From :popular
ကချင်ပြည်နယ်အတွင်းသို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များအား ဝင်ရောက်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ သိရသည်။
နှစ်ဖက်တပ်များ၏တာဝန်ယူ ပေးမှုနှင့်အတူဝင်ရောက်ခွင့်ကို နိုင်ငံ တော်သမ္မတမှ ခွင့်ပြုပေးခြင်းဖြစ်ပြီး အဆိုပါကိစ္စကို မြစ်ကြီးနားရှိ ကယ် ဆယ်ရေးစခန်းများ သို့ ရောက်ရှိစဉ် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။သမ္မတရုံးဝန်ကြီးဌာန(၃)မှ တာ ဝန်ရှိသူက ”ခွင့်ပြုမိန့် ကို စာနဲ့မထုတ် ပြန်သေးပေမယ့် မှန်ပါတယ်” ဟု အတည်ပြုသည်။သမ္မတရုံးဝန်ကြီး ဦးအောင်မင်း က အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် ဇန်နဝါရီ ၂၇ ရက်နေ့က ငြိမ်း ချမ်းရေးစင်တာ၌ တွေ့ဆုံစဉ် ငွေထုပ် ပိုက်ကာ စောင့်နေကြသော နိုင်ငံ တကာ အင်န်ဂျီအို အဖွဲ့အစည်းများ များစွာရှိနေကြောင်း ပြောကြားဖူး သည်။”ဘယ်နေရာက လုပ်ပေးရမလဲ ဆိုတဲ့သူတွေ တော်တော်များနေပါ တယ်။ ငြိမ်းချမ်းရေး ရပြီဆိုတာနဲ့ စပြီးလှုပ်ရှားကြဖို့ မနည်းတောင်တား နေရတယ်။ အဲဒီလောက်အထိ လုပ် ပေးချင်ေ နကြတယ်”ဟု ၄င်းကပြော သည်။ကချင်ပြည်နယ်အတွင်း နှစ်ဖက် ပဋိပက္ခကြောင့် နေအိမ်စွန့်ခွာပြီး ကယ်ဆယ်ရေးစခန်းများသို့ ရောက် ရှိနေမှုမှာ လူဦးရေ ၈၈ဝဝဝ ကျော် ရှိနေသည်ဟု ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာအေဂျင်စီက ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် ထုတ်ပြန်ထားသည်။ မြစ်ကြီးနားရှိ ဒုက္ခသည်စခန်း ရောက်နေသူတစ်ဦးကို ဆက်သွယ် မေးမြန်းရာ ”အိမ်ကိုသာ ပြန်ချင်ပါ ကြောင်း” ပြောသည်။လက်ရှိတွင် အရပ်ဘက်လူမှု အဖွဲ့အစည်းတို့က ကူညီမှုပြုပေးနေ သော် လည်း လိုအပ်ချက်များ ရှိနေ သေးကြောင်းနှင့် နိုင်ငံတကာအဖွဲ့ အစည်းတို့ကို ပါဝင်စေလိုကြောင်း အဖြူရောင်တွဲလက်များအဖွဲ့က သုံး သပ်သည်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲ ဖြစ်ပွားနေမှုကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများကို လုံခြုံရေးအရ အစိုးရက ဝင်ရောက်ခွင့်မပြုခဲ့ပေ။သမ္မတရုံးဝန်ကြီးဌာန ဦးအောင် မင်းက မငြိမ်းချမ်းမှုကြောင့် ထွက် ပြေးတိမ်းရှောင်သူ ၁ သိန်း၊ စစ် ကြောင့် နေအိမ်စွန့်ခွာသူ ၄ ဒသမ ၆ သိန်း၊ ဒုက္ခသည် စခန်း ရောက်နေ သူ ၃ ဒသမ ၅ သိန်းနှင့် မငြိမ်းချမ်းမှု ကြောင့် ရွှေ့ပြောင်းေ နထိုင်ကြသူ သိန်း ၂ဝ ရှိသည်ဟု ပြောသည်။
www.MyanmarExpress.net

.jpg)
2 comments:
KIA သူ ပုန် ဂန် ရှောင် ဂွန် မော် လာ နန် အဲဒီငါ့  သား လေး တွေ ကြော်င့် က ချင်ုပြည် နယ် စစ် ဖြစ် ရ တာ အဲဒီကောင် တွေ သေ မှ ငါ က တော့ က ချင် နယ် ကို ထောက် ပံ့ မယ် ဒါ ဘဲ
ကူညီတယ်ဆိုတာ ကောင်းတဲ့အလုပ်ပါ ဒုက္ခသည် မှီစား နေတဲ့ ဆင်ဖြူတော်မှီ ကြံစုတ်နေတဲ့ကေအိုင်အေ ရှိနေပေ မဲ့ ဘယ်သူစားစား ခွင့်လွှတ်စိတ်ကြင်နာစိတ်ရှိတဲ့သမ္မတ ကြီးရဲ့စိတ်ဓါတ်လေးစားပါတယ် ။ ငြိမ်းချမ်းရေးလည်းရတော့မယ် ဆွေးနွေလည်းနေကြပြီ စစ်ဘေးဒုက္ခသည်တွေလည်းပြေလည်ပြီ ဒါပေမဲ့ ရန်ကုန် မုံရွာက ငြိမ်းချမ်းရေး လိုင်ဇာခရီသမားတွေ လှည့်ပြန်ကြတော့ မင်းတို့မလိုတော့ဘူး မင်းတို့ခရီးအသိအမှတ်ပြူပါတယ် သနားလို့ပါ ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်