင်ငံက ၈ သန်း၊ ၉
သန်းကို ထုတ်ရောင်းနေတဲ့ အချိန်မှာ ကျွန်တော်တို့က စားဖို့ တောင်
အနိုင်နိုင်ဖြစ်နေတယ်။ ပူပင် နေရတယ်။ဒါတောင်မှ ဒီနှစ်မှာ ၃ သန်းရောင်းနို
င်အောင် ကြိုးစားမယ် လို့မှန်းထားခဲ့တာ” ဟု သမ္မတကြီး က ပြောသည်။ ထို့ပြင်
မိမိကိုယ်တိုင် လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းကို လုပ်ကိုင်နေသောကြောင့်
အမတော် ကြေး(စိုက်ပျိုးစရိတ်ချေးငွေ) အတွက် တောင်သူများအတွက်နားလည်ပြီး တောင်သူများသည် လယ်ယာကဏ္ဍ ၏ အထူးပြုပုဂ္ဂိုလ်ဖြစ်နေကြောင်း၊ ထို့ကြောင့် ဥပဒေအရ တရားဝင်လယ် ပေါင်ခွင့် ရရှိအောင် ပြုလုပ်ထားပြီ ဖြစ်ကြောင်း သမ္မတက ထပ်လောင်း ပြောသည်။”စက်မှုနိုင်ငံကိုကျွန်တော်တို့က
သွားချင်တယ်။ လက်ရှိ ကျွန်တော်တို့ တိုင်းပြည်ကို အကျိုးပြုနေတာက
လယ်ယာကဏ္ဍပဲ။ လယ်ယာကဏ္ဍကို အထူးပြုနေတာက ခင်ဗျားတို့ တောင်သူလယ်သမားတွေ လိုအပ်
နေတာ ဘာလဲဆိုတော့ အရင်းအနှီး ပါ။တစ်ဧကကို လေးသောင်း၊ လေး သောင်းကနေ
ငါးသောင်း၊ ရှစ် သောင်း၊ ဒီနှစ်ဆို တစ်သိန်းအထိတိုး ပေးလိုက်ပါတယ်။
တစ်သိန်းနဲ့ရော လောက်မလား ဆိုတော့ မလောက်နိုင် ဘူး။ သမ္မတဆိုပေမယ့်လည်း
ကိုယ် တိုင် လယ်စိုက်နေတာပဲ။ ကျွန်တော် တို့လည်းသိတာပေါ့” ဟု ဆိုသည်။
လာမည့်စိုက်ပျိုးမည့်ရာသီတွ င်
တစ် ဧကလျှင် တစ်သိန်းနှုန်းဖြင့် ချေးပေး နိုင်သော်လည်း တစ်ဧက၏
စိုက်ပျိုးမှု ကုန်ကျစရိတ်သည် လောက်ငမှုမရှိ သော်လည်း လယ်ယာပေါင်နှံ သုံးစွဲ
ခြင်းဖြင့်လုပ်ကိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် လယ်မြေတန်ဖိုး တက်
လာရန် ပြင်ဆင်ရမည်ဖြစ်ကြောင်း တောင်သူများကို တိုက်တွန်းသည်။
”လယ်/ဆည်ဝန်ကြီးဌာနကနေ ပြီး စိုက်ခိုင်းတဲ့ ပုလဲသွယ်ဆိုရင် တစ် ဧကကို
သုံးသိန်းခွဲလောက် ကုန်မယ်။ ရိုးရိုး ဒေသစပါးစိုက်မယ်ဆိုလည်း တစ်သိန်းခွဲ၊
နှစ်သိန်းလောက် ကုန် မယ်။ ဒါကြောင့် ကျန်တဲ့ငွေကို ဒီလိုပဲ ချေးငှားပြီး
စိုက်နေကြရတာပဲ။ ထွက်လာတာနဲ့ အကြွေးတွေဆပ် မယ်။ ကျန်တယ် ပြုတယ် မရှိဘူး။
ခင်ဗျားတို့အတွက် ဒီကနေ့ အခွင့်အ ရေးတွေရှိတယ်။ လယ်ေ တွကို ဥပ ဒေအရ
ပေါင်လို့ရတယ်။ ချေးငှားလို့ ရတယ်။ လယ်ပုံသဏ္ဌာန်တွေ အမျိုး မျိုးဖြစ်နေတယ်။
