Subscribe to our RSS Feed

၂၀၁၅-၁၆ ခုနှစ်တွင် မိုဘိုင်းတယ်လီဖုန်း အသုံးပြုသူပေါင်း ၁၅ ဒသမ ၅ သန်း ရှိလာမည်

From :ခေတ်လူငယ်

၂၀၁၅-၁၆ ခုနှစ်တွင် မိုဘိုင်းတယ်လီဖုန်း အသုံးပြုသူပေါင်း ၁၅ ဒသမ ၅ သန်း ရှိလာမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။ လက်ရှိ ၂၀၁၂-၁၃ ခုနှစ်တွင် မိုဘိုင်းတယ်လီဖုန်း အသုံးပြုသူပေါင်း ၆ သန်းရှိပြီး ၂၀၁၃-၁၄ တွင် ၁၀ သန်း၊ ၂၀၁၄-၁၅ တွင် ၁၄ သန်း ၂၀၁၅-၁၆တွင် ၁၅ ဒသမ ၅ သန်းရှိလာမည် ဖြစ်ကြောင်း၊ ၎င်းမှာ မိုဘိုင်းဖုန်း သိပ်သည်းဆ ၈၀ ရာခိုင်နှုန်း ဝန်းကျင်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် (GSMA) ၏ အစီရင်ခံစာ အရ မိုဘိုင်းတယ်လီဖုန်း သိပ်သည်းဆ ၁၀ ရာခိုင်နှုန်း တိုးတက်သည့် အခါတိုင်း ကုန်ထုတ်စွမ်းအား ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်သည်ကို တွေ့ရကြောင်း၊ ဆက်သွယ်ရေးကဏ္ဍ၌ ကျေးလက်နေ ပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းများ တိုးချဲ့တပ်ဆင် ပေးနိုင်သည်နှင့်အမျှ နိုင်ငံတော်ကဏ္ဍ အသီးသီး၏ တိုးတက်ဖွံ့ဖြိုးရေး လည်း အထောက်အကူ ဖြစ်လာမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။ တယ်လီဖုန်း သိပ်သည်းဆနှင့် တိုးချဲ့တပ်ဆင်မည့် မိုဘိုင်းတယ်လီဖုန်း လိုင်းအင်အား ရရှိသည့်အတွက် မူဝါဒမှတ်ခြင်းနှင့် ကဏ္ဍတစ်ခုလုံး၏ တိုးတက်ရေးကို ဥပဒေနှင့်အညီ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးဌာနအနေဖြင့် သတ်မှတ် တယ်လီဖုန်း သိပ်သည်းဆနှင့် လိုင်းအင်အား ရရှိအောင် တိုက်ရိုက်ဆက်သွယ် အမိန့်ပေးမှုများကို ဆောင်ရွက်တော့မည် မဟုတ်ဘဲ Operate ion Body များအနေဖြင့် Regulatory Body ဖြင့် ကြီးကြပ်မှုဖြင့်သာ ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်