From : ခေတ်လူငယ်
လေကြောင်းခရီးဖြင့် သွားလာကြသော ပြည်သူများ အဆင်ပြေစေရေးအတွက် ပုဂ္ဂလိကလေကြောင်းလိုင်းများ က လေယာဉ်များ ဖြည့်တင်း ပြေးဆွဲပေးလျက်ရှိရာ ကမ္ဘောဇလေကြောင်းလိုင်းက ဝယ်ယူထားသော ATR 72-600 လေယာဉ်နှစ်စင်းအနက် ပထမတစ်စင်း ရောက်ရှိလာပြီ ဖြစ်သည်။ အဆိုပါလေယာဉ်ကို ပြင်သစ်နိုင်ငံ ATR ကုမ္ပဏီမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုလေယာဉ်မှာ အရှေ့တောင်အာရှဒေသမှ ပထမဆုံး ဝယ်ယူခဲ့သည့် လေယာဉ် အမျိုးအစား ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ ဒါရိုက်တာက ပြောကြားသည်။ ကမ္ဘောဇ လေကြောင်းလိုင်း တွင် ATR 72-500 အမျိုးအစား လေယာဉ်လေးစင်းဖြင့် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ကလေး၊ မြစ်ကြီးနား၊ သံတွဲနှင့် စစ်တွေမြို့များသို့ ပျံသန်း ပြေးဆွဲပေးလျက် ရှိပြီး အသစ်ဝယ်ယူထားသော လေယာဉ်နှစ်စင်း အပါအဝင် လေယာဉ်ခြောက်စင်းဖြင့် လက်ရှိ ပျံသန်း ပြေးဆွဲလျက်ရှိသည့် မြို့ကြီးများအပြင် နေပြည်တော်၊ ဗန်းမော်၊ ပူတာအို၊ ကျောက်ဖြူ၊ မုံရွာနှင့် ဟုမ္မလင်း မြို့များသို့ တိုးချဲ့ပျံသန်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
www.MyanmarExpress.net

.jpg)
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်