အဝိုင်းမကျတကျ တွေ၊ တြိဂံပုံတွေ ဖြစ်နေတယ်။ ပြန်ပြင်ရမယ်။ တစ်သိန်းနဲ့
စိုက်ဖို့ မလောက်တဲ့အတွက် တန်ဖိုးတက် အောင် ပြင်ရမယ်။ အစိုးရကလည်း
ကူညီပေးမယ်။ စိတ်ကူးမလွဲပါနဲ့။ ပုဂ္ဂလိကကို အပ်ပေးမယ်။ တိုင်း ဒေသကြီးမှာ
ကုမ္ပဏီတွေထောင်ပြီး လုပ်ပေးပါလိမ့်မယ်”ဟု သမ္မတကြီး ကဆိုသည်။ထို့ပြင်
စိုက်ပျိုးစရိတ်နှင့် လယ် ယာအတွက် လိုအပ်သည့်ကိစ္စများကို အစိုးရအနေဖြင့်
တတ်နိုင် သလောက် ကူညီသွားမည်ဖြစ်ပြီး ပုဂ္ဂလိကလုပ် ငန်းရှင်များကိုလည်း
ဝင်ရောက်လုပ် ကိုင်ပေးရန် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
. www.MyanmarExpress.net
လယ်ယာကဏ္ဍအတွက် ထုတ်ချေးသော စိုက်ပျိုးစရိတ်အား အိပ်မပျော် နိုင်အောင် စဉ်းစားရကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တောင်သူများ အား ပြောကြား လိုက်သည်။ ”အခုအမတော်ကြေး တစ်သိန်း ပေးဖို့အတွက် ခင်ဗျားတို့ ဝမ်းသာမှာ ပါ။ ကျွန်တော်တို့မှာတော့ တစ်သိန်း ပေးနိုင်ဖို့အတွက်ကို စဉ်းစားရတာ ညအိပ်မပျော် ဘူး။ ခင်ဗျားတို့က တစ်ဧကကို တစ်သိန်းနဲ့ တွက်ရတာ ဗျာ။ ကျွန်တော်တို့မှာက ၁၇ သန်းနဲ့ မြှောက်ရတာ။ ၁၇ သန်းနဲ့ မြှောက်ရ တော့ နိုင်ငံဘတ်ဂျက်က ဘယ် လောက် သုံးရမယ်။ ကျောင်းတွေ ဆောက်ဖို့က ဘယ်လောက်လိုတယ်။ ဆေးရုံတွေ ဆောက်ရဖို့အတွက် ဘယ်လောက်လိုတယ်။ လမ်းတွေ လုပ်ဖို့က ဘယ်လောက်လိုတယ်။ ကျန်တဲ့ ကျန်းမာရေး၊ပညာရေးက ဘယ်လောက်လိုလဲ၊ ဘယ်လိုခွဲဝေရ မှာလဲ။ ကျွန်တော်တို့က တစ်သိန်း လောက်နဲ့ စဉ်းစားပြီး အိပ်မပျော်ဖြစ် နေရတာ။ ခင်ဗျားတို့က တစ်သိန်း လောက်နဲ့ ဝမ်းသာချင် ဝမ်းသာနေ ကြမှာ။ ဒါပေမဲ့ စိုက်ဖို့အတွက် တစ် သိန်းနဲ့လည်း မလောက်ဘူး”ဟုသမ္မတက ဆိုသည်။ နိုင်ငံတော်သမ္မတသည် ဖေဖော် ဝါရီလ ၂ ရက်နေ့က တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ညောင်ပင်သာကျေးရွာ (ရန်ကုန်-မန္တလေး အမြန်လမ်း ၁ဝ၇ မိုင်)တွင် တောင်သူများနှင့်တွေ့ဆုံစဉ်
. www.MyanmarExpress.net

.jpg)
1 comments:
Oh! my poor,the richer the farmers,the more prosperous our country.So give cronies' money to them.Don't take back!
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်